ပြိုင်ပွဲဝင် ကော်ဖီနမူနာများကို ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်

20/02/2020 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မတ်လ(၁)ရက်နေ့မှာကျင်းပမယ့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ ကော်ဖီအရည်အသွေး အကဲဖြတ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကော်ဖီနမူနာများကို ဖေဖေါ်ဝါရီလ(၂၇)ရက်နေ့ နောက်ဆုံးထား ပေးပို့ရမှာဖြစ်ကြောင်းသိရပါတယ်။ 

ပြိုင်ပွဲဝင်နမူနာများမှာ ရောင်းချရန်ကော်ဖီစေ့ (Export Quality) ၂၀၀ ကီလိုအနည်းဆုံးရှိခြင်း၊ ကိုယ်စားပြုနမူနာဖြစ်ခြင်း၊ ကော်ဖီစေ့ တစ်ကီလို (သို့) ၆၅ ကျပ်သားဖြစ်ခြင်း၊ ဇကာအရွယ် ၁၅ အထက်ဖြစ်ခြင်း၊ အပြစ်အနာအဆာရွေးပြီးသားဖြစ်ခြင်းနဲ့ အစိုဓါတ် ၁၀ - ၁၂% ကြားရှိရမှာဖြစ်ကြောင်းလည်း သိရပါတယ်။ 

ပေးပို့တဲ့နမူနာအိတ်များမှာ ထုတ်လုပ်သူအမည်၊ ကော်ဖီအမျိုးအစား၊ ထွက်ရှိရာဒေသ ၊ အမြင့်ပေ၊ ထုတ်လုပ်နည်း (ဥပမာ - အစိုနည်း၊ အခြောက်နည်း)၊ ပေးပိုတဲ့နမူနာများအတွက် ထုတ်လုပ်မှုပမာဏနဲ့ ဆက်သွယ်ရန် ဖုန်း(သို့) အီးမေးလ်တို့ ပါရှိရမှာဖြစ်ကြောင်း သိရပါတယ်။

ပေးအပ်မယ့်ဆုများမှာ Fully Wash Process အတွက် (၅)ဆု  ၊ Natural Dry Process အတွက် (၅)ဆု ၊ Honey Process အတွက် (၃)ဆုတို့ဖြစ်ကြောင်းသိရပါတယ်။

ပထမဆုရတဲ့ ကော်ဖီနမူနာကို Coffee Expo Seoul 2020 (COEX,South Korea) ပြပွဲမှာ ACF မှ ကြီးမှူးကျင်းပမယ့် Asean Coffee Auction ပွဲကို ပို့ဆောင်ပေးမှာဖြစ်ကြောင်း သိရပါတယ်။ 

ဒိုင်လူကြီးများအဖြစ် ပြည်ပမှ Q grader (၃) ဦးနဲ့ ပြည်တွင်းမှ အကူဒိုင်အဖြစ် ပြည်တွင်း Q  grader (၅) ဦးတို့မှ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အသေးစိတ်သိရှိလိုတဲ့ အချက်အလက်များကို မြန်မာနိုင်ငံကော်ဖီအသင်း ဖုန်းနံပါတ် ၀၉- ၉၆၄၀၁၀၀၆၉ နဲ့ ၀၉-၄၄၄၀၈၀၆၅၅ ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်