Airplane Mode အကြောင်းသိကောင်းစရာ

06/09/2021 20:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။

ယခုတစ်ပတ်မှာတော့ Airplane Mode (အဲပလိုင်းမုဒ်) အကြောင်းကို တောင်သူဦးလေး ဒေါ်လေးတို့အတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

Airplane mode ဆိုတာက ဖုန်း, tablet (တက်ဘလက်) စတဲ့ နည်းပညာဆိုင်ရာပစ္စည်းတွေရဲ့ ဆက်သွယ်ရေးဆိုင်ရာလုပ်ဆောင်ချက်တွေကို ပိတ်ပစ်နိုင်တဲ့ setting (ဆက်တင်)ကိုပြောတာဖြစ်ပါတယ်။ Airplane mode ပြောင်းထားလိုက်ပြီဆိုတာနဲ့ ဖုန်းမျက်နှာပြင်ရဲ့အပေါ်ဘက်မှာ လေယာဥ်ပျံ icon လေးတစ်ခုကိုအလွယ်တကူမြင်တွေ့ရမှာ ဖြစ်ပါတယ်။ Airplane mode ဖွင့်လိုက်တဲ့အချိန်မှာ ဖုန်းရဲ့လုပ်ဆောင်ချက်အချို့ကို ဖြတ်တောက်လိုက်ပြီဖြစ်တာကြောင့် ဖုန်းခေါ်ဆိုတာမျိုး၊ အင်တာနက်၊ ဝိုင်ဖိုင်အသုံးပြုတာမျိုး လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။ ဖုန်းအားသွင်းတဲ့အခါ Airplane mode ဖွင့်ပြီးသွင်းမယ်ဆိုရင်တော့ ၂၅ ရာခိုင်နှုန်းအားပြည့်မြန်တယ်ဆိုတာ ယခင်ကဆောင်းပါးတစ်ခုမှာ မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။

Airplane mode ရဲ့ အဓိက မူလရည်ရွယ်ချက်ကတော့ လေယာဥ်စီးတဲ့အခါအသုံးပြုဖို့ တီထွင်ဖန်တီးထားတာဖြစ်ပါတယ်။ လေယာဥ်ပေါ်မှာဖုန်းခေါ်ဆိုတာတွေ၊ အင်တာနက်သုံးတာတွေဟာ လေယာဥ်ပျံသန်းမှုနဲ့ ဆက်သွယ်ရေးဆိုင်ရာလုပ်ဆောင်ချက်တွေ၊ စက်ကိရိယာထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်တွေအပေါ်မှာ အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ဖုန်းလိုင်းတွေရဲ့ နှောက်ယှက်မှုကြောင့် လေယာဥ်ထိန်းချုပ်ခြင်းစနစ်ဟာမြေပြင်က ဆက်သွယ်ရေးစနစ်နဲ့ ပြတ်တောက်သွားနိုင်ပြီး အန္တရာယ်ရှိတာကြောင့် Airplane mode ကို အသုံးပြုရတာဖြစ်ပါတယ် ခင်ဗျ။

တောင်သူ ဦးလေး ဒေါ်လေးတို့ရော လေယာဥ်ပုံစံ Airplane mode လုပ်ဆောင်ချက်ကို ဘယ်အချိန်မှာ အသုံးပြုကြလဲဆိုတာ ကွန်မန့်မှာ ဆွေးနွေးခဲ့လို့ရပါတယ် ခင်ဗျ။

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

အင်တာနက်ပေါ်ရှိ ဓာတ်ပုံများကို စိစစ်ခြင်း

http://www.lwinpyin.com/ မှကိုးကားရေးသားထားပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်