Sustainable and Affordable Poultry for All – SAPA စီမံကိန်းပြီးမြောက်ခြင်း Video Conferencing ကျင်းပ

30/10/2020 12:48 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    Sustainable and Affordable Poultry for All – SAPA စီမံကိန်းပြီးမြောက်ခြင်း Video Conference ကို အောက်တိုဘာလ ၂၇ ရက်ကကျင်းပခဲ့သည်။ 

    SAPA စီမံကိန်းဆိုသည်မှာ နယ်သာလန်၊ ဘယ်လ်ဂျီယန်နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သည့် Public Private Partnership (PPP) စီမံကိန်းတစ်ခုဖြစ်ပြီး၊ စီမံကိန်းအောင်မြင်ပြီးစီးစေရန် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နယ်သာလန်နိုင်ငံမှ DeHeus တိရစ္ဆာန်အစာထုတ်လုပ်ရေးကုမ္ပဏီတို့မှ ရံပုံငွေမျှဝေစိုက်ထုတ်ခဲ့ပြီး၊ အေးရီးစ် (AERES) ပညာရေးနှင့် သုတေသနအဖွဲ့အစည်း၊ ဘယ်လ်ဂျီယန်နိုင်ငံမှ ဘယ်လ်ဂါ(Belgabroed N.V) ကြက်ပေါက်ထုတ်လုပ်သည့်ကုမ္ပဏီ၊  မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့မှ စီမံကိန်းမိတ်ဖက်အဖြစ်ပါဝင်ကာ၊ ဗီယက်နမ်အခြေစိုက် စိုက်ပျိုးရေးနည်းပညာကုမ္ပဏီ Fresh Studio မှ သင်တန်းပို့ချခြင်းနှင့်စီမံကိန်းစီမံခန့်ခွဲမှုများကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

    စီမံကိန်းကာလအတွင်း အသားတိုးကြက်မွေးမြူရေးနှင့် ပြောင်းစိုက်ပျိုးရေးကဏ္ဍတိုးတက်စေရေးကို အဓိကထားလုပ်ဆောင်ခဲ့ပြီး၊ မြန်မာ့မွေးမြူသူများ အရည်အသွေးမြင့် အစာများအသုံးပြုထုတ်လုပ်နိုင်ရေးအတွက် ပြောင်းစိုက်တောင်သူ (၂,၅၄၃) ဦးအား အရည်အသွေးမြင့် ပြောင်းစိုက်ပျိုးရေးသင်တန်းများဖွင့်လှစ်၍ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် သရုပ်ပြစိုက်ကွက်-Demo plots (၂၃)ခု စိုက်ပျိုးပို့ချခဲ့သည်။

SAPA စီမံကိန်းရဲ့ ရလဒ်တွေဟာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ဦးတည်ကြိုးပမ်းနေတဲ့ Good Animal Husbandry Practices – GAHP တိုးတက်ကျင့်သုံးနိုင်ရေးအတွက် များစွာအထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ဟာ မိတ်ဘက်အဖွဲ့အစည်းများအားလုံးရဲ့ ၅ နှစ်တာကာလအတွင်း ကြိုးပမ်းဆောင်ရွက်မှုတွေရဲ့ အသီးအပွင့်တွေကို မြင်တွေ့ခွင့်ရတဲ့ နေ့တစ်နေ့ဆိုရင်လည်း မမှားပါဘူး။ တစ်ပြိုင်နက်တည်းမှာ SAPA Broiler Pro-duction Standards ကို လိုက်နာကျင့်သုံးမွေးမြူကြတဲ့ မွေးမြူရေးသမားများကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသွားမယ်လို့လည်း သိရတဲ့အတွက် အဖွဲ့ချုပ်ကိုယ်စားရော၊ စီမံကိန်းမိတ်ဖက်အဖွဲ့အစည်းအနေနဲ့ရော၊ မွေးမြူသူများကိုယ်စားရော ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမြဟန်က ပြောသည်။

    အဆိုပါ Video Conference ကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံး စိုက်ပျိုးရေးကဏ္ဍကောင်စစ်ဝန် Mr. Frederik Heijink နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်များ၊ စီမံကိန်း မိတ်ဖက်အဖွဲ့အစည်းများမှ လုပ်ဖော်ကိုင်ဖက်များနဲ့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများနဲ့ သတင်းမီဒီယာများ တက်ရောက်ခဲ့သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်