"စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး" ရေဒီယိုအစီအစဉ်

08/09/2017 09:58 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။
မြန်မာနိုင်ငံမှာ လယ်ယာလုပ်ငန်းခွင် လုပ်သားရှားပါးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို စက်စွမ်းအားသုံးဖြေရှင်းနိုင်ဖို့ စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။ စက်မှုလယ်ယာစနစ်ရဲ့ အဓိက သွင်းအားစုဖြစ်တဲ့ လယ်ယာသုံးစက်ကိရိယာ တွေကို တောင်သူတွေအနေနဲ့ ဝယ်ယူအသုံးပြုချင်ပေမဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ဒီလိုအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ဌာနဆိုင်ရာတွေက ကြိုးပမ်းဆောင်ရွက်ပေးနေတာတွေနဲ့ ပတ်သက်ပြီး မြန်မာ့အသံ ရေဒီယို "စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး" အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 
 
ထိုအစီအစဉ်ကို ပြန်ကြားရေးတန်ကြီးဌာန၊  UNESCO နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး၊ မြန်မာ့အသံနှင့် သြစေတြးလျားနိုင်ငံ ABC နိုင်ငံတကာဖွံ့ဖြိုးရေးဌာနတို့က စီစဉ်ထုတ်လွှင့်ပေးနေတာဖြစ်ပြီး ယနေ့ ၁၃၇၉ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် (သြဂုတ်လ ၉ ရက်နေ့) ညနေ ၆ နာရီ ၁၅ မိနစ် အချိန်တွင် မြန်မာအသံရေဒီယိုမှ ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါ သည်။ 

Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်