လုပ်ငန်းရှင်ကြီးဖြစ်ဖို့ (၅)

06/10/2020 11:45 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

     ဖြန့်ဝေတဲ့လမ်းကြောင်းနဲ့ နေရာတွေကို လုပ်ငန်းရှင်ကြီးတစ်ယောက်က သိထားပြီး ကစားနိုင်ဖို့လိုပါတယ်။ အဲ့တော့ ဒီမှာက Distribution Channels တွေဆိုတာ ဘာတွေဖြစ်မလဲဆိုတဲ့ အကြောင်းကို တင်ဆက်ပေးထားပါတယ်။  

DC (Distribution Channels) တွေရဲ့ သဘော သဘာဝ

     ဖြန့်ဖြူးရာလမ်းကြောင်းတွေဆိုတာက ကိုယ်ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းဖြစ်ဖြစ် လုပ်ငန်းဝန်ဆောင်မှုကပဲဖြစ်ဖြစ်၊ ကိုယ့်ဆီကနေ တကယ်စားသုံးတဲ့ သူတွေအထိ ဘယ်လိုသွားသလဲဆိုတာကို ညွှန်ပြပေးပါတယ်။ ဆိုတော့ သူတို့ဆီကို ဘယ်လိုရောက်နိုင်သလဲ သိရင် ကိုယ့်ကုန်ပစ္စည်းတွေကို ပိုရောက်အောင်လုပ်ပေးနိုင်တာပေါ့။

     အဲ့လိုဆိုတော့ ဒီထဲမှာ ပါဝင်လည်ပတ်ပြီး ငွေတွေ အသာလေးယူနေတဲ့ လုပ်ငန်းရှင်တွေလည်းရှိပါတယ်။ အရောင်းသမားတွေ အေဂျင်စီတွေ လက်ကားသမားတွေ လက်လီပြန်ရောင်းတဲ့သူတွေ၊ သူတို့ကျတော့ ကုန်ပစ္စည်းကိုမထုတ်ဘူး။ ဒါပေမဲ့ သူတို့က ဖြန့်ပေးတယ်ဆိုတဲ့ DC လိုင်းပေါ်ကနေပြီးတော့ ငွေတွေ ရှာနေကြပါတယ်။ 

     အဆင့်တွေ ဘယ်လောက်များများ အဓိကအနေနဲ့ကျတော့ သူတို့ သတ်မှတ်ချက်နဲ့ အဆင့် (၄) ခုပဲ ရှိပါတယ်။ Level – 0 ကတော့ ထုတ်တဲ့သူကနေ တိုက်ရိုက် စားသုံးတဲ့ သူဆီကို ရောက်တာပါ။ သူ့ကို Direct Marketing - တိုက်ရိုက်ဈေးကွက် လို့ခေါ်ကြပါတယ်။ စိုက်ပျိုးရေးဖက်ကနေ ချိတ်ပြီးတော့ ကြည့်ကြမယ်ဆိုရင်တော့ ကိုယ်စိုက်တဲ စိုက်ခင်းက အသီးအရွက်တွေကို ဖေ့ဘုတ်အကောင့်လေးဖွင့်ပြီးရောင်းမယ်။ အိမ်မှာ ခြံထွက်တွေကို စင်လေးနဲ့တင်ရောင်းတဲ့သူတွေ၊ ခြံထဲကို လာဝယ်လို့ရတယ်ဆိုပြီး လမ်းညွှန်ထားတာမျိုးလုပ်နေတယ်။ တိုက်ရိုက်ရောင်းနေတာမျိုး ဖြစ်ပါတယ်။ 

     Level - 1 မှာ ထုတ်လုပ်သူတွေဆီကနေ လက်လီသမားတွေ ပြန်ဝယ်ကြတယ်၊ အဲ့လက်လီသမားတွေကနေမှ စားသုံးသူတွေက ဝယ်ကြပါတယ်။ 

     Level – 2 ထုတ်လုပ်သူကနေ၊ လက်ကားသမား၊ လက်ကားသမားကနေ လက်လီသမား ၊ လက်လီသမားတွေဆီကမှ နောက်ဆုံး စားသုံးတဲ့သူတွေဆီကိုရောက်ပါတယ်။ 

     Level – 3 ကျတော့ ထုတ်လုပ်သူ၊ လက်ကားသမား၊ ပွဲစား၊ လက်လီသမား စတဲ့ သူတွေ ခံပြီးမှ နောက်ဆုံး စားသုံးသူတွေဆီကို ရောက်ကြတာဖြစ်ပါတယ်။ 

     အဲ့လို အဆင့်တွေရှိလေလေ ဈေးကကွာဟမှု များလေလေဖြစ်ပါတယ်။ စားတဲ့သူတွေကလည်း ဈေးများများ ပေးဝယ်ရပေမဲ့လို့ တကယ်ရောင်းလိုက်တဲ့ ထုတ်လုပ်သူတွေကလည်း ဈေးကို ရသင့်တာလောက်မရပဲ ပိုနည်းပြီးရတတ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုက ကိုယ်တွေလုပ်ကိုင်နေတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေက အဆင့်တွေများတဲ့ DC ကြီးနဲ့ လည်ပတ်နေကြရတာပါပဲ။ စိုက်တယ် ထွက်လာသမျှကို ဟိုတယ်ကိုသွင်းတယ် အဲ့လိုလုပ်နေတဲ့ လုပ်ငန်းတွေက နည်းနည်းရှားနေပါသေးတယ်။ 

     သဘောသဘာဝကို နားလည်ပြီးရင်တော့ နောက်တစ်ပိုင်းက DCတွေက ဘာလုပ်ပေးသလဲဆိုတာကို ကြည့်ရအောင်

DC – Distribution Channels တွေရဲ့ လုပ်ဆောင်ချက် အသုံးဝင်မှုတွေ

     ကိုယ့်ကုန်ပစ္စည်းသွားနေတဲ့ လမ်းကြောင်းကြီးကို သိပြီးတော့ ဘာတွေသိပြီး ဘာတွေပြင်ဆင်ထားလို့ရမလဲဆိုတာကို အောက်မှာ စီပေးထားပါတယ်။ 

(၁) သတင်းအချက်လက်တွေ။ ။ လမ်းကြောင်းရှင်းအောင် ဘာတွေရှင်းထားရမလဲ၊ လမ်းကြောင်းပိုပြီး ဘယ်လိုချဲ့မလဲ၊ စားသုံးသူတွေက ဘာတွေလိုချင်သလဲ စတဲ့ အချက်အလက်တွေကို သိရမှာဖြစ်ပါတယ်။

(၂) အရောင်းမြှင့်တင်ရေး။ ။ ကုန်ပစ္စည်း အတွက် ဘယ်လမ်းကြောင်းကနေ ထုတ်လို့ကောင်းမလဲဆိုတာကို အရောင်းမြှင့်တင်ရေး  လုပ်ဖို့ လိုအပ်တာတွေ ရပါတယ်။ 

(၃) အံဝင်ကျမှု။ ။ လမ်းကြောင်းမှာ နောက်ဆုံးဖြစ်တဲ့ စားသုံးသူတွေဆီကနေ ဘယ်လိုအချက်မျိုးကိုလိုချင်တယ်ဆိုတာနဲ့ ကိုယ်က လိုက်လုပ်နိုင်ပါတယ်၊ ထုတ်လုပ်မှု ကနေ ဘယ်အဆင့်လေး တိုးလိုက်ရင် ပိုကောင်းသွားမယ်ဆိုတာမျိုး ဆုံးဖြတ်ချက်တွေချနိုင်ပါတယ်။

(၄) ညှိနှိုင်းဆွေးနွေးခြင်း။ ။ နေရာဒေသတိုင်းက တူညီတဲ့ အခြေအနေ မဟုတ်တာကြောင့်မို့ ကိုယ့် DC လမ်းကြောင်းကနေ ဘယ်လို ဆွေးနွေးမှုတွေလုပ်ပေးရမလဲ၊ ဈေးတန်းလား၊ ဘယ်လို စနစ်နဲ့ဆို ပိုကောင်းမလဲ စတဲ့ လုပ်ငန်းတွေ ဆက်ပြီးလုပ်ဆောင်ပေးလို့ရပါတယ်။

(၅) အမှာစာ။ ။ တိုက်ရိုက်မှာရင် တိုက်ရိုက်ပရိုမိုးရှင်းတွေရတယ်လေ။ ကွန်ပလိန်းလည်း တိုက်ရိုက်တက်လို့ရတယ်၊ အဲ့တော့ ဘယ်ဒေသက ဘာတွေမှာတတ်တယ် ဆိုတဲ့ လမ်းကြောင်းကြီးက ရှင်းလင်း။

(၆) ငွေကြေးစီမံခန့်ခွဲမှု။ ။ အမှာစာတွေစုပြီး DC တစ်ခုတည်းက ပေါင်းပို့ရင် ကုန်ကျစရိတ် ပိုသက်သာတယ်လေ၊ 

(၇) စွန့်စားမှု။ ။ ဆိုတာကတော့ စီးပွားရေးအရ စွန့်စားရတဲ့ လုပ်ငန်းတွေအတွက် DC လမ်းကြောင်းဖောက်တာမျိုးလို လုပ်ငန်းတွေလုပ်နိုင်ဖို့ စွန့်စားကြရတာမှာ မှန်ကန်တဲ့ စွန့်စားမှုတွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်၊ 

(၈) ကုန်ပစ္စည်းဖြန့်ဝေမှု။ ။ ဘယ်လိုသွားမလဲ၊ ဘယ်လို သယ်ပိုးမလဲ၊ ဘယ်လို လှောင်ထားရမလဲ ဆိုတာကို DCတွေ ကြည့်ပြီးတော့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာဖြစ်ပါတယ်။ 

(၉) ငွေပေးချေခြင်း။ ။ ငွေရေးကြေးရေးကြောင့် စီးပွားရေးဆိုတာလုပ်တာလေနော်၊ အဲ့အတွက်ကြောင့်မို့ DCလိုင်း အလိုက်ကိုမှ ဘယ်လိုစနစ်က အဆင်ပြေနိုင်တယ်၊ ဘယ်လိုလာကောက်ပေးရင် ပြေနိုင်တယ်ဆိုတာကို ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ပါတယ်။ 

     အားရင် ကျုပ်စိုက်တဲ့ ကြက်သွန်တွေက ဘယ်ကိုရောက်လဲ ဆိုတာကို တစ်ချက်စုံစမ်းကြည့်ပါ၊ ရန်ကုန်ကိုရောက်တယ်ဆို ကြားပွဲစားမခံပဲ ကိုယ်တိုင် တိုက်ရိုက် ပို့ကြည့်ပါ၊ ကွာတာ ကွာပါတယ်၊ လမ်းကြောင်း ပွင့်လာလေလေ လုပ်စရာတွေ အများကြီးဖြစ်လာလေလေ ဆိုတာကို သိလာမှာပါ၊ နောက်တစ်ပိုင်းမှာ တွေ့ကြစို့ရဲ့

ထွန်းဝင်းကျော်

Reference

http://www.smartfarmerproject.eu/SmartFarmerPlatform/unit.php?unit_id=7

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်