အသုံးဝင်လွန်းတဲ့ ကော်ဖီအကြမ်းမှုန့်

23/09/2021 11:00 AM တွင် ThawZin ThawZin မှ ရေးသား

    ကော်ဖီဟာ ကမ္ဘာတစ်ဝှမ်း အလွန်နာမည်ကြီးတဲ့ သောက်စရာတစ်ခုဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကော်ဖီကို သောက်သုံးခြင်းအပြင် အခြားဘယ်နေရာတွေမှာ အသုံးဝင်သလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 

- အပင်တွေအတွက် မြေဆီလွှာအာဟာရဓာတ်ဖြည့်ပေးခြင်း

    အပင်တွေဟာ ပေါက်ရောက်နေတဲ့ မြေဆီလွှာမှ အာဟာရဓာတ်များကို စုပ်ယူတာကြောင့် မြေဆီလွှာတိုင်းဟာ အာဟာရပြည့်ဝမနေနိုင်ပါဘူး။ ကော်ဖီကြမ်းမှုန့်ဟာ အပင်ကြီးထွားဖို့လိုအပ်တဲ့ နိုက်ထရိုဂျင်၊ ထုံးဓာတ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ကြေးဓာတ် အစရှိသည်တို့ကို မြေဆီလွှာကို ထောက်ပံ့ပေးပါတယ်။ မြေဆီလွှာအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်များကိုလည်း စုပ်ယူပေးနိုင်ပါတယ်။ မြေဆီလွှာအတွက် အကျိုးရှိစေတဲ့ တီကောင်တွေကို ဆွဲဆောင်ပေးပါတယ်။ ကော်ဖီကြမ်းမှုန့်ကို အပင်ပတ်လည် မြေဆီလွှာပေါ်ကို ဖြန့်ဖြူးပေးခြင်းအားဖြင့် မြေဆီလွှာကို အာဟာရဖြည့်ပေးနိုင်ပါတယ်။

- ဇီဝမြေသြဇာပြုလုပ်ခြင်း

    စွန့်ပစ်ပစ္စည်းတွေနဲ့ မြေသြဇာပြုလုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုလျှင်လည်း အခြားစွန့်ပစ်ပစ္စည်းများနှင့်ရောစပ်ပြီး အဆွေးခံထားလို့ရပါတယ်။ မီးဖိုချောင်စွန့်ပစ်ပစ္စည်းပစ္စည်းများနဲ့ ဇီဝမြေသြဇာပြုလုပ်ရာမှာ ကော်ဖီမှုန့်ပါဝင်ပါက ပိုမိုကောင်းမွန်တဲ့ ဇီဝမြေသြဇာကို ရရှိစေပါတယ်။ 

- အင်းဆက်ပိုးမွှားများ ဖယ်ရှားပေးခြင်း

    ကော်ဖီမှာပါဝင်တဲ့ အချို့သောဓာတ်တွေဟာ အင်းဆက်အဖျက်ပိုးမွှားများကို အဆိပ်အတောက်ဖြစ်စေပါတယ်။ ဒါကြောင့် ကော်ဖီမှုန့်ဟာ ကြမ်းပိုး၊ ခြင်၊ ဖြုတ်နဲ့ အခြားအဖျက်ပိုးမွှားများကို ဟန့်တားနိုင်ပါတယ်။ အင်းဆက်ပိုးမွှားများ မလာစေချင်တဲ့နေရာကို ကော်ဖီမှုန့်ကိုဖြူးပြီး အသုံးပြုလို့ရပါတယ်။ အပင်ငယ်လေးတွေပတ်လည်မှာ ဖြူးပေးခြင်းအားဖြင့် မြေဆီလွှာအာဟာရဖြစ်စေတဲ့အပြင် အပင်ဖျက်မယ့် ခရု၊ ပက်ကျိနဲ့ အင်းဆက်ပိုးမွှားများရန်မှ ဟန့်တားပေးနိုင်ပါတယ်။

- အိမ်မွေးတိရိစ္ဆာန်သန်းများ ဖယ်ရှားနိုင်ခြင်း

    တိရိစ္ဆာန်လေးတွေကို ရေချိုးပေးတဲ့အခါ ဆပ်ပြာနဲ့အတူ ကော်ဖီမှုန့်ပါထည့်ပွတ်ပေးခြင်းဖြင့် သန်းများကိုပြေးစေတဲ့အပြင် တိရစ္ဆာန်လေးတွေရဲ့ အမွှေးအမျှင်တွေပါ ပိုမိုလှပလာစေနိုင်ပါတယ်။ ကော်ဖီဟာ ခွေးလေးတွေအတွက် အနည်းငယ်အဆိပ်အတောက်ဖြစ်စေသောကြောင့် မစားသုံးမိအောင်တော့ ဂရုစိုက်ရပါမယ်။ 

- အနံဆိုးများ ဖယ်ရှားပေးခြင်း

    ကော်ဖီမှုန့်ဟာ အနံ့ဆိုးများကို စုပ်ယူပြီးဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ရေခဲသေတ္တာထဲမှာ အနံ့ထွက်နေပါက ကော်ဖီမှုန့်ကို ပန်းကန်လုံးထဲထည့်ပြီး ရေခဲသေတ္တာအတွင်း ထားပေးနိုင်ပါတယ်။ ကော်ဖီမှုန့်ကို အဝတ်စအပါးနှင့် အထုပ်ပုံစံပြုလုပ်ပြီး အနံ့အသက်စုပ်ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ အနံ့အသက်ဆိုးတစ်ခုခုစွဲကပ်နေပါက ကော်ဖီမှုန့်ဖြင့် တိုက်ချွတ်ဆေးကြောဖယ်ရှားနိုင်ပါတယ်။

- သန့်ရှင်းရေးပစ္စည်းအဖြစ် အသုံးပြုနိုင်ခြင်း

    ကော်ဖီမှုန့်ဟာ ရှရှကြမ်းကြမ်းဖြစ်တာကြောင့် တိုက်ချွတ်ရခက်တဲ့ မျက်နှာပြင်များကို ပွတ်တိုက်သန့်စင်ပေးနိုင်ပါတယ်။ ပိုးမွှားများကိုသေစေတဲ့ အာနိသင်ရှိတာကြောင့် သန့်ရှင်းရေးပစ္စည်းအနေဖြင့် အသုံးပြုဖို့သင့်လျော်ပါတယ်။ ညစ်ပေနေသော အိုးခွက်ပန်းကန်မျက်နှာပြင်များကို ပွတ်တိုက်ဆေးကြောပေးခြင်းအားဖြင့် ရေချိုးများနှင့် အညစ်အကြေးများကင်စင်ပြီး ပြောင်လက်တောက်ပစေပါတယ်။

- အသားအရေအလှအပအတွက် အသုံးပြုနိုင်ခြင်း

    ကြမ်းရှရှကော်ဖီမှုန့်ဟာ အသားအရေမှ အညစ်အကြေးများနဲ့ ဆဲလ်သေများကို ဖယ်ရှားပေးနိုင်ပါတယ်။ ကော်ဖီမှုန့်ကို ပျားရည်အနည်းငယ်နှင့် အုန်းဆီရောစပ်ပြီး အသားအရေကို ညင်သာစွာပွတ်တိုက်အသုံးပြုနိုင်ပါတယ်။ ပြီးလျှင် ၅ မိနစ် ၁၀ မိနစ်ခန့်စောင့်ပြီး ပြန်လည်ဆေးကြောပေးရပါမယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်တာကြောင့် နေရောင်ကြောင့် အသားအရေပျက်စီးမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ 

    အမျိုးသမီးများ ပေါင်၊ တင်ပါး အစရှိတဲ့နေရာများမှ အဆီပြင်တွေမှာ အဖုအထစ်အချိုင့်ပုံစံများ ရှိနေတတ်ပါတယ်။ ထိုနေရာများကိုလည်း ကော်ဖီမှုန့်၊ ပျားရည်၊ အုန်းဆီ အရောအစပ်ဖြင့် တစ်ပတ်လျှင်၂ ကြိမ်ခန့် ညင်သာစွာပွတ်တိုက်ပေးပါက ပိုပြီးကြည့်လို့ကောင်းလာနိုင်ပါတယ်။ 

- သဘာဝဆိုးဆေးအဖြစ် အသုံးပြုနိုင်ခြင်း

    ကော်ဖီကြမ်းမှုန့်ထည့်ကာ ရေကိုပွက်ပွက်ဆူအောင်တည်ထားရပါမယ်။ ပွက်လာပါက မီးအပူပေးတာရပ်လိုက်ပြီး အရောင်ဆိုးချင်တဲ့ချည်ထည် စသည်ကို ထည့်စိမ်ထားပေးလိုက်ပါ။ ကြာကြာစိမ်ထားလေ အရောင်ရင့်လေဖြစ်တဲ့အတွက် ကိုယ်လိုချင်တဲ့အနေအထားဖြစ်လာတဲ့အခါ ကော်ဖီထဲမှထုတ်ပြီး ဆပ်ပြာအပျော့စားဖြင့်လျှော်လိုက်ပါက ကော်ဖီရောင်ချည်ထည်ကိုရရှိနိုင်ပါပြီ။ 

-အသားများကို နူးညံ့စေခြင်း

    ကော်ဖီမှုန့်မှာ အသားတွေကိုနူးညံ့ပျော့ပျောင်းစေတဲ့ ဓာတ်များပါဝင်တဲ့အပြင် အသားရဲ့ အရသာကို တိုးပွားစေတာကြောင့် အသားနှပ်ရာမှာ အသုံးပြုနိုင်ပါတယ်။ ချက်ပြုတ်မည့်အသားကို ကော်ဖီမှုန့်နှင့်နယ်ကာ ၂ နာရီခန့်နှပ်ထားပေးပြီး အသုံးပြုနိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့အသားအရသာရရှိလိုပါက ကော်ဖီမှုန့်ကိုရေနွေးအနည်းငယ်ဖြင့်ဖျော်ကာ အသားနဲ့အတူ ရေခဲသေတ္တာထဲမှာ ၁ ရက် နှပ်ထားနိုင်ပါတယ်။ 

- ဆံကေသာ အတွက်အသုံးပြုနိုင်ခြင်း

    လေ့လာမှုတွေအရ ကော်ဖီမှာပါတဲ့ကဖင်းဓာတ်ဟာ အရေပြားကို သွေးလည်ပတ်မှုကောင်းမွန်စေပြီး ဆံသားကြီးထွားမှုကို လှုံ့ဆော်ပေးတယ်လို့ဆိုပါတယ်။ ခေါင်းမလျှော်ခင်မှာ ကော်ဖီမှုန့်အနည်းငယ်ကို ရေစိုနေတဲ့ဦးရေပြားပေါ်ကိုဖြူးကာ မိနစ်အနည်းငယ်ခန့်နှိပ်နယ်ပေးပြီး အသုံးပြုနိုင်ပါတယ်။ 

- ပရိဘောဂပစ္စည်းများမှ အစင်းရာ၊ အခြစ်ရာများဖယ်ရှားပေးနိုင်ခြင်း

    ကော်ဖီမှုန့်ကို ရေဖြင့် ခပ်ပျစ်ပျစ်ဖျော်ပြီး ဝါဂွမ်းဖြင့်တို့ကာ အစင်းရာအခြစ်ရာများကို ခပ်ဖွဖွပွတ်ပေးပါ။ ငါးမိနစ်ခန့်ကြာသောအခါ ဝါဂွမ်းခြောက်ဖြင့် ပြန်လည်ပွတ်တိုက်ပေးပါ။ မိမိလိုချင်သော အရောင်ရတဲ့အချိန်ထိ လုပ်ငန်းစဉ်ကို ထပ်မံလုပ်ဆောင်ပေးရပါမယ်။ 

- မျက်ကွင်းအသားအရေအတွက် အသုံးပြုနိုင်ခြင်း

    မျက်ကွင်းတစ်ဝိုက်အသားအရေဟာ အလွန်နူးညံ့တာကြောင့် မျက်ကွင်းညိုခြင်း၊ မျက်ကွင်းအစ်ခြင်း၊ အသားအရေတွန့်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီး ရောင်ယမ်းမှုတွေလျော့ကျစေတာကြောင့် မျက်ကွင်းပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ လေ့လာမှုတွေကဆိုပါတယ်။ ကော်ဖီမှုန့်ကို ရေသို့မဟုတ် အုန်းဆီဖြင့် ခပ်ပျစ်ပျစ်ဖျော်ကာ မျက်လုံးအောက်ဖက်ကို လိမ်းပေးပါ။ ၁၀ မိနစ်ခန့်ကြာတဲ့အခါ ရေခပ်နွေးနွေးဖြင့် ဆေးချပေးပါ။ နေ့စဉ်ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့် မျက်ကွင်းညိုခြင်း၊ မျက်ကွင်းအစ်ခြင်း၊ မျက်ကွင်းအသားအရေတွန့်ခြင်း စတဲ့ မျက်ကွင်းတစ်ဝိုက် အသားအရေပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။ အသုံးပြုတဲ့အခါ မျက်လုံးထဲဝင်မသွားအောင် သတိထားပေးဖို့တော့ လိုအပ်ပါတယ်။ 

ref: https://www.healthline.com/nutrition/uses-for-coffee-grounds


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်