အသံလှူကြရအာင်

11/01/2018 17:19 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာလူမျိုးများဟာ အလှူအတန်း ရက်ရောတယ်လို့ ထင်ရှားပါတယ်။ ဒါကြောင့် အခုထူးခြားတဲ့ အလှူဒါနလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒီအလှူက ငွေကြေးအကုန်အကျလည်း မရှိပါဘူး။ ကိုယ့်ရဲ့့အားလပ်ချိန်လေးမှာ တတ်နိုင်သလောက် လုပ်သွားလို့ရပါတယ်။ အချိန်လေးနည်းနည်းလောက် ပေးနိုင်ရင်ရပါတယ်။ အဲဒါကတော့ ရန်ကုန်၊ မျက်မမြင်ကျောင်း(ခဝဲခြံ)က မျက်မမြင်တွေအတွက် အသံအလှူဒါနပါ။ မျက်မမြင်ကျောင်း(ခဝဲခြံ)မှာ ဒီနှစ် မူလတန်းကနေ အထက်တန်းအဆင့်အထိ ကျောင်းသားရ၁ဦးရှိပြီး အသက်မွေးဝမ်းကျောင်း လက်မှုပညာသင်ကြားနေတဲ့ ကျောင်းသား ၇၉ဦးရှိပါတယ်။ အဲဒီ မျက်မမြင်ကျောင်းသားတွေ ဖတ်နိုင်အောင်လို့စီမံထားတဲ့ မျက်မမြင်စာအုပ်တွေရှိပေမဲ့ စာအုပ်အထူကြီးတွေ၊ လုံးချင်းဝတ္တုတွေကို မျက်မမြင်စာအုပ်ထုတ်ဖို့ အခက်အခဲရှိပါတယ်။ အဲဒါကြောင့် Talking Bookအဖြစ်နဲ့ ထုတ်ဝေဖို့စီစဉ်တာပါ။ လစဉ်ထုတ်မဂ္ဂဇင်းတွေ၊ စာစောင်တွေ၊ သုတရသစာအုပ်တွေကို မျက်မမြင် ကျောင်းသားတွေအတွက် Talking Bookအဖြစ် ပြောင်းလဲထုတ်ပေးပါတယ်။ အဲလိုမျိုး Talking Book တွေ ထုတ်ပေးတဲ့နေရာမှာ ကျောင်းမှာရှိတဲ့ ဝန်ထမ်းအင်အားနဲ့ မလုံလောက်တဲ့အတွက် အသံအလှူရှင်တွေ ဖိတ်ခေါ် ထားပါတယ်။ အသံအလှူရှင်တွေအနေနဲ့ ကိုယ်အားတဲ့အားလပ်ရက်တွေမှာ ကျောင်းမှာရှိတဲ့ အသံသွင်းခန်းမှာသွားရောက်ပြီး အသံဒါနပြုနိုင်ပါတယ်။ Talking Bookအဖြစ် ပြောင်းလဲပေးရမယ့် စာအုပ်တွေလည်း ကျောင်းမှာအဆင်သင့်ရှိနေပါတယ်။ အသံအလှူရှင်တွေအနေနဲ့ ကိုယ်ပေးနိုင်တဲ့ အချိန်ပေါ်မှာမူတည်ပြီး ဆောင်းပါးတစ်ပုဒ်ချင်း၊ ဝတ္ထုတစ်ပုဒ်ချင်းကစပြီး လုံးချင်းစာအုပ်တွေအထိ ဖတ်ပေးနိုင်ပါတယ်။ မျက်မမြင်ကျောင်းကို မသွားရောက်နိုင်တဲ့ အလှူရှင်တွေအနေနဲ့ ကိုယ်တိုင်အသံသွင်းပြီး အသံဖိုင်ကို လှူဒါန်းနိုင်ပါတယ်။ အဲလိုမျိုး လှူဒါန်းမယ်ဆိုရင် အသံအရည်အသွေး ကောင်းမွန်ဖို့ ဂရုစိုက်ရပါမယ်။ အသေးစိတ် သိချင်တာပဲဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းချင်ရင်ပဲဖြစ်ဖြစ် ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ) အမှတ် – ၁၆၅၊ ဗဟိုလမ်း ၂ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၆၆၁၆၈၉၊ ၆၆၂၀၃၄၊ အီးမေးလ် mcfb@mptmail.net.mm ကို ဆက်သွယ်နိုင်တယ်။ www.mcfblind.com ဝက်ဘ်ဆိုက်မှာလည်း လေ့လာနိုင်ပါတယ်။ မဆီမဆိုင်ပဲပြောရမလား …. အဆိုတော် လေးဖြူရဲ့ “သင်၏နားကိုငှားပါ”ဆိုတဲ့ သီချင်းလေးကို သတိရမိလို့ ကျနော့်အနေနဲ့ “သင့်မျက်လုံးကို ငှားပါ” လို့ ပြောလိုက်ချင်ပါတယ်။

Credit to Thet Tun


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်