ထန်းသီးဆံဈေးကွက်သွက်လာ၍ ထန်းလုပ်ငန်းအပေါ် စိတ်ဝင်စားမှုများပြား

11/06/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

"အခုတော့ ထန်းလုပ်ငန်းကို လူတွေ စိတ်ဝင်စားလာအောင်လုပ်နေတယ်။ တစ်ရွာ ပြီးတစ်ရွာ ထန်းသီးဆံလိုက်ဝယ်နေတယ်။အဆံကို နေရာတင် တစ်ဆန်ကျပ် ၂၀ ပေး ဝယ်တယ်။ ထန်းသီးတစ်လုံး သုံးဆံပါတော့ ကျပ် ၆၀ ရတယ်။ ထန်းသီးတစ်လုံးခြောက် ချက်ခုတ်ရတယ်။ ဝင်ငွေကိုက်နေကြတယ်။ကျွန်တော်ဝယ်နေတာ တစ်ရက်ကို ထန်းသီး ဆံတစ်သောင်းဝန်းကျင်ရနေတယ်။ အရာ တော်မြို့နယ်ထဲက ရွာလေးရွာမှာပဲ ဝယ်သေး တာပါ။ နောက်နှစ်တော့ရွာ ၃၀ လောက်အထိ ကွင်းဆင်းဝယ်ဖို့လျာထားတယ်"ဟု ထန်းလျက် လုပ်ငန်းရှင် ကိုဇော်မင်းထိုက်က ပြောဆိုသည်။

အရာတော်မြို့နယ် ကျေးရွာများမှ ရလာ သော ထန်းသီးဆံများကို ရေခဲရိုက်၍ မြင်းခြံ မြို့သို့ရလာသောရက် ညနေအရောက်ပို့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်