အကျိုးတူကန်ထရိုက်လယ်ယာ (Contract Farming)စနစ်ကို ထပ်မံဆွေးနွေးသွားမှာဖြစ် တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
သီးနှံအလိုက် စာချုပ်စာတမ်းတွေကို ခိုင်မာမှုရှိစေရန် သက်ဆိုင်ရာဌာန များအလိုက် ထပ်မံ ဆွေးနွေး ညှိနှိုင်းသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့ မှူး ဦးမြင့်လွင်က ပြောပါတယ်။
(၃၁)ရက်နေ့က SOP ထုတ်ပြန်လိုက်တဲ့ လုပ်ထုံးလုပ်နည်းမှ ာစာချုပ်စာတမ်းက သီးနှံ တစ်ခုချင်း စီကမတူဘူး။ အကျိုးတူကန်ထရိုက်လယ်ယာ (Contract Farming) စနစ်ကို ထပ်မံရေးဆွဲညှိနှိုင်းဖို့အတွက် သက်ဆိုင် ရာဌာနများနဲ့ ရေးဆွဲဖို့နောက်တစ်ဆင့်ထပ်သွားရမယ်။စိုက်ပျိုးရေးဦးစီးဌာနကနေ ဦးဆောင်ပြီး သီးနှံဌာနတွေ ၊ အသင်းအဖွဲ့တွေ ခေါ်ပြီးဆွေးနွေးညှိနှိုင်းသွားမှာပါ
အကျိုးတူကန်ထရိုက်လယ်ယာစနစ်(Contract Farming)စနစ်ရဲ့ SOP လုပ်ထုံးလုပ်နည်းများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း အဆိုပါအသင်းချုပ်မှ သိရပါတယ်။
အဆိုပါလယ်ယာစနစ်ကို Rice Seed Sector Development Project အစီအစဉ်အရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ Welthungerhilfe WHH တို့မှ ပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်း သိရပါ တယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator