တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ

21/01/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

မင်္ဂလာပါရှင့်

စိတ်ဝင်စားစရာ အမေးအဖြေတွေကို စုစည်းပြီးဖော်ပြပေးနေတဲ့ စနေနေ့လေးကနေကြိုဆိုပါတယ်ရှင့်

ဒီတစ်ပတ်အတွက် စိတ်ဝင်စားစရာ အမေးအဖြေတွေကတော့

၁။ မေး (Htet Arkar Soe) - N ကို အပင်ရဲ့ဘယ်အရွယ် ၊ P ကိုအပင်ရဲ့ဘယ်အရွယ်၊ K ကိုအပင်ရဲ့ဘယ်အရွယ်တွေမှာကျွေးရလဲ ခင်ဗျ။ 

ဖြေ (ဒို့ဦးလေး) – P ကိုမြေခံထည့်ပါ။ N ကို အပင်ကြီးသည်အထိ အရွက်အရောင်ကြည့်ပြီးကျွေးပါ။ K ကိုတော့ N ကျွေးတိုင်း နည်းနည်းစီထည့်ပေးပါ။ ပြီးတော့ N ကို မျိုးစေ့က အစေ့တွင်းစာကုန်ချိန် စတင်ကျွေးရပါတယ်။ အပင်သက်တမ်း တစ်လျှောက်လုံးအတွက် အရွက်အရောင်ကြည့်ပြီး၊ အပင်အနေထားကြည့်ပြီး လိုအပ်သလိုကျွေးရပါတယ်။ အသီးချိန်မှာမို့ N လုံးဝမလိုဘူးလို့ ပြောလို့မရပါ။ အပင်အခြေအနေကြည့်ပြီး စီမံရပါတယ်။

(အေးအေးမြင့်) - Pနှင့်Kကိုမြေခံမှာထည့်ပြီး Nကိုတော့သီးနှံကြီးထွားချိန်အတွင်း ခွဲကျွေးရင် ကောင်း ပါတယ်။

၂။ မေး (Pyae Phyoe Aung) - ပဲပုပ်တစ်လသားပါ။ မှိုဆေးဖျန်းသင့်နေပြီလား။

ဖြေ (ဒို့ဦးလေး) - တစ်လသား စဖျန်းသင့်ပါတယ်။ ကာကွယ်ဆေးဖျန်းပါ။

(ဦးသက်လွင်) - မှိုဆေး အမြန်ပတ်ဖျန်းရန်လိုပါပြီ။

၃။ မေး (ရှိုင်းထက်အောင်) - မှိုအစစ်ဆိုတာဘယ်လိုမျိုးပါလဲ။

ဖြေ (ဒို့ဦးလေး) - true fungi မှိုအစစ်ဆိုတာ Oomycetesကလွဲရင် ကျန်မှိုရောဂါတွေကို မှိုအစစ်ခေါ်ပါတယ်။

၄။ မေး (ထက်နိုင်လင်း) - ဆိတ်ပေါက်ကလေး၃ပတ်သားရှိပြီ။ ဆိတ်မကနို့သိပ်မထွက်လို့ ဘယ်လိုအဆင်ပြေအောင်တိုက်လို့ရမလဲကူညီပေးပါဦး။

ဖြေ (နှင်းဖြူဖြူ) - ဆိတ်ကလေး ၁ လသားဆို နို့ဘူးတိုက်တာ၊ အစာအကျင့်လုပ်တာတွေ ပြုလုပ်ပေးလို့ရပါပြီ။ ဆိတ်မကို အာဟာရပြည့်ဝတဲ့အစာတွေ ကျွေးပါ။ဆိတ်မသောက်ဖို့ရေ မပြတ်ရအောင် စီမံပေးပါ။ ဆိတ်မက နို့ထွက်နည်းနေပေမယ့် ဆိတ်လေးတွေကို နို့တိုက်တယ်ဆိုရင် ရသလောက်ပေးစို့ပါ။ ဆိတ်ကလေး ၁ လပြည့်ရင် နို့ဘူးတိုက်တာ၊အစာကျင့်ပေးတာ လုပ်လို့ရပါပြီ။

၅။ မေး (နေထက်) - နိုက်ထရိုဂျင် (N) ကျွေးပြီးဘယ်နှစ်ရက်နေရင်ရေထုတ်လို့ရမလဲရေလှည့်ချင်လို့ပါ။

ဖြေ (ဒို့ဦးလေ) - ၇ရက်လောက်ထားပြီးမှ ထုတ်သင့်ပါတယ်။ 

(ဦးသက်လွင်) - N အာနိသင်ကုန်ချိန် ၇ ရက်လို့ ပြောသော်လည်း ၁၀ ရက်ခန့်မှ ရေလှယ်သင့်ပါတယ်။

ပညာရှင်တွေကြိုးစားပြီး ဝိုင်းဝန်းဖြေပေးနေကြတဲ့ Green Way အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍမှာ ဆရာတွေနဲ့ အပြန်အလှန်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်နော်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်