ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသထွက်ငရုတ်သီးများကို စမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းနေကြောင်း ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
ကန့်ဘလူဒေသဖွံ့ဖြိုးတိုးတက်စေရန်နဲ့ အရည်အသွေးကောင်းပြီး စျေးနှုန်းရရှိတဲ့ ငရုတ်မျိုးများစမ်း သပ်စိုက်ပျိုးနိုင်ရန် ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ငရုတ်သီးစျေးကွက်နှင့် နည်း ပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော်ကပြောပါတယ်။
ကန့်ဘလူကထွက်ရှိတဲ့ ငရုတ်သီးတွေ အရည်အသွေးကောင်းတွေရရှိလာရေး၊ တောင်သူတွေအတွက်လည်း စျေးနှုန်းကောင်းတွေရရှိစေဖို့အတွက် ငရုတ်သီးမျိုးများကို စမ်းသပ်စိုက်ပျိုးနိုင်ဖို့ ကန့်ဘလူက စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဆွေးနွေးခဲ့တယ်။ မျိုးလေးတွေစမ်း မယ်၊ ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်
ယခုနှစ်အတွင်း မြန်မာ့ငရုတ်သီးကို ပြည်ပနိုင်ငံများကို တင်ပို့နိုင်ရန် စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့ငရုတ်သီးကို ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံများကို အဓိကထားတင်ပို့နေတာဖြစ်ကြောင်းလည်း ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator