ရေထွက်ကုန်တင်ပို့မှု နှစ်ပေါင်း ၂၀ ကျော်အတွင်း စံချိန်တင်ဝင်ငွေရရှိ

16/10/2019 15:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပြီးခဲ့တဲ့   ဘဏ္ဍာနှစ်  ရေထွက်ကုန်ပြည်ပ တင်ပို့မှုကနေရရှိတဲ့   ဝင်ငွေဟာ  နှစ်ပေါင်း   ၂၀   ကျော်အတွင်း   စံချိန်တင်  အများဆုံးရရှိတဲ့ နှုန်းထားဖြစ်ပါတယ်။  ငါးလုပ်ငန်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်   ဦးမြင့်ဇင်ထူးက   “ကျွန်တော်တို့   မြန်မာနိုင်ငံကနေ  ရေထွက်ကုန်တင်ပို့ပြီး  စာရင်းပြုစုတာက    ၉၇-၉၈  ဘဏ္ဍာ နှစ်ကစတာပေါ့၊  အဲဒီတော့  နှစ်ပေါင်း   ၂၁   နှစ်အတွင်းမှာတော့   အများဆုံးဝင်ငွေရရှိမှုပဲ” လို့ပြောပါ တယ်။

 

မကြာသေးခင်ကကုန်ဆုံးခဲ့တဲ့  ၂၀၁၈-၂၀၁၉   ဘဏ္ဍာနှစ်ရဲ့ရေထွက်ကုန်တင်ပို့မှုဟာ တန်ချိန် ၅၈၀,ဝဝဝ   ကျော်  တင်ပို့ခဲ့ပြီး ဝင်ငွေအနေနဲ့  အမေရိကန်ဒေါ်လာသန်း    ၇၂၀   ကျော်ရရှိခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ တန်ချိန်   ၅၆၀,ဝဝဝ    ကျော်တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအနေနဲ့ ဒေါ်လာသန်း  ၇၁၀  ကျော်ရရှိခဲ့ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန်

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်