သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များ အရောင်းအဝယ်စာချုပ်ချုပ်ခြင်း ဆိုင်ရာ သိကောင်းစရာ သင်တန်းဖွင့်လှစ်သွားမည်

10/10/2019 10:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များကို direct sales contract အရောင်းအဝယ်စာချုပ်ချုပ်ခြင်းဆိုင်ရာ သိကောင်းစရာသင်တန်းကို ဖွင့်လှစ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

   သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များ အရောင်းအဝယ်စာချုပ်ချုပ်ခြင်းဆိုင်ရာ သင်တန်းကို ပထမဦးဆုံးအကြိမ် ဖွင့်လှစ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးစိုးသန်းမင်ဒင်ကပြောပါတယ်။

   “သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် ဘယ်လိုတိုက်ရိုက်ရောင်းချတာကိုသိအောင်လို့ ဖွင့်လှစ်တဲ့ သင်တန်းဖြစ်ပါတယ်။ ဒါက ပထမဦးဆုံးအကြိမ် ဖွင့်လှစ်တာပါ။ စိတ်ပါဝင်စားတဲ့သူတွေ တက်ရောက်နိုင်ပါတယ်။ တိုင်းနဲ့ပြည်နယ်က အသင်းအဖွဲ့ ဥက္ကဌတွေလည်း တက်ရောက်ကြမှာပါ”

   တောင်သူများအနေနဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များကို ရောင်းချရာမှာ သိသင့်သိထိုက်တဲ့ အကြောင်းအရာများ ၊ အရောင်းအဝယ်စာချုပ် ချုပ်ဆိုခြင်းဆိုင်ရာ ကိစ္စရပ်များမှာ ထည့်သွင်းရမယ့် အချက်အလက်များ၊ ဆောင်ရန်ရှောင်ရန်အချက်များကို သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

   သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များ အရောင်းအဝယ်စာချုပ်ချုပ်ခြင်းဆိုင်ရာ သိကောင်းစရာ သင်တန်းကို လူဦးရေ (၂၀) သာ တက်ရောက်ခွင့်ရမှာဖြစ်ကြောင်းလည်း သိရပါတယ်။

   အဆိုပါသင်တန်းကို အောက်တိုဘာလ (၁၀) ရက်နေ့၊ နေ့လည် (၁) နာရီမှာ အမှတ်(၂၉) ၊မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (၅) လွှာမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်