လက်ဖက် ကိုင်းဖြတ်ပြုပြင်ခြင်းနဲ့ ခူးဆွတ်ခြင်းသင်တန်း ဖွင့်မည်

21/05/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း မှ ပေးပို့ထားပါသည်။

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့မှာ လက်ဖက် ကိုင်းဖြတ်ပြုပြင်ခြင်းနဲ့ ခူးဆွတ်ခြင်းသင်တန်း ဖွင့်သွားမှာဖြစ်ကြောင်း ပလောင် လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

လက်ဖက်စိုက်ရာဒေသများရှိ လက်ဖက်ခင်းများ အထွက်နှုန်းတိုးတက်လာစေရန်အတွက် ရည်ရွယ်ကာ သင်တန်းဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ပလောင် လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဇော်ညွှန့် က ပြောပါတယ်။

“လက်ဖက်ခြံတစ်ခြံ  အထွက်နှုန်းတိုးအောင် ၊ အရည်အသွေးကောင်းအောင် ၊ ဘယ်လိုခူးဆွတ်ရမလဲ ဘယ်လိုကိုင်းဖြတ်ရမလဲ၊ အီးအမ်ဘိုကာရှိကို ဘယ်လိုထည့်ရမလဲဆိုတာတွေကို သင်တန်းပေးသွားဖို့ရှိတယ်” 

အဆိုပါသင်တန်းကို ပလောင် လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနဲ့ စိုက်ပျိုး ရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီး သင်တန်းပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ 

လက်ဖက် ကိုင်းဖြတ်ပြုပြင်ခြင်းနဲ့ ခူးဆွတ်ခြင်းသင်တန်းကို တက်ရောက်ချင်တဲ့ တောင်သူများအနေနဲ့ ဖုန်းနံပါတ်        ၀၉ - ၂၆၅၆၃၆၈၀၃ ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်