လူသုံးအများဆုံး လူမှုမီဒီယာများ (၂)

29/04/2023 19:00 PM တွင် Okkar Okkar မှ ရေးသား

မင်္ဂလာပါ

ယခင်အပတ်က လူအသုံးပြုမှုအများဆုံးလူမှုမီဒီယာများ အပိုင်း(၁) ကိုအားလုံးဖတ်ပြီးကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီအပတ်မှာတော့ လူအသုံးပြုမှုအများဆုံးလူမှုမီဒီယာများ အပိုင်း (၂) ကိုဆက်လက် ဖော်ပြပေးပါမယ်။ 

၄။ Instagram

  • ပိုင်ဆိုင်သည်ကုမ္မဏီ - Meta
  • အခြေပြုသောနိုင်ငံ - United States of America
  • စတင်သည့်ခုနှစ် - 2010

ဓာတ်ပုံမျှဝေသောဝက်ဘ်ဆိုက်ဖြစ်သည့်  Instagram သည် လစဉ်ပျှမ်းမျှအသုံးပြုသူ သန်း ၂၀၀၀နီးပါရှိပြီး လူသုံးအများဆုံး လူမှုမီဒီယာတွင် နံပါတ် ၄ နေရာ၌ ရပ်တည်လျက်ရှိသည်။

၂၀၁၀ ခုနှစ်တွင် Google ကုမ္ပဏီမှ ဝန်ထမ်းဟောင်း Kevin Systorm ဖန်တီးခဲ့သော Instagram သည် ပုံမှန်သုံးစွဲသူအနည်းငယ်သာရှိသည့် လူမှုမီဒီယာတခုဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီလတွင် Facebook ကုမ္မဏီမှ ဝယ်ယူခဲ့ပြီးနောက် Instagram အသုံးပြုသူဦးရေသည် လျင်မြန်စွာမျာပြားလာသည်။  Facebook ဆော့ဝဲလ်နှင့် Instagram ကို ချိတ်ဆက်အသုံးပြုနိင်သည့် နောက်ပိုင်းတွင် Instagram သည် ကမ္ဘာလူသုံးအများဆုံး လူမှုမီဒီယာတခုအဖြစ်ရောက်ရှိလာသည်။

Instagram တွင် သုံးစွဲသူများက ဓာတ်ပုံများတင်ခြင်း၊ ဗီဒီယိုအတိုများနှင့်ဗီဒီယိုအရှည်များတင်ခြင်း များပြုလုပ်နိုင်သည်။ ကမ္ဘာပေါ်ရှိ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များ၊ နာမည်ကြီးမော်ဒယ်များ၊ အလှမယ်များ၊ လူမှုမီဒီယာဩဇာလွှမ်းမိုးသူများနှင့် ‌နာမည်ကျော်ကြားသူများအားလုံးနီးပါး အသုံးပြုသော Instagram သည်လူငယ်များ အများဆုံးအသုံးပြုသော လူမှုမီဒီယာဖြစ်သည်။

ကမ္ယာပေါ်ရှိ အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြားလူငယ်အာလုံး၏ ၆၇ ရာခိုင်နှုန်းသည် Instagram ကိုအသုံးပြု နေကြပြီး Instagram ကို အများဆုံးအသုံးပြုသူများမှာ အသက် ၁၆ နှစ်မှ ၃၄ နှစ်ကြား လူငယ်များနှင့် လူလတ်ပိုင်းများဖြစ်သည်။ ထို့ကြောင့် လူငယ်များနှင့်လူလတ်ပိုင်းများကို ဦးတည်၍ ပြုလုပ်သော စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် ဖျော်ဖြေရေးလုပ်ငန်းများ၊ ဗီဒီယိုဂိမ်းများ နှင့် ဖက်ရှင်ပိုင်းဆိုင်ရာများအတွက် Instagram သည် ဈေးကွက်ချဲ့ထွင်ရန် အကောင်းဆုံးနေရာတခုဖြစ်ပါသည်။

၅။ WeChat

  • ပိုင်ဆိုင်သည်ကုမ္မဏီ - Tencent
  • အခြေပြုသောနိုင်ငံ - China
  • စတင်သည့်ခုနှစ် - 2011

စာတိုပေးပို့သောဆော့ဝဲလ်ဖြစ်သည့် WeChat သည် လစဉ်ပျမ်းမျှအသုံးပြုသူ သန်း ၁၂၆၀ ခန့်ရှိပြီး လူသုံးအများဆုံး လူမှုမီဒီယာတွင် နံပါတ် ( ၅) နေရာ၌ ရပ်တည်လျက်ရှိသည်။

၂၀၁၁ ခုနှစ်တွင် Tencent ကုမ္မဏီမှ စတင်ဖန်တီးဖြန်ချိချိန်တွင် ပုံစံနှစ်မျိုးဖြင့် ဖြန့်ချိခဲ့သည်။တရုတ်နိုင်ငံနှင့် အခြားသောနိုင်ငံများမှပါ အသုံးပြုနိုင်သော ဆော့ဝဲလ်ကို WeChat ဟုခေါ်ပြီး တရုတ်နိုင်ငံအတွင်းသာ

အသုံးပြုနိုင်သည် ဆော့ဝဲလ်ကို Weixin ဟုခေါ်သည်။ ဆော့ဝဲလ်နှစ်ခုသည် ပုံစံတူ၊ လုပ်ဆောင်နိုင်သည့်အရာ များတူသော်လည်း ဆာဗာမတူကြပါ။ WeChat ကို စတင်ဖန်တီးစဉ်က စာတိုပေးပို့သောဆော့ဝဲလ်အဖြစ်သာ ဖန်တီးခဲ့သော်လည်း‌ နောက်ပိုင်းတွင် အလုံးစုံအသုံးပြုနိုင်သောဆော့ဝဲလ်အဖြစ် ပြောင်းလဲခဲ့သည်။ WeChat တွင် စာတိုပေးပို့ခြင်း၊ အင်တာနက်ဖြင့် ဖုန်းခေါ်ဆိုခြင်းအပြင် သုံစွဲသူများသည် အွန်လိုင်းပေါ်မှဈေးဝယ်ခြင်း၊ ဘေလ်များပေးချေခြင်း၊ မီးဖိုချောင်သုံး အသီးအရွက်၊အသားငါးမှစ၍ ကုန်ခြောက်များဝယ်ယူနိုင်ခြင်း၊ ငွေလွှဲခြင်း၊ ဟိုတယ်များကြိုတင်ဘိုကင်တင်ခြင်း၊ အငှားကားများငှားရမ်းခြင်း နှင့် အခြားသော အင်တာနက်ပေါ် တွင်လုပ်ဆောင်နိုင်သည့် အရာများ အားလုံးနီးပါးကို လုပ်ဆောင်နိုင်သည်။

WeChat သည် တရုတ်နိုင်ငံနှင့်အာရှနိုင်ငံတော်တော်များများတွင် ရေပန်းအစားဆုံးသော လူမှုမီဒီယာ ဖြစ်သည်။

ထို့အပြင် Facebook နှင့်အခြားသောလူမှုမီဒီယာများကို တရားဝင်အသုံးပြုခွင့် ပိတ်ပင်ထားသော တရုတ်နိုင်ငံ၏ စီးပွားရေးဈေးကွက် ကိုဝင်ရောက်လိုပါက WeChat  ကိုမဖြစ်မနေအသုံးပြုရမည်ဖြစ်ပါသည်။

၆။ TikTok

  • ပိုင်ဆိုင်သည်ကုမ္မဏီ - ByteDance
  • အခြေပြုသောနိုင်ငံ - China
  • စတင်သည့်ခုနှစ် - 2016

ဗီဒီယိုအတိုလေးများတင်နိုင်သည့် လူမှုမီဒီယာဖြစ်သော TikTok  သည် လစဉ်ပျမ်းမျှအသုံးပြုသူ သန်း ၁၀၀၀ ‌ကျော်ရှိပြီး လူသုံးအများဆုံးလူမှုမီဒီယာတွင် နံပါတ် ( ၆) နေရာ၌ ရပ်တည်လျက်ရှိသည်။

တရုတ်နည်းပညာကုမ္ပဏီဖြစ်သည့် ByteDance မှ ၂၀၁၆ ခုနှစ်တွင် ဖြန့်ချိသော TikTok သည် ကမ္ဘာပေါ်တွင် တိုးတတ်မှုအမြန်ဆုံး လူမှုမီဒီယာဖြစ်သည်။ ကမ္ဘာကပ်ရောဂါကာလဖြစ်သော ၂၀၂၀ တွင် TikTok အသုံးပြုသူ အလွန်များပြားလာခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် Google ကိုကျော်တက်ကာ ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံး ဝက်ဘ်ဆိုက်ဖြစ်ခဲ့သည်။

အသုံးပြုသူများသည် ၁၅ စက္ကန့်မှ ၆၀ စက္ကန့်အတွင်း ဗီဒီယိုအတိုလေးများကို ဖန်တီးပြီး TikTok ပလက်ဖောင်းပေါ်တွင်တင်၍ မျှဝေနိုင်သည်။ ၎င်းဗီဒီယို အတိုလေးများကို အသစ်အဆန်းဖြစ်အောင် အမျိုးမျိုးစမ်းသစ်တီထွင်၍ ဖန်တီးပြုလုပ်ကြသည်။ ယနေ့အချိန်အခါတွင် TikTok မှ တဆင့် နာမည်ကြီးအောင်မြင်လာသူ အများအပြားရှိနေပြီဖြစ်သည်။

လူအသုံးအများဆုံးလူမှုမီဒီယာများ အပိုင်း (၁) နှင့် အပိုင်း (၂) တွင် ဖော်ပြခဲ့သော လူမှုမီဒီယာများသည် ၂၀၂၃ ခုနှစ် မတ်လအထိ ကမ္ဘာ့စစ်တမ်းများမှကောက်ယူထားသည့်စာရင်းအတိုင်းဖော်ပြထားခြင်းဖြစ်သည်။

စာဖတ်သူများအနေဖြင့် မိမိတို့လက်ရှိအသုံးပြုနေသော လူမှုမီဒီယာများနှင့် ၎င်းတို့ကို ဘာကြောင့်သုံးဖြစ်နေတာလဲ ဆိုတာ အောက်က comment မှာ မျှဝေပေးခဲ့ကြပါဦးနော်။

ကျေးဇူးပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်