မြန်မာ့ငရုတ်သီးကို မလေးရှားနိုင်ငံမှ ဝယ်ယူရန်ကမ်းလှမ်း

24/10/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   မလေးရှားနိုင်ငံကနေ မြန်မာ့ငရုတ်သီးကို မနေ့ကဝယ်ယူကမ်းလှမ်းခဲ့တာဖြစ်ကြောင်း မြန်မာ့ငရုတ်သီး စျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

   မြန်မာ့ငရုတ်သီးကို ငရုတ်ခြောက်တင်မက ငရုတ်စိုပါဝယ်ယူရန် ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ မြန်မာ့ငရုတ်သီး စျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော်က ပြောပါတယ်။

   “ငရုတ်သီးကိုဝယ်ယူဖို့အတွက် မနေ့က လာပြီးကမ်းလှမ်းခဲ့တာပါ။ တန်ချိန်ဘယ်လောက်နဲ့ ဘယ်လိုအမျိုးအစားတွေဝယ်မယ်ဆိုတာကိုတော့ မပြောသေးပါဘူး။ တွေ့ဆုံညှိနှိုင်းဆဲအဆင့်ပဲရှိသေးတယ်။ သူတို့က ငရုတ်သီးကို အစိုရော၊ အခြောက်ရော ဝယ်ယူသွားမှာပါ”

   ယခုလက်ရှိ မြန်မာ့ငရုတ် ပြည်ပတင်ပို့မှုမှာ ခေတ္တရပ်တန့်နေပြီး ဒီဇင်ဘာလမှာ ပြန်လည်တင်ပို့နိုင်ရေးအတွက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

   မြန်မာ့ငရုတ်တင်ပို့နိုင်ရေးအတွက်လည်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကို မနေ့ကလာရောက်တွေ့ဆုံခဲ့တာဖြစ်ကြောင်း သိရပါတယ်။

   မြန်မာ့ငရုတ်ကို မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးတာဖြစ်ကြောင်း မြန်မာ့ငရုတ်သီး စျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်