ဒူးရင်းသီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ ဖွဲ့စည်းနိုင်ရန် စတင်ကြိုးပမ်းနေ

08/06/2021 15:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးတို့မှ ဒူရင်းပင်စိုက်ပျိုးသူ တောင်သူများ စုပေါင်း၍ ဒူးရင်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့  ဖွဲ့စည်းနိုင်ရန် စတင်ကြိုးပမ်းနေကြောင်း သိရသည်။

အစုအဖွဲ့ စုဖွဲ့နိုင်အောင် ပဏာမအနေနဲ့ ကြိုးစားဆဲပဲရှိပါသေးတယ်။ တောင်သူတွေကတော့ စုစည်းလိုက်တာပေါ့နော်။ ဖေ့ဘုတ်ပေါ်မှာတွေ့ဆုံတဲ့ တောင်သူတွေရော ခရီးထွက်ရင်း ဆုံတွေ့ခဲ့တဲ့တောင်သူတွေ၊ ရန်ကုန်တိုင်းကမိတ်ဆွေတွေနဲ့ ပဲခူးတိုင်းက မိတ်ဆွေတွေရောပေါ့။ သစ်သီးဝလံပန်းမန်အသင်းကြီးက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့လည်း အကြမ်းဖျဉ်းတိုင်ပင်ထားပါတယ်ဗျ။ တခြားသီးနှံအသင်းတွေ အများကြီးရှိတယ်လေ။ ဒူးရင်းက ဘာဖြစ်လို့ မစုစည်းဖြစ်သေးတာလဲ စဉ်းစားမိတယ်။ ကျွန်တော်လည်း ဒူးရင်းခြံစိုက်ပျိုးထားတယ်ဆိုတော့ စုစည်းလို့အောင်မြင်ခဲ့ရင် အနာဂတ်အစီအစဉ်တွေကတော့ အများကြီးပေါ့။ အစုအဖွဲ့ကနေ အသင်းနဲ့ပူးပေါင်းပြီး ဘယ်လိုတောင်းဆိုလို့ရမလဲ။ ပရောဂျက်တွေလုပ်မလား။ ဈေးကွက်တွေရှာမလားပေါ့နော်။

ဟု ဒူးရင်းသီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ဖြစ်မြောက်ရေး ဦးဆောင်ကြိုးပမ်းနေသူ ဦးဖေသိုက်အောင်က ပြောသည်။

    ဒူးရင်းသီးသည် ဈေးကွက်ကောင်း တန်ဖိုးမြင့်သည့် သီးနှံအမျိုးအစားတစ်ခုဖြစ်သည့်အပြင် ဒူးရင်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတော်၏ အားပေးကူညီထောက်ပံ့မှုများ ရရှိလာနိုင်ခြင်း၊ တောင်သူများ စည်းလုံးညီညွှတ်စွာဖြင့် ပူးပေါင်းလုပ်ဆောင်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။ 

ကျွန်တော်တို့ တောင်သူအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အသိပညာတွေ နည်းပညာတွေ ဖလှယ်မယ်။ တိုင်ပင်မယ်။ ဆွေးနွေးကြမယ်ဆိုရင် ပိုအောင်မြင်နိုင်တာပေါ့။ ဒူးရင်းက Export ထွက်နိုင်မယ်ဆိုရင် ဝင်ငွေကောင်းတဲ့ သီးနှံပါ။ လောလောဆယ်အရောင်းအဝယ်တွေကတော့ အဆင်ပြေနေတယ်ပြောရမှာပေါ့။ ပြည်တွင်းဈေးကွက်က အဆင်ပြေနေတယ်ပေါ့။ ကျွန်တော် ခရီးထွက် သွားလာခဲ့သမျှ ခြံတွေကထွက်တဲ့ ဒူးရင်းသီးတွေကို ရန်ကုန်ပို့တယ်။ ဒေသတွင်းမှာလည်း ရောင်းချနေကြတယ်။ လက်ရှိအခြေအနေအရတော့ ဈေးနည်းရင်လည်း နည်းမှာပေါ့နော်။ အရောင်းအဝယ်ကတော့ အဆင်ပြေကြပါတယ်။

ဟု ဦးဖေသိုက်အောင်က ဆက်လက်ပြောသည်။

    မြန်မာနိုင်ငံတွင် ဒူးရင်းပင်ကို တနင်္သာရီတိုင်း ရေး၊ ဘိတ်၊ ထားဝယ်ဒေသများနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် စိုက်ပျိုးဖြစ်ထွန်းနေပြီး ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးရန်သင့်ကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်