Green Way အဖွဲ့ သီရိ လင်္ကာ နိုင်ငံရှိ ရေရှည် တည်တံ့သော စိုက်ပျိုးရေး နည်းပညာ ဖြန့်ဝေရန်နှင့် ၎င်းဒေသရှိ စိုက်ပျိုးရေးနှင့် သစ်တော ထိန်းသိမ်း နည်းများ လေ့လာရန် ရောက်ရှိ

06/02/2014 19:38 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

Green Way အဖွဲ့သည် The Abundance Project မှ ဦးဆောင်ပြုလုပ်သည့် Building Sustainability and Peace Across Asia: Customized Spring 2014 Extension Program တွင် စိုက်ပျိုးရေး နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ နည်းပညာများကို မျှဝေပေးနိုင်ရန် သီရိလင်္ကာ နိုင်ငံ Belipola ရှိ သြဲဂဲနစ်စိုက်ပျိုးရေးနှင့် သစ်တောထိန်းသိမ်းရေး အဖွဲ့ ၏ လေ့လာရေးခြံသို့ ရောက်ရှိလျှက်ရှိသည်။ အဆိုပါ အစီအစဉ်တွင် Green Way မှ ဒေသခံ အဏုဇီဝ မွေးမြူခြင်းနှင့် လက်တွေ့ အသုံးပြုခြင်း၊ တီမွေးမြူခြင်းနှင့် တီကျစ်မြေသြဇာပြုလုပ်ခြင်း၊ မြေဆွေးပုံမှ ရေပူပြန်လည် ထုတ်ယူသုံးစွဲခြင်း၊ Recycle အစီအစဉ်များနှင့် အခြား သြဲဂဲနစ် ဆိုင်ရာ နည်းပညာများကို မျှဝေ သွားမည်ဖြစ်ပါ သည်။ အဆိုပါ အစီအစဉ်မှာ တစ်လကြာမြင့်မည်ဖြစ်ပြီး သီရိလင်္ကာနိုင်ငံတွင်း လေ့လာရေး ခရီးစဉ်များပါ ပါဝင်မည်ဖြစ်ပါသည်။ လေ့လာရရှိသော နည်းပညာများနှင့် အတွေ့အကြုံများကို Green Way ဝက်ဆိုဒ်မှ ပြန်လည် မျှဝေသွားမည် ဖြစ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်