ခရမ်းချဉ်ဈေးနှုန်းအတက်အကျ COVID-19 ပြန့်ပွားမှုအခြေအနေအပေါ် မူတည်စောင့်ကြည့်နေရ

24/08/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ခရမ်းချဉ်သီးဈေးနှုန်းအတက်အကျမှာ COVID-19 ရောဂါပြန့်ပွားမှုအခြေအနေအပေါ် မူတည်စောင့်ကြည့်နေရဆဲဖြစ်ကြောင်း ခရမ်းချဉ်ပွဲရုံများမှ သိရသည်။

ဈေးအတက်အကျက COVID-19 ပြန့်ပွားမှုအပေါ် မူတည်တယ်။ ဒီလပိုင်းတွေမှာ COVID-19 ရောဂါပြန့်ပွားမှု မများလာဘဲ လူတွေ ပုံမှန်အတိုင်းသွားလာနိုင်မယ် စားသောက်ဆိုင်တွေလည်း အစုံအလင် ပြန်ဖွင့်လာမယ်ဆိုရင် ဈေးမကျနိုင်ဘူး။ COVID-19 ပြန့်ပွားမှုမြင့်လာပြီး လူတွေအပြင်မထွက် ဈေးမသွားတော့ဘဲ တကယ်လိုအပ်တဲ့ အစားအသောက်လောက်သာ ဝယ်ကြမယ်ဆိုရင် ခရမ်းချဉ်ဈေး ကျသွားနိုင်တာပေါ့။ ခရမ်းချဉ်က ကြာကြာအထားခံတာမျိုးလည်းမဟုတ်တော့ ဈေးကွက်မသေချာရင် အများကြီးလှောင်ထားဖို့ မသင့်ဘူးလေ။

ဟု အောင်သီရိခရမ်းချဉ်ပွဲရုံ- အောင်ပန်း မှ စီမံအုပ်ချုပ်သူ ဦးဇင်မောင်မောင်ဖြိုးက ပြောသည်။

    ဩဂုတ်လ၊ စက်တင်ဘာလများမှာ နှစ်စဉ် ခရမ်းချဉ်ထွက်နှုန်းများသည့် ကာလများဖြစ်ပြီး၊ ယခုနှစ်တွင် ရာသီဥတုအခြေအနေနှင့် COVID-19 ရောဂါ ပေါ်ပေါက်လာသည့် အခြေအနေအရပ်ရပ်တို့ကြောင့် ယခင်နှစ်များကထက် ထွက်နှုန်းအနည်းငယ်ကျဆင်းမှုရှိခဲ့သည်။

နောက်ရက်တွေမှာ မိုးကျလာရင် အသီးက ပိုသီးလာဦးမှာဆိုတော့ ရှေ့လျှောက် ခရမ်းချဉ်က ပိုထွက်လာဖို့ တော့ အလားအလာရှိပါတယ်။ ဥပမာပြောရရင် ကျွန်တော်တို့ဘက်မှာ အရင်ရက်က အသီးသိပ်မရှိသေးဘူး။ အခုတော့ မှည့်လာနေကြပြီ။ ဈေးက ပြောလို့မရသေးဘူး။ နည်းနည်းချင်း ထပ်ကျလောက်နိုင်တယ်။ အခုရက်မှာတော့ ခရမ်းချဉ်တစ်ပိဿာ (၁၆၀၀) ကျပ် ရှိနေပါတယ်။ လက်လီဈေးပါ။

ဟု မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၊ ဒေးဒရဲရွာမှ ခရမ်းချဉ်စိုက်တောင်သူ ကိုဟန်ဇော်သက်က ဆိုသည်။ 

    ဇူလိုင်လပထမပတ်က ခရမ်းချဉ်လက်ကားတစ်ပိဿာလျှင် (၁၅၀၀) ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး၊ သြဂုတ်လ (၂၀) ရက်တွင် ခရမ်းချဉ် လက်ကားတစ်ပိဿာလျှင် (၁၂၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၆၀၀) ကျပ် ပေါက်ဈေး ရှိနေသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်