သားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ အသုံးပြု၍ တောင်သူများ၏ မျိုးစေ့ထုတ်လုပ်ငန်းများနှင့် အချိန် ကာလတို့ကို လျော့ချနိုင်လာမည်

22/02/2019 19:00 PM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာကို အသုံးပြု၍ တောင်သူများ၏ မျိုးစေ့ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေနှင့် စိုက်ပျိုးမှု ကြာမြင့်မည့် အချိန်ကာလတို့ကို လျော့ချနိုင်သော နည်းပညာ တစ်ခုအား ရရှိထားပြီဖြစ်ကြောင်း စိုက် ပျိုးရေးသုတေသန ဦးစီးဌာနမှ သတင်းရရှိသည်။

စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းက“ ဒီနည်းပညာကို သားတက်ဆင့် ပွား စိုက်နည်းပညာလို့ နာမည်ပေး ထားတယ်။ ဆန်စပါး သုတေသန လုပ်ငန်းတွေထဲက အောင်မြင်မှု တစ်ခုလို့ ပြောလို့ရတယ်။ ဒါကိုတောင် သူတွေဆီ ဖြန့်ဝေပေးသွားမှာ ဖြစ်တယ် ” ဟု ပြောသည်။

၎င်းနည်းပညာသည် Saving Technology တစ်ခုဖြစ်ပြီး မျိုးစေ့၊ လုပ်အားခ၊ စိုက်ပျိုးရေနှင့် အချိန်တို့ကို လျော့ ချနိုင်ခြင်း၊ ပြောင်းလဲလာသော ရာသီဥတုကြောင့် စိုက်ပျိုးရေကို ထိရောက်စွာ အသုံးချနိုင်ပြီး တစ်နှစ်လျှင် သုံး ကြိမ် ရိတ်သိမ်းနိုင်သည့်အတွက် သားဆက် (၇)ဆက်အထိ ဆက်တိုက်ဆောင်ရွက်နိုင်သော နည်းပညာဖြစ် ကြောင်း ၎င်းကဆက်လက်ဆိုသည်။

အဆိုပါ သားတက်ဆင့်ပွား စိုက်နည်းပညာ၊ စပါးတက်ပြန် စိုက်ပျိုးနည်းပညာ သုတေသန တွေ့ရှိချက်များအား ယင်းဦးစီးဌာန လက်အောက်ရှိ မြေဆီလွှာ၊ ရေအသုံးချရေးနှင့် စိုက်ပျိုးရေး အင်ဂျင်နီယာဌာနခွဲ၊ ရေအသုံး ချ ရေး သုတေသနဌာနစု၏ တောင်သူအကျိုးပြု နည်းပညာသုတေသန ရလာဒ်တစ်ခုဖြစ်သော ပညာရှင်များနှင့် အတည်ပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ဆန်စပါးသုတေသန စိုက်ကွင်း၌ စိုက်ပျိုးထားသော ခေတ်သစ်စပါး၊ လမိုင်းစိုက်ပျိုး နည်းပညာဖြင့် ထုတ်လုပ်ထားသည့် မျိုးများ၏ လမိုင်းထွက် စွမ်းရည်စမ်းသပ်ခြင်းနှင့် စိုက်ခင်းများတွင် စိုက်ပျိုးရေး သုတေသ န ဦးစီးဌာန၊ စပါးလမိုင်း စိုက်ပျိုးခြင်းနည်းပညာ ပေါ်ထွက်လာသည့် သမိုင်းကြောင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသန ဗဟိုဌာန (IRRI) တို့ ပူးပေါင်း၍ မြန်မာ့ ဆန်စပါးကဏ္ဍ တိုးတက်မှုဆိုင်ရာ နည်းဗျူဟာများ ချမှတ်၍ ဆောင်ရွက်နေပြီး ဆန်စပါးကို အားထားစိုက်ပျိုး နေကြသည့် ကျေးလက်နေ တောင်သူလယ်သမားများ ရင်ဆိုင်နေရသည့် စိုက်ပျိုးစရိတ် ရင်းနှီးငွေ လုံလောက် စေရေး၊ စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများ ဈေးကောင်းရရှိစေရေး၊ တောင်သူများ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်း ချိန်လွန် လေလွင့်ပျက်စီးဆုံးရှုံးမှုများ မရှိစေရေး၊ စိုက်ပျိုးရေ အလုံအလောက် ရရှိစေရေး၊ အရည်အသွေး ပြည့်ဝ သည့် ဆန်စပါးသီးနှံများ စိုက်ပျိုးထွက်ရှိစေရေး စသည်တို့ကို ဦးတည်ကာ သုတေသန ပြုလျက်ရှိကြောင်း ယင်း ဦးစီးဌာနမှ သိရသည်။

သုသု(AMIA)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်