နှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက် ကြေညာခြင်း

07/04/2023 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အစိမ်းရောင်လမ်းရဲ့ တောင်သူဦးကြီးတို့ မင်္ဂလာပါရှင့်..

(၈-၄-၂၀၂၃) ရက်နေ့မှစ၍ (၁၇-၄-၂၀၂၃) ရက်နေ့အထိသည် နှစ်သစ်ကူးသင်္ကြန်ပိတ်ရက်များ ဖြစ်ပါတယ်။ 

ထိုရုံးပိတ်ရက်များတွင် အစိမ်းရောင်လမ်းရဲ့ call center (ဖုန်းခေါ်ဆို)မှုအား ရပ်နားထားမှာဖြစ်ပါတယ်ရှင့်။ ဒါ့အပြင် အစိမ်းရောင်လမ်းရဲ့ နေ့စဉ်သီးနှံဈေးနှုန်းကဏ္ဍအတွက် သီးနှံဈေးနှုန်းများပေးပို့နေတဲ့ ကုန်စည်ဒိုင်များမှ ပေးပို့နေကျ ဈေးနှုန်းတွေကို နှစ်သစ်ကူးပိတ်ရက်အတွင်း ရပ်နားထားမှာဖြစ်လို့ အစိမ်းရောင်လမ်းရဲ့ သီးနှံဈေးနှုန်းဖော်ပြခြင်းနဲ့ ပုံမှန်တင်ဆက်နေကျ သတင်းနဲ့ဆောင်းပါးများ တင်ဆက်ခြင်းကိုလည်း ရပ်နားထားမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် အစိမ်းရောင်လမ်းဆော့ဝဲရဲ့ တောင်သူကြီးများအတွက် သီးနှံဈေးနှုန်းတွေနဲ့ ဆောင်းပါးများကို (၁၈-၄-၂၀၂၃) ရက်နေ့မှသာ ပြန်လည်တင်‌ဆက်ပေးနိုင်မည်ဖြစ်ကြောင်း လေးစားစွာနဲ့ အသိပေးလိုက်ရပါတယ်ရှင့်။

တင်ဆက်နေကြ ပုံမှန်အစီအစဉ်တွေသာ ရပ်နားထားမှာဖြစ်ပေမယ့် အမေးအဖြေကဏ္ဍမှာတော့ စိုက်မွေးပြဿနာတွေကို ပညာရှင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးလို့ ရပါကြောင်းကိုလည်း ထပ်ဆောင်း အသိပေးပါရစေ။ အဖြေကြန့်ကြာနေမှုများရှိနေခဲ့ရင်တော့ အနူးအညွတ်တောင်းပန်အပ်ပါတယ်ရှင့်

နှစ်သစ်အခါသမယမှာ ဘေးဘယာဝေးကွာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကာ သီးနှံအထွက်တိုး ဈေးကောင်းများရရှိနိုင်ကြပါစေ

အစိမ်းရောင်လမ်း 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်