လုပ်ငန်းရှင်ကြီးဖြစ်ဖို့ (၆)

15/10/2020 11:50 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

     အရင်တစ်ခေါက်က ဖြန့်ဝေရာ လမ်းကြောင်း Distribution Channels ဆိုတာဘာလဲ၊ သူက ဘာတွေလုပ်ပေးသလဲ ဆိုတာကို လေ့လာခဲ့ပြီးတော့ ခုတစ်ခေါက်မှာ DC လို့ အလွယ်ခေါ်တဲ့ ဖြန့်ဝေရာ လမ်းကြောင်းတွေကို ဘယ်လို ဖော်ဆောင်ရမလဲ၊ ဘယ်အချက်တွေကို မူတည်ပြီးတော့ တွေးတော ဆုံးဖြတ်ရမလဲ ဆိုတာကို ထပ်ပြီးတော့ လေ့လာကြတာပေါ့။ 

ရည်မှန်းချက်နဲ့ အခက်အခဲများကို ရှာဖွေဖော်ထုတ်ခြင်း

     ကိုယ်တွေ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ကိုယ်တွေနဲ့ ကိုက်တဲ့ ဖြန့်ဝေလမ်းကြောင်းနဲ့ ကိုက်နေမှ ကိုယ်စီးပွားရေးဆိုတာကလည်း တိုးတက်မှာကိုး။ ဆိုတော့ လမ်းကြောင်းအစ ရတယ်ဆို ကားသွားမှာလား ဆိုင်ကယ်သွားမှာလား ကားဆိုရင်တောင် ဘာကားသွားမှာလဲ ဆိုတာမျိုးနဲ့ လမ်းဖောက်ရမှာဖြစ်ပါတယ်။ ဆိုတော့ကာ သူလည်းပဲ ရည်မှန်းချက် ရည်ရွယ်ချက်ရှိဖို့ လိုပါတယ်။ စားသုံးသူတွေက ဘယ်လိုမျိုးတွေ လိုချင်သလဲ ဘယ်လိုသွားရမလဲ ဘယ်လိုအချိန်မှာ ရောက်သင့်တာလဲဆိုတဲ့ ရေတိုရော ရေရှည်အတွက်ပါ ရည်မှန်းချက်ရှိသင့်ပါတယ်။ ပြောပြသလောက်တော့ မလွယ်ဘူးပေါ့။ ဘာလို့ မလွယ်လဲဆိုတော့ အခက်အခဲ ဆိုတာ နေရာတိုင်းမှာရှိတယ်လေ။ အဲ့အခက်အခဲတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင်။

ထုတ်ကုန်ရဲ့ သဘောသဘာဝ

     ဟုတ်တာပေါ့။ ကိုယ်တွေ ကုန်ပစ္စည်းတွေဆိုရင် ပုပ်သိုးလွယ်တဲ့ပစ္စည်းတွေဖြစ်တယ်။ စားစရာသောက်စရာတွေထဲမှာတောင် တစ်ခုနဲ့တစ်ခုက သက်တမ်းချင်းမတူသလို သိုလှောင်တဲ့ နည်းတွေကလည်း မတူကြပြန်ပါဘူး။  အဲ့ဒါကိုကြည့်ပြီးတော့ ကိုယ့် လိုင်းတွေက အတိုလုပ်မလား အရှည်လုပ်လို့ရသလားဆိုတာတွေကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ 

ပါဝင်သူတွေရဲ့ သဘော သဘာဝ

      ကိုယ်ကနေ တိုက်ရိုက် စားသုံးသူတွေဆီရောက်တယ်ဆိုရင်တောင် ကိုယ်နဲ့ စားသုံးသူ က ဒီဖြန့်ဖြူးရေးလမ်းကြောင်းမှာ ပါဝင်သူတွေဖြစ်နေပါပြီ။ ကြားက လက်ကားသမား လက်လီသမား ပွဲစား စတာတွေပါလာပြန်ပြီဆို ပိုရှုပ်ပါပြီ။ သူတို့ရဲ့ သဘောထား သဘာဝကိုလည်း နားလည်မှ လိုချင်တာ မလိုချင်တာတွေ၊ တိုက်ရိုက်မလား တစ်ဆင့်ဖြန့်မလားဆိုတဲ့ ဆုံးဖြတ်ချက်တွေကိုလုပ်နိုင်မှာဖြစ်ပါတယ်။ 

အပြိုင်အဆိုင်

     ရှိတာပေါ့။ နေရာတိုင်းမှာရှိတယ်။ ဘယ်သူနဲ့မှ မပြိုင်ရင်တောင် ကိုယ် ဟာ ကိုယ်နဲ့ပြိုင်နေရတာ။ ပိုကောင်းဖို့ ပိုသက်သာဖို့ အမြတ်များဖို့ စတဲ့အချက်တွေ။ ကုန်ပစ္စည်းချင်း ပြိုင်ကြတယ်။ အလွယ်တကူ ရတာ မရတာတွေ ပြိုင်ကြရမယ်။ အဲ့လိုအချက်တွေကြောင့် ကိုယ်လုပ်ရမဲ့ လုပ်ငန်းအတွက် ဖြန့်ဝေရာလမ်းကြောင်းကို အပြောင်းအလဲတွေဖြစ်နိုင်ပါတယ်။ လမ်းကြောင်းပြောင်းလိုက်ရတာမျိုးတွေဖြစ်လာမှာပါ။

ဈေးကွက်ရဲ့ အနေအထား

     ဈေးကွက်ထဲမှာဆို တရားဝင်ရောင်းဖို့ မှတ်ပုံတင်ရတယ်။ အညွှန်းစာတွေ သေချာကပ်ရတယ်။ အဲ့လိုလုပ်ငန်းစဉ်လေးတွေရှိပြီ လိုချင်ရင် နောက်ထပ် အသိအမှတ်ပြုလက်မှတ်တွေ၊ ဂုဏ်ထူးဆောင်လက်မှတ်တွေ တစ်သီကြီး ထပ်ယူလို့ရပါသေးတယ်။ စိုက်ပျိုးရေးမှာဆိုရင်တောင် အော်ဂဲနစ်လက်မှတ်တွေထုတ်ပေးတယ်လေ။ ကိုယ်က သေချာလေး အသီးတွေကို ခွဲပြီး အသေးအကြီးစီတယ်။ အစည်းညီညီစည်းတယ် အဲ့လိုမျိုး ဈေးကွက် က ကြိုက်နိုင်တဲ့ အနေအထားကို ကိုယ်က လုပ်နိုင်မှ အဆင်ပြေမှာပါ။ အဲ့တော့ ဘယ်လိုနည်းလမ်းနဲ့ သွင်းနိုင်မလဲ ဆိုတဲ့ဖြန့်ဝေရေးလမ်းကြောင်းတွေမှာလည်း ဈေးကွက်အနေအထားဆိုတာဟာ တော်တော်လေးကို အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

      စဉ်းစားမိရသလောက် ဘယ်လို လမ်းကြောင်းတွေရှိမလဲဆိုတာကို ဥပမာတစ်ခုလောက်ရှာကြည်ရအောင်။  စိုက်ပျိုးရေးက ထွက်တဲ့ စားသောက်ကုန်တွေကို ရောင်းလို့ရတဲ့နေရာတွေက တောင်သူတွေဈေးကွက်ရှိတယ်။ လမ်းဘေးမှာ ဆိုင်လေးတွေရမယ်။ အင်တာနက်ပေါ်မှ ာတင်ရောင်းလို့ရမယ်။ စားသောက်ဆိုင်တွေ သွင်းလို့ရမယ်၊ ပြီးတော့ သက်မွေးကျောင်းတွေ သင်တန်းကျောင်းတွေက စားသောက်ဆိုင်တွေ သွင်းတာလိုမျိုးတွေရမယ်။ နောက် ပြီးတော့ လက်ကားသမား ပွဲရုံကို သွင်းတာလိုမျိုးတွေရမယ်။ အဲ့လို ကုန်ပစ္စည်းကို ဖြန့်ဝေတဲ့နေရာတွေအများကြီး လမ်းကြောင်းတွေ အများကြီးရှိပါတယ်။ ဆိုတော့ လမ်းကြောင်းတစ်ခုကိုရွေးတိုင်းမှာ အပေါ်က အခက်အခဲတွေ ရှိနေမှာပါပဲ။ အတားအဆီးတွေကို ဖြတ်နိုင်တယ်ဆို ကိုယ့်ပစ္စည်းက ပိုပြီးတော့ အမြတ်ပိုရနိုင်ပါတယ်။ 

အမြဲစီးဆင်းတဲ့ နေရာမှာ ကိုယ်ကလည်း ရပ်မနေပါနဲ့။ လိုက်ပါစီးမျောရင်းနဲ့ အားလုံး ကျန်းမာကြပါစေ။ 

Reference

http://www.smartfarmerproject.eu/SmartFarmerPlatform/unit.php?unit_id=7

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်