မွေးမြူသူများ ဆောင်ရွက်သင့်သော အချက်များ

14/08/2019 17:00 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

 “အစာစိုက်ပျိုး/သိုလှောင်မှု"

- နို့စားနွားမွေးမြူသူများ စားကျက်စိုက်ပျိုးမွေးမြူလာကြသည်။

- စာကျက်မြက်မျိုးများ စိုက်ပျိုးမွေးမြူလာသက္ဲ့သို့ စားကျက်ပဲမျိုးများ စိုက်ပျိုးခြင်းဖြင့် အစာနု ကုန်ကျစရိတ်လျော့ပါးစေပါသည်။ စားကျက်မြက်နှင့်ပဲ ရောနှောစိုက်ပျိုးခြင်းသည် စားကျက်ပင်သက်တန်းကို ရှည်စေပါသည်။

- မိမိစိုက်ပျိုးမည့် ဒေသ (သို့) မွေးမြူသောစနစ်နှင့်ကိုက်ညီသော စားကျက်မျိုးရွေးချယ်စိုက်ပျိုးသင့်ပါသည်။

- စားကျက်စိုက်ပျိုးရာတွင် စနစ်တကျစိုက်ပျိုး သင့်ပါသည်။ (ပေါင်းသတ်ခြင်း၊ လိုအပ်သော မြေသြဇာထည့်ခြင်း၊ မြေပြုပြင်ထွန်ယက်ခြင်း၊ မြေအနိမ့်အမြင့် ပြုပြင်ခြင်း) ဆိုလိုသည်မှာ

- မစိုက်ပျိုးမီ ပေါင်ရှင်းထားခြင်းဖြင့် မိမိစိုက်ပျိုးသော အပင်အား အနှောက်အယှက်မရှိစေဘဲ အာဟာရပြည့်ဝစွာ ရရှိစေခြင်း။

- မြေ၏ အရည်အသွေးကို စစ်ဆေးပြီး လိုအပ်သော မြေသြဇာထည့်သွင်း စိုက်ပျိုးခြင်းဖြင့် ထွက်နှုန်းနှင့် အပင်၏ အာဟာရပါဝင်မှု ကောင်းစေခြင်း။

- မြေပြုပြင်ရာတွင်လည်း ထွန်ရေးကောင်းမွန်ခြင်းဖြင့် စိုထိုင်းဆကို ထိန်းစေပြီး အပင်ပေါက်နှုန်းကောင်းစေခြင်း။

- မြေပြင်ညီညာခြင်းဖြင့် လွယ်ကူစွာ ရေပေးသွင်းနိုင်ခြင်းနှင့် လွယ်ကူစွား ရိတ်သိမ်းနိုင်ခြင်း။

- စိုက်ပျိုးပြီး အာဟာရပြည့်ဝချိန်တွင် မှန်ကန်စွာ ရိတ်သိမ်းနိုင်အောင် ဆောင်ရွက်သင့်ပါသည်။

- စိုက်ပျိုးရာတွင် အာဟာရပါဝင်မှုထက် ပမာဏများများ ထွက်ရှိသော စားကျက်ပင်ကို ဦးစားပေးစိုက်ပျိုးသကဲ့သို့ နွားမမွေးဖွားပြီး နို့ထွက်နှုန်း ကောင်းချိန် (၃ – ၄) လအတွင်း အရည်အသွေးပြည့်အစာများ ကျွေးမွေးနိုင်ရန် ထွက်နှုန်းနည်းသော်လည်း အာဟာရပြည့်ဝသော စားကျက်များကို စိုက်ပျိုးသင့်ပါသည်။

- မွေးမြူသူများသည် မိမိမွေးမြူထားသော ကောင်ရေအလိုက် နေ့စဉ်လိုအပ်သော အစာကြမ်းနှင့် အစာနုပမာဏ တွက်ချက်မွေးမြူခြင်း အစာရှားချိန်တွင်လည်း ထုတ်လုပ်မှုကို ထိန်းနိုင်အောင် ဆောင်ရွက်သင့်ပါသည်။

- မြန်မာနိုင်ငံတွင် အကြမ်းဖျင်းအားဖြင့် () လခန့် အစာပေါ၍ () လခန့်အစာရှားပါသည်။ အစာပေါချိန်တွင် အစာရှားချိန် () အတွက် ချဉ်ဖတ်ပြုလုပ်ကာ သိုလှောင်ထားသင့်ပါသည်။

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်