အံ့ဖွယ်ထူးခြား . . . . . . . ရေဘဝဲ၏ သဘာဝများ

27/01/2020 17:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ခြေတံလက်တံ()ချောင်းပါသော ရေနေသတ္တဝါမှာ ရေဘဝဲ (octopus)အဖြစ်ထင်ရှားပြီး ကျောရိုးမဲ့ရေနေသတ္တဝါ (invertebrate)အုပ်စုတွင် ရေဘဝဲသည်လည်း ပါဝင်ပါသည်။ ရေဘဝဲများမှာ သူတို့၏ ခြေ၊ လက်တံများ ပြတ်သွားပါက အသစ်ပြန်ထွက်လာသော သဘာဝရှိကြပါသည်။ ခန္ဓာကိုယ်အလေးချိန် ပေါင် (၅၀) အရွယ်ရှိသော ရေဘဝဲတစ်ကောင်သည် အချင်း()လက်မခန့်ရှိသော တွင်းထဲသို့ အသာလေး တိုးဝင်နိုင်စွမ်းရှိသည်။ ရေဘဝဲများမှာ ရေငန်ပိုင်းတွင် နေထိုင်ကြသော အခွံမဲ့ (no shell)များ ဖြစ်ကြပါသည်။

ရေဘဝဲ (octopus)၏ ခန္ဓာကိုယ်ပုံစံမှာ ထုလုံးပုံစံရှိကြပြီး ရှည်လျားကြပါသည်။ ရေဘဝဲများတွင် မီးသီးပုံလုံးဝန်းသည့်ဦးခေါင်း၊ ကြီးမားသော မျက်လုံးများနှင့် သိသာရှည်လျားသည့် ခြေ၊ လက်တံ () ချောင်းပါသည့် သူတို့၏ ပုံပန်းသဏ္ဍာန်အရ ထူးခြားသောရေသတ္တဝါဟု ပြောရမည် ဖြစ်ပေသည်။

ရေဘဝဲများ၏ သွေးအရောင်မှာ နက်ပြာရောင်ဖြစ်ပြီး သူတို့တွင် မှင်ပြာရည်အိတ်ရှိကြပါသည်။ ဂဏန်း၊ ကျောက်ပုစွန်နှင့် မုတ်ကောင်များမှာ ရေဘဝဲ၏ အစာဖြစ်ပြီး ရေဘဝဲများမှာ သားကောင်ကို မတိုက်ခိုက်ခင် အာရုံရှုပ်ထွေးသွားစေဖို့အတွက် မှင်ပြာရည်ကို အသုံးပြုကြခြင်း ဖြစ်သည်။ ထို့ပြင် မှင်ပြာရည်မှာ ရေဘဝဲတွေ၏ ရန်သူ ရေသတ္တဝါများကို နာကြင်အောင် (သို့မဟုတ်) ရန်သူ၏မျက်လုံးကို ကန်းသွားစေလောက်သည်အထိ ကျိန်းစပ်စေပါသည်။ ရေဘဝဲများ၏ မှင်ပြာရည်ကို ရေဘဝဲတွေကိုယ်တိုင် မရှောင်နိုင်ပါကလည်း ၎င်းတို့ကိုယ္်တိုင်လည်း သေဆုံးရလေ့ရှိပါသည်။

ရေဘဝဲတွေမှာ နှလုံး()ခုပါရှိပြီး ရေဘဝဲတွေရေကူးနေချိန်မှာ နှလုံးခုန်တာ ရပ်သွားကြပါသည်။ ရေဘဝဲတွေ ရေကူးခြင်းမှာ သူတို့အတွက် မောပန်းနွမ်းနယ်စေသောကြောင့် ရေဘဝဲတွေ ရေကူးတယ်ဆိုတာထက် တွားသွားကြခြင်းဖြစ်သည်ဟု ဆိုကြပါသည်။ ရေဘဝဲများ၏ ခြေ၊ လက်တံများမှာ အာရုံခံစားနိုင်စွမ်းရှိကြပြီး ၃ပုံ ၂ပုံသော အာရုံကြောများမှာ ဦးခေါင်းထဲတွင် မဟုတ်ဘဲ ခြေ၊ လက်တံတွေမှာ ရှိနေကြခြင်းဖြစ်ပါသည်။

ရေဘဝဲအထီးမှာ မိတ်လိုက်ပြီးနောက်ပိုင်း သိပ်မကြာခင်မှာ သေဆုံးရလေ့ရှိပြီး ရေဘဝဲအမမှာ ဥပေါင်း ()သိန်းခန့်ကို သယ်ဆောင်ထားရပြီး ကာကွယ်စောင့်ရှောက်ကြရပါသည်။ ရေဘဝဲအမမှာ ရေဘဝဲလေးတွေ ဥပေါက်သည်အထိ အစာငတ်ခံကြရပါသည်။ သို့သော် ရေဘဝဲအမများမှာ အစာအငတ်ခံ၍ သေဆုံးသွားရခြင်း မရှိဘဲ သူတို့ခန္ဓာကိုယ်မှ ဆဲလ်တွေအလိုအလျောက်သေဆုံးသွားမှသာ သေဆုံးရခြင်းဖြစ်သည်ဟု သိရသည်။

ရေဘဝဲ (octopus)များမှာ Cephalopods (ကင်းမွန်၊ ပြည်ကြီးငါး၊ ရေဘဝဲ) အုပ်စုဝင် ပါဝင်ပါသည်။ အသားဓါတ် (Protein)မြင့်မားစွာပါဝင်ပြီး အဆီပါဝင်မှု နည်းပါးသောကြောင့် လူသားများ၏ ကျန်းမာရေးအတွက် အထောက်အကူပြုသော ရေသတ္နဝါလည်း ဖြစ်သည်။ ရေဘဝဲကို သုပ်စား၊ ကင်စားခြင်းအပြင် ရေဘဝဲလုံးကြော်၊ ရေဘဝဲချဥ်စပ်၊ ရေဘဝဲထောင်း၊ရေဘဝဲဖောင်း စသည့် ဟင်းလျာများမှာ နာမည်ကြီးပြီး အရသာ ထူးလှပါသည်။

ရေဘဝဲမျိုးစိတ်နှင့် ပတ်သက်၍

Phylum (မျိုးပေါင်းစု) - Mollusca

Class (အမျိုးအစား) - Cephalopoda

Order (မျိုးစဥ်) - Octopoda

Family (မျိုးရင်း) - Octopodae

Genus (မျိုးစု) - Octopus

Species (မျိုးစိတ်) - Globusus

English Name (အင်္ဂလိပ်အမည်) - Globe Octopusဟူ၍ ဖြစ်ပါသည်။

ပင်လယ်ပြာ(ငါးဦးစီးဌာန)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်