တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

04/09/2021 10:00 AM တွင် AMIA AMIA မှ ရေးသား

၃၀.၈.၂၀၂၁ မှ ၃.၉.၂၀၂၁ ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ၁၄ သိန်းထိ ဈေးတွေ မြင့်တက်လာခဲ့ပါတယ်။ အဓိက ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးတွေ ဆက်တိုက်မြင့်တက်လာခဲ့တဲ့အတွက် ပဲဈေးတွေက မြင့်တက်နေတာဖြစ်တယ်လို့ ကုန်သည်ကြီးတွေက ဆိုပါတယ်။ 

မတ်ပဲလက်ကျန်က အောက်ခြေဈေးကွက်ထဲလုံး၀မရှိတော့ပဲ လက်ရှိ အမြင့်ဈေးနဲ့ သိုလှောင်ပဲတွေကို ထုတ်ရောင်းနေမှုတွေရှိနေတယ်လို့လည်းသိရပါတယ်။

အိန္ဒိယဈေးကွက်မှာတော့  မြန်မာ့ပဲတွေက ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပေမယ့် ပြည်တွင်းမှာတော့ အရောင်းအဝယ်များနေပြီး ဈေးတွေတက်နေတယ်လို့လည်းသိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့တစ်တန်ကို ၁၄ သိန်းပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်တန်ကို ၇ သောင်းကျော်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၂၀၀၀ ကနေ ၁၃၅၀၀၀ ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း ဈေးကတော့ အတက်အကျ အနည်းငယ်နဲ့ အပြောင်းအလဲသာရှိပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅၀၀၀ ကနေ ၄၅၅၀၀  ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ 

မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၄၀၀၀ ပေါက်ဈေးရှိပြီး ရက်ခြားသာဈေးဖွင့်ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ၁၃ သိန်းအောက်ထိ ဈေးပြန်ကျဆင်းသွားပေမယ့် သောကြာနေ့မှာတော့ ၁၃ သိန်းကျော်အထိ ဈေးကပြန်တက်လာပါတယ်။ အဓိက မြန်မာ့ကျပ်ငွေဈေးတွေကျဆင်းပြီး ဒေါ်လာဈေးတွေ မြင့်တက်လာတဲ့အတွက်ကြောင့်  ဈေးမြင့်နေတာဖြစ်ပါတယ်။ အိန္ဒိယကတော့ ဝယ်ယူမှုတွေက လက်ရှိမှာ ပုံမှန်ရှိနေတယ်လို့သိရပါတယ်။

နယ်ဈေးကွက်တွေမှာတော့ လက်ကျန်မရှိ၊ အရောင်းအဝယ်မရှိပဲ ဈေးကလည်း အနည်းငယ်တက်ဈေးနဲ့သာ ဈေးဖွင့်တာတွေရှိပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၃ သိန်း ၂ သောင်းကျော်ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်တော့ အနည်းငယ်ကျဆင်းပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၂၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲကတော့ မရှိပါဘူး။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၂၀၀၀  ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲမရှိပါဘူး။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၂၃၀၀  ကျပ်ရှိပြီး ၃၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကလည်း ဒီတစ်ပတ်မှာ ဈေးတွေမြင့်တက်လာပေမယ့် တောင်သူအများစုလက်ထဲမှာတော့ ပဲမရှိတော့ဘူးလို့ သိရပါတယ်။

လက်တလော တရုတ်ဘက်က မဝယ်ရှိတဲ့အပြင် အခြား နိုင်ငံအချို့ကလည်း ဝယ်ယူမှုရှိနေလို့ ဈေးတက်နေတယ်လို့သိရပြီး အဓိကနိုင်ငံခြားပို့ကုန်ဖြစ်တဲ့အတွက် ငွေကြေးအပြောင်းအလဲကြောင့် ဈေးတွေ ပိုတက်တယ်လို့ ဆိုလို့ရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၂၂၅၀ကနေ ၂၃၃၅  ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိဿာကို ၂၀၀၀ ကနေ ၂၀၈၅ ကျပ်ရှိပြီး ၈၅ ကျပ်၊ ပဲတီစိမ်း(ပခုက္ကူ) ကတော့ တစ်ပိဿာကို ၁၇၃၀ ကနေ ၂၃၃၅ ကျပ် ရှိပြီး ၈၅ကျပ် အသီးသီးဈေးတက်လာပြီး ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၅၀၀ ကနေ ၂၅၈၅ နဲ့ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၁၀၀၀၀ ပေါက်ဈေးရှိပြီးပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့တစ်အိတ်ကို ၃၀၀၀ လောက်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၈၀၀၀ ကနေ ၃၈၅၀၀  ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲကြီး

ပြီးခဲ့တဲ့ တစ်လလုံး ဈေးတွေ ဆက်တိုက်မြင့်တက်နေခဲ့တဲ့ပဲကြီးက ဒီတစ်ပတ်မှာတော့ ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ ပဲလည်းမရှိ အရောင်းအဝယ်လည်းမရှိတဲ့အတွက် ဈေးတွေကပြန်ကျဆင်းပြီး ငြိမ်နေတယ်လို့ ကုန်သည်တွေကဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ရွှေကျွန်း)က တစ်ပိဿာကို ၃၁၈၅ မှ ၃၃၆၅  ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁၈၀ ကျပ်ဈေးတွေ ကျဆင်းသွားပါတယ်။ ပဲကြီး(ကုန်း)ကတော့၂၇၈၀ မှ ၂၈၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲကြီး(ကြီး၊လတ်၊သေး)က တစ်အိတ်ကို ၁၆၀၀၀၀ ကနေ ၁၈၅၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၅၀၀၀ လောက် ဈေးပြန်ကျဆင်းသွားပါတယ်။

အောင်လံဈေးကွက်မှာတော့ ပဲကြီးက တစ်တင်းကို ၅၅၀၀၀ ကနေ ၆၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ အဝင်တွေ ဆက်တိုက်ရှိနေတဲ့အတွက် ဈေးတွေက ပြန်ကျဆင်းသွားခဲ့ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၄၇၀၀ ကနေ ၄၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ(ရှမ်း)ကတော့ အဝင်ပုံမှန်ရှိပြီး အဝယ်လည်းပုံမှန်ရှိတဲ့အတွက် ဈေးတွေကတော့ ငြိမ်နေပါတယ်။ တစ်ပိဿာကို ၂၇၀၀ ကနေ ၃၂၀၀ ပေါက်ဈေးရှိပါတယ်။

ထန်းလျက်

ထန်းလျက်ကလည်းကုန်ကြမ်းရှားပါးမှုနဲ့အတူ ဈေးတွေက ဆက်တိုက်မြင့်တက်လာခဲ့ပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁၈၀၀ကနေ ၂၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်