ရေကိုစီမံခန့်ခွဲခြင်း (၃)

24/02/2020 12:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 အပင်တွေက ရနိုင်တဲ့ရေပါဝင်မှု

မြေကြီးထဲမှာ လေရော ရေရော ရှိနေတယ်ဆိုတာ သိပြီးသားပါ။ အခုက မြေကြီးထဲက ရေတွေ အကုန်လုံး အပင်ကရနိုင်တာလား၊ မရနိုင်ဘူးလားဆိုတာကို ဆက်သွားကြည့်ကြမယ်။ မြေကြီးက ဆည်ကြီးတစ်ခုလိုပါပဲ။ သူပြည့်ဝနေတဲ့အချိန်မှာတော့ ရေကို အများကြီးလှောင်ထားပေးနိုင်ပါတယ်။ နောက် field capacity ဆိုတဲ့ လေရှိ ရေရှိတဲ့အခြေအနေကို ရောက်သွားမယ်။ နောက် တစ်ဖြည်းဖြည်းနဲ့ ရေတွေ ပြန်ကုန်သွားမှာဖြစ်ပါတယ်။ ထာဝရအပင်ညိုးမှတ်ကို ရောက်သွားမှာပါ။ အဲ့လိုဆိုတော့ ဘယ်အခြေအနေတွေမှာ အပင်ကရနိုင်သလဲဆိုတော့ မြေကြီးထဲ လေရှိ ရေရှိအခြေအနေကနေ အပင်တွေက ရေကို စရပါတယ်။ ဘယ်အချိန်ထိရမလဲဆိုတော့ အပင်တွေအတွက် ထာဝရညိုးမှတ် မရောက်ခင်အချိန်အထိကို အပင်တွေက ရဦးမှာပါ။

အောက်ဖက်မှာ မြေအမျိုးအစားအလိုက် ရနိုင်တဲ့ အပင်ရဲ့ ရေပါဝင်မှုကို ဖော်ပြထားပါတယ်၊

 စိုက်ပျိုးတဲ့မြေအမျိုးအစားအလိုက် အပင်တွေက ရနိုင်တဲ့ ရေပမာဏတွေ ကွာခြားသွားပါတယ်။
မြေအောက်ရေ

မြေကြီးအလွှာတွေ ပြီးသွားရင် အောက်ဖက်မှာ ဘာရှိမလဲဆိုတော့ ရေအလွှာရှိပါတယ်။ ရေအလွှာနဲ့ ကပ်ရက်ရှိနေတဲ့ မြေအလွှာဆိုရင် အမြဲတမ်းလိုလို စိုစွတ်ပြီး ရေတွေနဲ့ ပြည့်ဝနေလေ့ရှိပါတယ်။ အဲ့လိုနေရာကို water table (ရေမျက်နှာပြင်) ဒါမှမဟုတ် မြေအောက်ရေမျက်နှာပြင် (Ground Water Table) လို့ခေါ်တတ်ကြပါတယ်။ အနက်ဘယ်လောက်မှာ အဲ့လို မြေအောက်ရေမျက်နှာပြင်တည်ရှိသလဲ? မြေကြီးတစ်ခုတည်းမှာတင် နေရာတစ်ခုတည်းမှာတင် အဲ့မျက်နှာပြင်က အချိန်နဲ့လိုက်ပြီးတော့ ပြောင်းလဲမှုတွေ ရှိပါတယ်။ အတိအကျပြောလို့တော့ မရပါဘူး။ မိုးကြီးကြီ ရွာချထားတယ်။ ရေသွင်းလိုက်တယ်။ ဆိုရင် အဲ့မျက်နှာပြင်က မြှင့်တက်လာပါတယ်။ တစ်ခါတစ်လေမှာ အပင်အမြစ်တွေရှိတဲ့ အလွှာနားထိ တက်လာနိုင်ပါတယ်။ အဲ့လိုတက်လာလို့ အချိန်ကြာတယ်ဆိုရင်လည်း အပင်တွေကို အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ တစ်ချို့နေရာတွေမှာ မြေအောက်ရေက မြေပေါ်ပိုင်းနဲ့ထိပြီးတော့ ရေစိမ့်ထွက်နေတာတွေ၊ အမြဲစိုစွတ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ စိမ့်မြေတွေက အဲ့လိုနဲ့ဖြစ်လာတာပါ။

အဲ့နေရာကနေ ရေက ရချင်မှ ရတာပါ။ ရှိတယ်ဆိုရုံလောက်ပဲရှိပေမဲ့ ရေသွင်းရမှု အနည်းအများ ပမာဏက သူ့ကိုမူတည်နေတာဖြစ်တဲ့အတွက်ကြောင့်သူကလည်း အရေးကြီးတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။

မြှင့်တက် မြေရေ မျက်နှာပြင်

တစ်ချို့နေရာတွေရဲ့ မြေအောက်ဖက် (၂၀)ကနေ (၅၀) စင်တီမီတာ လောက်မှာ ရေအလွှာ ရှိတတ်ပါတယ်။ အဲ့နေရာကို မြှင့်တက် မြေရေ မျက်နှာပြင်လို့ခေါ်ပါတယ်။ အဲ့လိုနေရာမျိုး မြေတွေ ပိုင်ဆိုင်ထားတဲ့ တောင်သူဦးကြီးတွေကတော့ ရေသွင်းတဲ့အခါမှာ ပိုပြီးတော့ သတိထားပေးရမှာပါ။ အဲ့လိုမျက်နှာပြင်ကြောင့် အပင်တွေ ရေများတာ ဖြစ်စေတတ်ပါတယ်။

ဆံချည်မျှင်သဘော မြှင့်တက်မှု

မြေကြီးထဲက ရေတွေက အလျားလိုက် ဘေးတိုက် ဟိုဖက် ဒီဖက်ကိုပဲ ရွေ့လျားနိုင်တာမျိုး မဟုတ်ပါဘူး။ အပေါ်ကိုလည်း တက်နိုင်ပါတယ် တဲ့။ ဘယ်လိုမျိုး တက်သလဲဆိုတော့ အဲ့လို ဆံချည်မျှင်လို လမ်းကြောင်းလေးတွေနဲ့တက်ပါတယ်။ မြေကြီးလက်တစ်ဆုပ်လောက်ယူ၊ ပြီးတော့ လင်ဗန်းထဲမှာ ပုံလိုက်။ ဘေးဖက်ကနေ ရေကို ဖြည်းဖြည်းလေးထည့်။ မြေကြီးကို တိုက်ရိုက်လောင်းတာမဟုတ်ပဲနဲ့ ထည့်လိုက်တဲ့ရေတွေက မြေပုံလေးရဲ့ အပေါ်ဖက်ကို တက်လာပြီးတော့ စိုလာတာကို တွေ့ရမှာပါ။ အဲ့ဒါက ဆံချည်မျှင်မြှင့်တက်တာပါပဲ။

မြေကြီးအလိုက် တက်နိုင်စွမ်းတွေကွာခြားတာကြောင့်မို့ အောက်ဖက်မှာ ဇယားလေးပြထားပါတယ်။ ဘယ်လောက်တက်နိုင်သလဲဆိုတာကိုလေ့လာနိုင်ပါတယ်။

သူက ဆံချည်မျှင်လို သေးလေလေ အပေါ်ကို ပိုတက်လေလေ ဖြစ်တာကြောင့် အဲ့လိုလမ်းကြောင်းလေးက သေးလေလေ အပေါ်ကို တက်နိုင်လေလေဖြစ်မှာပါ။

ရေကို မြေကြီးထဲ ထည့်လိုက်ရုံနဲ့ အပင်တွေက ရသလား... ကဲ ပြော

ထွန်းဝင်းကျော်

http://www.fao.org/3/r4082e/r4082e03.htm

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်