ရွှေကျင်မြို့နယ်တွင် ဝါးမီးသွေးသင်တန်းကို ပထမဦးဆုံးအကြိမ် ပြုလုပ်သင်ကြားပေးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရပါတယ်။
ဝါးမီးသွေးကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူများအတွက် ရည်ရွယ်ကာ သင်တန်းဖွင့်လှစ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ ဥက္ကဠ ဦးဝင်းကျော်ဦးက ပြောပါတယ်။
ဝါးမီးသွေးကို ရွှေကျင်မှာကျ တစ်ပိုင်တစ်နိုင်လုပ်တဲ့သူတွေ စျေးကွက်လည်းရဖို့အတွက်ရည်ရွယ်ပြီး ဖွင့်လှစ်ပေးသွားမှာပါ။ နည်းပညာကျတော့ ပြည်ပကနေ ထောက်ပံ့ကူညီပေးထားတယ်။ ဝါးမီးသွေး စျေးကွက်ရအောင်လည်း အသင်းအနေနဲ့ လုပ်ဆောင်နေတာတွေရှိပါတယ်
ဝါးမီးသွေးပြုလုပ်တဲ့ နည်းပညာသင်တန်းကို ဒိန်းမတ်နိုင်ငံမှ နည်းပညာအကူအညီထောက်ပံ့ပေးတာဖြစ်ကြောင်လည်းအဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ဝါး စျေးကွက်ရရှိနိုင်ရန်အတွက်လည်း ဝါးထွက်ရှိရာဒေသများမှာ ကွင်းဆင်းကာလုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာ့ဝါးကို ပြည်တွင်းစျေးကွက်မှာသာ ရောင်းချနေပြီး ပြည်ပနိုင်ငံများမှ ကမ်းလှမ်းမှုများရှိနေကြောင်းလည်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator