မှိုက အချိန်တိုတိုနဲ့ ငွေပေါ်မြန်တယ်၊ အရင်းအနှီးနည်းတယ်၊ အကျိုးအမြတ်လည်းများတယ်၊ အဲ့ဒါကြောင့် စီးပွားဖြစ်စိုက်ပျိုးဖြစ်ခဲ့တာပါ။ မှိုစိုက်တောင်သူအားလုံးကို ပြောချင်တာကတော့ “ရာသီ မနိုင်ရင်၊ မှိုကို မကိုင်ပါနဲ့”။ ဘယ်လောက် အတွေ့အကြုံရှိရှိ၊ ဘယ်လောက် နည်းပညာ နားလည်လည်၊ ရာသီဥတုဖောက်ပြန်ရင် အဆင်မပြေ ဖြစ်တတ်တယ်။ မှိုစိုက်ပျိုးရာမှာ အပူချိန်တက်လာရင် အပူချိန်ကျအောင် လိုအပ်သလိုထိန်းပေးနိုင်ရမယ်။ စိုထိုင်းဆလိုတယ်ဆိုရင် စိုထိုင်းဆ မြင့်ပေးနိုင်ရပါမယ်။
ဟု ‘‘Special One’’ ကောက်ရိုးမှို၊ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရေးနှင့် မှိုထုတ်ကုန်လုပ်ငန်းမှ စီမံအုပ်ချုပ်သူ ကိုခင်ဇော်က ပြောသည်။
လိုအပ်သောအပူချိန်နှင့် စိုထိုင်းဆများကို ထိိန်းသိမ်းပေးနိုင်ပါက ကောက်ရိုးမှိုသည် (၁၂) လရာသီပတ်လုံး စိုက်ပျိုးနိုင်သည့် စိုက်ပျိုးရေးတစ်ခုဖြစ်ပြီး၊ မှိုမျိုး မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးရာတွင်အသုံးပြုသော ကုန်ကြမ်းအမျိုးအစား စသည့်အချက်များသည်လည်း အရေးပါကြောင်း သိရသည်။
ကောက်ရိုးမှိုက အပူချိန်ကိုတော့ (၃၅) ဒီဂရီအထက်ကျော်ရင် မကြိုက်ဘူး၊ (၁၈) ဒီဂရီအောက်ကိုရောက်ရင် မကြိုက်ဘူး။ အဲ့ဒီ အပူချိန်ပမာဏတွေ အတွင်းရှိအောင် ထိန်းပေးထားနိုင်တယ်ဆို အဆင်ပြေပါတယ်။ စိုထိုင်းဆကတော့ (၆၀) နဲ့ (၇၀) ဝန်းကျင် ရှိရင်ရပါတယ်။
ဟု ကိုခင်ဇော်က ဆက်လက်ပြောသည်။
ကောက်ရိုးမှိုရုံတစ်ရုံလျှင် ပျမ်းမျှအားဖြင့် ကောက်ရိုးမှိုအထွက်နှုန်း ပိဿာ (၂၀) မှ ပိဿာ (၄၀) အတွင်းထွက်ရှိကြောင်း သိရသည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more