ကွမ်းသီးထွက်သည့်ရာသီချိန်ဖြစ်သော်လည်း ဈေးနှုန်းတည်ငြိမ်မှုမရှိ

30/06/2021 11:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ယခုကာလသည် ကွမ်းသီးထွက်ရှိသည့်ရာသီချိန်တစ်ခုဖြစ်ပြီး ကွမ်းသီးဈေးနှုန်းများမှာ တည်ငြိမ်မှုမရှိဘဲ၊ တစ်နေ့နှင့်တစ်နေ့ ခန့်မှန်းမရနိုင်ကြောင်း ကွမ်းသီးကုန်သည်များထံမှ သိရသည်။

    ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၉) ရက်ပေါက်ဈေးအရ ကွမ်းသီးအစို(အရင့်)တစ်လုံးလျှင် မော်လမြိုင်အထိုင်ဈေး (၅၅)ကျပ် ဈေးနှုန်းဖြင့် ရောင်းဝယ်ဖောက်ကားနေသည်။

ကွမ်းသီးဈေးက တစ်နေ့နဲ့တစ်နေ့ မတူနိုင်ပါဘူး။ နည်းနည်းပြန်တက်တဲ့အခါ တက်နိုင်တယ်။ ဈေးကျသွားတဲ့အခါလည်း ကျသွားနိုင်ပါတယ်။ ပြီးခဲ့တဲ့လေးရက်က တစ်လုံးကို ၆၀ ကျပ်နဲ့ ဝယ်တယ်ဆိုပေမယ့် ဒီနေ့မှာ ဈေးနှုန်းတစ်ခုဖြစ်သွားပါတယ်။ မနက်ဖန်မှာလည်း ဘယ်ဈေးဖြစ်မယ် မသိသေးပါဘူး။ အခုအချိန်မှာတော့ ဈေးကွက်က ရောင်းလိုအားများတယ်၊ ဝယ်လိုအားနည်းနေတယ်ပေါ့။ နယ်ဝေးကိုတင်ပို့တဲ့ ဈေးကွက်တွေက ကျဆင်းနေတော့လေ။ လမ်းခရီးအသွားအလာခက်ခဲတာတွေ၊ ငွေလွှဲငွေထုတ်တွေ ခက်ခဲတာတွေကြောင့် ပစ္စည်းက ကိုယ့်ဒေသမှာပဲ ပုံနေတာပေါ့။

ဟု မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှ ကွမ်းသီးကုန်သည် ကိုဖြူစင်ထက်က ပြောသည်။

    မြန်မာနိုင်ငံမှ ကွမ်းသီးများကို တနင်္သာရီတိုင်း(ရေး၊ မြိတ်၊ ထားဝယ်)နှင့် မွန်ပြည်နယ် (မော်လမြိုင်၊ ကျိုက်ထို၊ တောင်စွန်း၊ ဘီးလင်း)တို့မှ အများဆုံးထွက်ရှိနေပြီး၊ ပြည်တွင်းဈေးကွက်အပြင် အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့ရောင်းချကြသည်။

    ကိုဗစ်-၁၉ ကာလအတွင်း တင်ပို့မှုလမ်းကြောင်းများ မကောင်းမွန်သဖြင့် ပြည်တွင်းဈေးကွက်ကိုသာ အဓိကအားထားနေရခြင်း ဖြစ်သည်။

မော်လမြိုင်မြို့နယ် ဘေးပတ်ပတ်လည်ကျွန်းတွေက ကျွန်းသီးတွေထွက်တဲ့ကာလပါ။ ကွမ်းသီးထွက်တာတော့ တစ်နှစ်ပတ်လည်လုံးထွက်တယ်။ အဓိကအားဖြင့်တော့ တစ်နှစ်ကို နှစ်ကြိမ် လှိုင်လှိုင်ထွက်တယ်။ ဒီအချိန်လောက်ကနေ အသီးတွေစထွက်ပြီးရင် ဝါဆို၊ ဝါခေါင်တွေအထိ အသီးဆက်ထွက်နေဦးမယ်။ တော်သလင်းလဆိုရင် အသီးတစ်ခါကုန်သွားပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေဆို အသီးအနုတွေပြန်ထွက်ပါပြီ။ တပေါင်းလ၊ တန်ခူးလတွေရောက်ရင်တော့ နောက်တစ်ကြိမ်အသီးပြန်လှိုင်ပြီ၊ ပြန်ခူးလို့ရပြီပေါ့။ကျွန်တော်တို့မော်လမြိုင်မြို့နယ်မှာကတော့ ခြံသီးနည်းနည်းပဲ ရှိမယ်။ ကျွန်းသီးတွေများတယ်။

ဟု ကိုဖြူစင်ထက်က ဆက်လက်ပြောသည်။

    ကျွန်းသီးဆိုသည်မှာ ရေပတ်လည်ဝိုင်းနေသော မြေနုကျွန်းများတွင် စိုက်ပျိုးသည့် ကွမ်းသီးဖြစ်ပြီး၊ ခြံသီးဆိုသည်မှာ ကုန်းတွင်းဒေသများ၊ တောင်ယာများ၊ ရော်ဘာခြံနှင့် နှစ်ရှည်ပင်ခြံများအတွင်း စိုက်ပျိုးသည့်ကွမ်းသီးကို ခေါ်ဝေါ်ခြင်းဖြစ်သည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်