မန်ဂျန်ရှား ၊ အကေးရှားမျိုးနှင့်ကြီးမြန်ပင်များ ပြည်တွင်းပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ဖို့အတွက် ကြိုးပမ်းမည်

11/09/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မန်ဂျန်ရှား ၊ အကေးရှားမျိုးနှင့်ကြီးမြန်ပင်များစိုက်ပျိုးမှု တွင်ကျယ်လာပြီး ပြည်တွင်းဈေးကွက်ဖော်ဆောင်ရန်နှင့် ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ဖို့အတွက် မြန်မာ့ကြီးမြန်သစ်မာစိုက်ခင်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းချုပ်မှ ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု သိရသည်။ 

လက်ရှိမှာ အသင်းအနေနဲ့ ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေရော၊ ပညာရှင်တွေပါ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြပါတယ်။ ပြည်တွင်းပြည်ပဈေးကွက်နဲ့ပတ်သက်ပြီး အသင်းကနေ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းထားပါတယ်။ အသင်းကော်မတီကဦးဆောင်ပြီး ဈေးကွက်ဖော်ဆောင်ရေး၊ ဈေးနှုန်းမှန်မှန်ကန်ကန် ရောင်းချစေရေးတို့အတွက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဟု Fast-GRO မြန်မာ့ကြီးမြန်သစ်မာစိုက်ခင်းများ ဖွံ့ဖြိုးတိုးတက်ရေး အသင်းချုပ် (ဗဟို) ၏ အတွင်းရေးမှုးချုပ် ဒေါ်မင်းမင်းအေး က ပြောသည်။ 

    မန်ဂျန်ရှား၊ အကေးရှား စသည့် ကြီးမြန်သစ်မာများသည် ကမ္ဘာ့ဈေးကွက်အတွင်း နေရာယူပြီးသားဖြစ်သကဲ့သို့ မြန်မာ့မန်ဂျန်ရှား၊ အကေးရှားမျိုးနှင့် ကြီးမြန်ပင်များမှ ထွက်ရှိသည့်သစ်များ  ဈေးကွက်နေရာရရှိစေရန်အတွက် ရေတိုရေရှည်စီမံကိန်းများဖြင့် စုပေါင်းကြိုးပမ်းသွားရမည် ဖြစ်သည်။ 

မန်ဂျန်ရှား၊ အကေးရှားမျိုးနဲ့ ကြီးမြန်ပင်များကထွက်တဲ့သစ်တွေဟာ ကမ္ဘာ့ဈေးကွက်မှာ နေရာယူပြီးသားဖြစ်ပေမဲ့ လက်ရှိ မြန်မာပြည်မှာ ဝယ်လက်က ကြိုက်ဈေးပေးပြီးဝယ်တဲ့ အနေအထားပဲရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ ဒီသစ်တွေကို သုံးဖူးသူလည်း သိပ်မရှိသေးတဲ့အနေအထား ဖြစ်‌နေပါသေးတယ်။ ပြည်တွင်းက ကုန်ချောထုတ်လုပ်သူ လုပ်ငန်းရှင်တချို့ကပဲ ဝယ်ယူနေတာဖြစ်ပြီး ဝယ်သူပေးတဲ့ဈေးအတိုင်း ရောင်းနေရတဲ့အခြေအနေ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ကုန်ချောတွေထုတ်လုပ်ပြီး ဂျပန်နိုင်ငံနဲ့ ဥရောပကို တင်ပို့ကြပါတယ်။ အသင်းအနေနဲ့ကတော့ ဈေးကွက်ကို ကုန်ချောအထိ နည်းလမ်းအသွယ်သွယ်နဲ့ ပုံဖော်သွားဖို့ ကြိုးပမ်းနေပါတယ်။ ဥပမာ- Biomass လို ရုံးသုံးစက္ကူ Paper အတွက် ကုန်ကြမ်း၊ ပါကေး၊ အထပ်သား၊ ပရိဘောဂ စသဖြင့်ပေါ့။

ဟု ဒေါ်မင်းမင်းအေး က ဆက်လက်ပြောသည်။ 

    ကြီးမြန်သစ်မာဈေးကွက်ကောင်းများ ဖော်ဆောင်နိုင်ရန်အတွက် အဓိကကျသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည့် မြန်မာတစ်နိုင်ငံလုံးရှိ စိုက်ဧကစစ်တမ်းရရှိရန်အတွက်လည်း အသင်းမှ ဦးဆောင်ကြိုးပမ်းနေကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်