ဝက်များတွင် အဖြစ်များသော စိန်ကွက်နာရောဂါကို ကာကွယ်ကုသနည်း

03/10/2022 18:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဝက်မွေးမြူသူများအနေဖြင့် ကြီးထွားဆဲဝက်များတွင် ဘက်တီးရီးယားကြောင့်ဖြစ်သော စိန်ကွက်နာရောဂါ အကြောင်းကို သိရှိထားရန်လိုသဖြင့် ကာကွယ်ကုသနည်းကို ဖော်ပြပေးလိုက်ပါသည်။

ရောဂါဖြစ်ပွားသည့် အကြောင်းအရင်းမှာ

  • Erysipelothrix rhusiopathiae ဟုခေါ်သော ဘက်တီးရီးယား တစ်မျိုးကြောင့် ဖြစ်ပွားရပါသည်။

အဆိုပါရောဂါကို ကြီးထွားဆဲဝက်များတွင် အဓိကတွေ့ရ တတ်ပြီး သေဆုံးနိုင်သောရောဂါ ဖြစ်ပါသည်။ 

ရောဂါကူးစက်ပုံမှာ

  1. ရောဂါဖြစ်ပွားသော ဝက်များ၏ တံတွေး၊ နှာရည် ၊ မစင်နှင့် ကျင်ငယ်ရေများနှင့် ထိတွေ့ခြင်းဖြင့် ဝက်အချင်းချင်း ရောဂါကူးစက်နိုင်ပါသည်။
  2. ဘက်တီးရီးယားပိုးသည် ဝက်ခန္ဓာကိုယ်ပြင်ပတွင် ၂ပတ် ခန့် အသက်ရှင်နေနိုင်ကြပါသည်။

ရောဂါလက္ခဏာများမှာ 

  1. ဝက်အရေပြားသည် နီညိုရောင်ဖြစ်လာပြီး အရေပြားတွင် စိန်ပုံသဏ္ဍာန်အနာများ ဖြစ်ပေါ်လာပါမည်။
  2. ဦးခေါင်းနှင့် နားရွက်ဝန်းကျင်ရှိ အရေပြားတွင် ခရမ်းရောင် ပေါ်လာခြင်း၊
  3. ခန္ဓာကိုယ်အပူချိန်မြင့်တက်ပြီး အစာမစားခြင်း၊
  4. အရေပြားကိုထိပါက နာကျင်၍အော်ခြင်း စသည်တို့ကို တွေ့ရပါမည်။

အဆိုပါရောဂါသည် ရုတ်တရက် ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးနိုင်ပါသည်။ 

နာတာရှည်ရောဂါ ဖြစ်ပွားလာပါက

  1. အရိုးအဆစ်များ ရောင်ရမ်းခြင်း၊
  2. ထော့ကျိုးလမ်းလျှောက်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
  3. စိန်ကွက်နာရောဂါသည် သားပေါက်ဝက်မများတွင် အသေမွေးနှုန်းနှင့် ဝက်အခြောက်မွေးနှုန်း များပြားပါသည်။
  4. ဝက်သိုးများတွင် အပူချိန်ကြာရှည်စွာ မြင့်တက်နေခြင်း ကြောင့် မျိုးအောင်နှုန်းကျခြင်းများ ဖြစ်ပွားတတ်ပါသည်။

ကုသခြင်း နှင့် ကာကွယ်ခြင်း

- ဝက်စိန်ကွက်နာရောဂါကို ပဋိဇီဝဆေးထိုးခြင်း၊ တိုက် ကျွေးခြင်းဖြင့် ကုသနိုင်ပါသည်။

- ရောဂါဖြစ်ပွားမှု များပြားလာပါက ကာကွယ်ဆေးထိုးပေး ခြင်းဖြင့် ရောဂါထိန်းချုပ်နိုင်ပါသည်။

- ရောဂါဖြစ်ပွားသော ခြံနေရာနှင့် ပတ်လည်တွင် သန့်ရှင်း ရေး ပြုလုပ်ခြင်း၊ မွေးမြူရေးခြံသုံး ပိုးသတ်ဆေး ဖျန်းခြင်း များ ပြုလုပ်ပေးရပါမည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်