မုန်တိုင်းမိုး ရွာသွန်းမှုကြောင့် မိုးစပါးများ ထိခိုက်ပျက်စီးမှုမရှိစေရေး လိုက်နာဆောင်ရွက်ရန် နှိုးဆော်ချက်

23/10/2016 13:34 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ပြီး မြန်မာနိုင်ငံသို့ ဦးတည်နေကြောင်း၊ မုန်တိုင်းအရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းပြီး၊ နေရာကွက်၍မိုးကြီးနိုင်ကြောင်း  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ (၂၁) ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါသည်။

၂။ သို့ဖြစ်ပါ၍မုန်တိုင်းမိုး ရွာသွန်းမှုကြောင့် ရိတ်သိမ်းဆဲစပါးများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် အောက်ပါ လုပ်ငန်းများကို လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

(က) မုန်တိုင်းတိုက်ခတ်၍မိုးရွာသွန်းနေချိန်တွင် ရိတ်သိမ်းခြင်း မပြုပါရန်နှင့်၊ မုန်တိုင်းကင်းစင်မှသာ ရိတ်သိမ်းခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်ပါ။

(ခ) ရင့်မှည့်ပြီး စပါးခင်းများ မိုးရွာသွန်းခြင်း၊ လေတိုက်ခြင်းတို့ကြောင့် ယှိုင်လဲမှု ဖြစ်ပေါ်လာပါက ရေအမြန်ဆုံးထုတ်ပြီး ရိတ်သိမ်းရန်။

(ဂ) အချိန်တိုအတွင်း ရိတ်သိမ်းခြွေလှေ့မှု ပြီးစီးရန် ရိတ်သိမ်းခြွှေလှေ့စက်များ အသုံးပြု ရိတ်သိမ်းပါ။

(ဃ) ရိတ်သိမ်းစက်၊ ခြွှေလှေ့စက်၊ ရိတ်သိမ်းခြွေလှေ့စက်ဈ အခြောက်ခံစက်များ သုံးစွဲနိုင်ရေး ဆောင်ရွက်ပါ။

(င) စက်ကိရိယာအခက်အခဲကြောင့် လူလုပ်အားဖြင့် ဆောင်ရွက်ပါက တစ်ကွက်ချင်းကို အပြီး ရိတ်သိမ်းခြွေလှေ့ပါ။ စပါးရင့်မှည့်မှုအလိုက် အလှည့်ကျ ရိတ်သိမ်းခြွေလှေ့နိုင်ရန် ညှိုနှိုင်းဆောင်ရွက်ပါ။

(စ) ချက်ချင်းမခြွေလှေ့နိုင်သည့် ကောက်လှိုင်းထုံးများကို ကန်သင်းပေါ်တွင် စုပုံထားရှိခြင်း မပြုပါရန်နှင့် အမိုးအကာအောက်သို့ အမြန်ဆုံး သယ်ယူ၍စနစ်တကျ စုပုံထားရှိပါ။ အမိုးအကာ လုံလောက်မှု မရှိလျှင် မိုးရေလျောကျစေရန် တဖက်စောင်းနိမ့်ပုံစံဖြင့် စုပုံပါ (သို့မဟုတ်) ကောက်လှိုင်းများအား ဖိုခနောက်ဆိုင် ထောင်ထားပါ။

(ဆ) စုပုံထားသော ကောက်လှိုင်းများကို နေသာချိန်တွင် အမြန်ဆုံး ချွေလှေ့ပါ။ ချွေလှေ့ပြီး စပါးများကို အစိုဓာတ် (၁၄) ရာခိုင်နှုန်း ရရှိသည်အထိ အခြောက်ခံစက် အသုံးပြု၍(သို့မဟုတ်) နေလှန်း၍အခြောက်ခံပါ။

၃။ မိုးစပါးများ ရိတ်သိမ်းချိန်တွင် လေလွင့်ဆုံးရှုံးမှုများ သက်သာစေရန်အတွက် အထက်ပါ လုပ်ငန်းစဉ်များကို တောင်သူလယ်သမားများအားလုံး လိုက်နာဆောင်ရွက်နိုင်ကြရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့၊ ခရိုင်၊ မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှလည်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်ကြပါရန်နှင့် အကူအညီ လိုအပ်ပါက တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးများသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်း တိုက်တွန်း နှိုးဆော်အပ်ပါသည်။

source-စိုက်ပျိုးရေး ဦးစီးဌာန (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)         


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်