လူသုံးအများဆုံး လူမှုမီဒီယာများ

22/04/2023 19:00 PM တွင် Okkar Okkar မှ ရေးသား

မင်္ဂလာပါ

ယခင်အပတ်က လူမှုမီဒီယာအကြောင်းကို ဖတ်ပြီးကြမယ်လို့ယုံကြည်ပါသည်။ ဒီနေ့မှာတော့ ကမ္ဘာပေါ်ရှိ လူသုံးအများဆုံး လူမှုမီဒီယာတွေအကြောင်းကို ဗဟုသုတအနေဖြင့် မျှဝေပေးချင်ပါသည်။ ပုံစံမျိုးစုံသော လူမှုမီဒီယာတွေကို ကမ္ဘာ့ဒေသအသီးသီးရှိ လူမျိုးပေါင်းစုံမှ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အသုံးပြုနေကြပါသည်။ အဲ့ဒီအမျိုးမျိုးသောလူမှုမီဒီယာ တွေထဲမှာမှ ၂၀၂၃ ခုနှစ် မတ်လအထိကို လူအသုံးပြုမှုအများဆုံး လူမှုမီဒီယာများကတော့

1. Facebook

  • ပိုင်ဆိုင်သည်ကုမ္မဏီ - Meta
  • အခြေပြုသောနိုင်ငံ - United States of America
  • စတင်သည့်ခုနှစ် - 2004

Facebook ကိုနေ့စဉ် လူဦးရေ သန်း၁၉၀၀ နီးပါးမှ ဝင်ရောက်အသုံးပြုနေကြပြီး တစ်လပျှမ်းမျှ လူဦးရေ သန်း ၂၉၆၀ နီးပါမှ အသုံးပြုနေကြသော ကမ္ဘာအကြီးမားဆုံး လူမှုကွန်ယက်ဝက်ဘ်ဆိုက်ဖြစ်သည်။ ကမ္ဘာလူဦးရေ၏ ၃၇ ရာခိုင်နှုန်းခန့်သည် Facebook အသုံးပြုနေကြသူများ ဖြစ်သည်။

Facebook သည် သုံးစွဲသူများ အသုံးပြုရလွယ်စေရန် လွယ်ကူရိုးရှင်းသော ဒီဇိုင်းများဖြင့်ဖန်တီးထားပြီး အသက် ၁၃ နှစ်ပြည့်ပြီးသော E-mail ရှိသူတိုင်းအသုံးပြုနိုင်သည်။ Facebook ပေါ်တွင် သူငယ်ချင်းများ မိသားစုများ အသိုင်းအဝန်များဖြင့် ဆက်သွယ်ခြင်း / စီးပွားရေးစာမျက်နှာများဖန်တီး၍ သုံးစွဲသူ၏စီးပွားရေးလုပ်ငန်းများကိုကြော်ငြာခြင်း၊ စီးပွားရေးအသိုင်းအဝန်းများချဲ့ထွင်ခြင်း / မိမိကိုယ်တိုင်ဖန်တီးထားသော ဓာတ်ပုံများ ဗီဒီယိုများ အကြေင်းအရာများ သိမ်းဆည်းခြင်း၊ မျှဝေခြင်း စသည့်တိုကို လွယ်ကူစွာပြုလုပ်နိုင်သည်။ 

စီးပွားရေးလုပ်ငန်းပေါင်း သန်း ၂၀၀ ကျော်(အများဆုံးမှာ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ) သည် Facebook ကို အသုံးပြု၍ ဈေးကွက်ရှာဖွေခြင်း၊ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းအလိုက် အသိုင်းအဝန်းချဲ့ထွင်ခြင်းများ ပြုလုပ်နေကြသည်။ 

မည်သို့ပင် စီးပွားရေးလုပ်ငန်းများများပြားစေကာမှု Facebook သည် သူငယ်ချင်းအပေါင်းအသင်းများ၊ မိသားစုများ၊ အသိုင်းအဝန်းများနှင့် ဆက်သွယ်ရန်၊ ချိတ်ဆက်ရန်၊ မျှဝေရန်ကို အဓိကဖန်တီးပေးနေဆဲနေသော နေရာတစ်ခုဖြစ်ပါသည်။

ယခုဆောင်းပါးကို ဖတ်ရှုနေကြသူများရော Facebook ကိုဘယ်လိုအသုံးပြုနေကြသလဲဆိုတာ အောက်မှာမှတ်ချက်များ ရေးပေးသွားကြပါဦး။

 

 

 2 . YouTube

  • ပိုင်ဆိုင်သည့်ကုမ္မဏီ - Alphabet
  • အခြေပြုသောနိုင်ငံ - United States of America
  • စတင်သည့်ခုနှစ် - 2005

ဗီဒီယိုမျှဝေသောဝက်ဘ်ဆိုက်ဖြစ်သည့်  YouTube တွင် လစဉ်အသုံးပြုသူပေါင်း ပျှမ်းမျှ သန်း ၂၂၀၀ ဝန်းကျင် ရှိသည်။ ကမ္ဘာတစ်ဝန်းရှိ YouTube အသုံးပြုသူများသည် နာရီ သန်းပေါင်း ၁၀၀၀ ကျော်သော ဗီဒီယိုများကို နေ့စဉ် ကြည့်ရှုနေကြသည်။ 

ကမ္ဘာပေါ်တွင် ဒုတိယအကြီးများဆုံးလူမှုမီဒီယာဖြစ်သော YouTube တွင် ဗီဒီယိုအမျိုးအစားများစွာ ရှိသည်။

YouTube တွင်မရှိသောဗီဒီယိုအမျိုးအစား မရှိဟုခေါ်ဆိုရလောက်အောင် လူမှုရေး၊ စီးပွားရေး၊ အပန်းဖြေစရာ၊ ဗဟုသုတပေါင်းများစွာ၊ အကြောင်းအရာများစွာကို ရှာဖွေကြည့်ရှုနိုင်သည်။ သို့သော် ၁၈+ များနှင့်၊ အစအဆုံးရုပ်ရှင်များတော့ YouTube တွင်မရှိပေ။ 

နေ့စဉ် YouTube သုံးစွဲသူများစွာသည် မိမိတို့ကျွမ်းကျင်ရာ ပညာရပ်များ၊ သိရှိထားသောဗဟုသုတများ၊ မျှဝေလိုသောအကြောင်းအရာများကို ဖန်တီး၍ YouTube တွင် မျှဝေနေကြသည်။ စိတ်အပန်းပြေဗီဒီယိုများသာမက ပညာရပ်တခုကို အစအဆုံး သင်ကြားနိုင်သည်အထိ ဗီဒီယိုများရှိသော YouTube သည် ယနေ့အချိန်ထိ ဗီဒီယိုမျှဝေသောဝက်ဘ်ဆိုက်များတွင် အကောင်းဆုံး ဝက်ဘ်ဆိုက်အဖြစ်ရပ်တည်လျက်ရှိသည်။

ယခုဆောင်းပါးကို ဖတ်ရှုနေကြသူများရော YouTube တွင် ဘယ်လို ဗီဒီယိုအမျိုးအစားတွေကို အများဆုံး ကြည့်ရှူဖြစ်လဲဆိုတာ အောက်မှာမှတ်ချက်ရေး၍ မျှဝေပေးသွားကြပါဦး။

3 . WhatsApp

  • ပိုင်ဆိုင်သည်ကုမ္မဏီ - Meta
  • အခြေပြုသောနိုင်ငံ - United States of America
  • စတင်သည့်ခုနှစ် - 2009

စာတိုပေးပို့သောဆော့ဝဲလ် ဖြစ်သည့် WhatsApp သည် လစဉ်အသုံးပြုသူပေါင်း ပျှမ်းမျှသန်း ၂၀၀၀ နီးပါးရှိသည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၈၀ ကျော်တွင်အသုံးပြုနေပြီး နေစဉ်သန်းပေါင်း ၁၀၀၀၀၀ ကျော်သော စာတိုများကို WhatsApp တွင်ပေးပို့နေကြသည်။

WhatsApp သည် မိသားစုများ၊ သူငယ်ချင်းများနှင့် ဆက်သွယ်ရန် အပြင်ယခုအခါတွင် WhatsApp Business နှင့် WhatsApp API တို့သည် လုပ်ငန်းရှင်များအသုံးပြုရန်အတွက်ဖန်တီးထားသည်။ WhatsApp Business သည် စီးပွားရေးလုပ်ငန်းများ၏ထုတ်ကုန်များကို အမျိုးအစားများအလိုက်စာရင်းများ ဖန်တီးနိုင်ပြီး ဝယ်ယူသူများကို လျင်မြန်စွာ အကြောင်းပြန်နိုင်ရန် ပြုလုပ်ထားသည်။ထို့အပြင် အရေးကြီးသော သတိပေးချက်များနှင့်နောက်ဆုံးပေါ်အကြောင်းအချက်များကို  WhatsApp API မှတဆင့် ဈေးဝယ်သူဖောက်သည်များကို ပေးပို့နိုင်သည်။

ကဲ စာဖတ်နေသူများရော WhatsApp ကိုအသုံးပြုနေကြပြီလားဆိုတာ အောက်မှာမှတ်ချက်လေး ပေးသွားကြပါဦး။

နောက်တစ်ပတ်မှာ နောက်ထပ်အသုံးများတဲ့ မီဒီယာတွေကို ပြောပြပေးသွားပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်