သီးနှံဈေးကွက် သုံးသပ်ချက်

02/10/2021 10:30 AM တွင် AMIA AMIA မှ ရေးသား

(၂၇.၉.၂၀၂၁ ) မှ (၁.၁၀.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ 

ဆန်၊ စပါး

ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးစပါးဈေးတွေက တစ်ပတ်အတွင်းငြိမ်နေပေမယ့် နယ်ဈေးကွက်မှာ တော့ အဟောင်းတွေက ဆက်တိုက် အဝယ်လိုက်ပြီး ဈေးတွေတက်နေပါတယ်။ ဈေးကွက်အတွင်း  စပါးအသစ်တွေက ဈေးကွက်ထဲကိုရောက်နေပေမယ့် ဈေး မရရှိဘူးလို့လည်း သိရပါတယ်။

ပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၀ သိန်းပေါက်ဈေးရှိနေပြီး တင်း ၁၀၀ ကို ၄ သောင်းနီးပါး ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၄၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ကျပ်ဈေး တက်လာပါတယ်။ ပုသိမ်ဧည့်မထ စပါး(မိုး)ကတော့ တင်း ၁၀၀ကို ၆၉၂၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၄၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၈၀၀၀ကျပ်နဲ့ဈေးငြိမ်ပါတယ်။ ဧည့်မထ(နွေ)ကတော့ တင်း ၁၀၀ ကို ၅၈၉၀၀၀ ပေါက်ဈေးရှိနေပြီး တင်း ၁၀၀ ကို ၁၉၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့တစ်အိတ်ကို ၂၆၀၀၀ ကျပ်နဲ့ ဈေးငြိမ်ပါတယ်။

ဒေးဒရဲဈေးကွက်မှာ ဒေးဒရဲပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၀၀၆၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၀၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကလည်း တစ်အိတ်ကို ၄၇၀၀၀ ကျပ်နဲ့ ဈေးငြိမ်ပါတယ်။ ဧည့်မထ စပါးနဲ့ ဆန်တို့ကတော့ ပြီးခဲ့တဲ့ အပတ်ကအတိုင်း ဈေးငြိမ်နေပါတယ်။

ဖျာပုံဈေးကွက်မှာလည်း ဖျာပုံပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၀၁၇၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို၂၀၀၀၀ ကျော် ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၄၇၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ဧည့်မထစပါးနဲ့ ဆန်တို့က ဈေးငြိမ်နေပါတယ်။

ပထမတန်းစားစပါးတွေက ဈေးမြင့်တက်နေပြီးတော့ ဒုတိယတန်းစားစပါးတွေက လက်တလော ငြိမ်နေ ပါတယ်။ အသစ်ဝင်လာတဲ့ ဆန်တွေကတော့ ပေါင် ၅၀ ကျော်ကို အမြင့်ဆုံး ၄ သိန်းကျော်သာ ရှိနေတဲ့ အတွက် ဈေးကွက်အတွင်း အနိမ့်ဆုံးဈေးရရှိဖို့ တောင်သူတွေက တောင်းဆိုမှုတွေရှိနေပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ငွေကြေးဈေးတည်ငြိမ်မှုမရှိတဲ့အတွက် တစ်တန်ကို အမြင့်ဆုံး သိန်း ၂၀ အထိ ဈေးမြင့်တက်လာခဲ့ပြီး နယ်ဈေးတွေမှာ တစ်တင်းကို ၆ သောင်းခွဲအထိ ဈေးတက်လာခဲ့ပါတယ်။ ရက်ပိုင်းအတွင်းတော့ ဈေးကပြန်ကျဆင်းသွားခဲ့ပေမယ့် ဈေးကွက်အတွင်း လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်သွားပါတယ်။

အိန္ဒိယမှာတော့ မတ်ပဲဈေးက ကန်ဒေါ်လာ ၉၀၀ ကနေ ၁၀၀၀ ကြားသာပေါက်ဈေးရှိနေပြီး ပဲ ပေါ်ချိန်ဖြစ်နေတဲ့အတွက် ဈေးက လက်ရှိအတက်ဈေးနဲ့ ပဲ မာနိုင်ဦးမယ်လို့သိရပါတယ်။ ထို့ပြင် မိုးကြောင့် ပဲ တွေရဲ့ အရည်အသွေးက ထင်သလောက် မကောင်းတဲ့အတွက် အိန္ဒိယမှာတော့ မြန်မာ့မတ်ပဲဈေးက  ထင်သလောက် ကျဆင်းနိုင်ဖွယ်မရှိပါဘူး။ မြန်မာ့ပြည်တွင်းငွေကြေးဈေးကျဆင်းခြင်းကြောင့်သာ ပြည်တွင်း မတ်ပဲ ဈေးက မမျှော်လင့်ပဲ အမြင့်ဆုံးရောက်ခဲ့တာဖြစ်ပါတယ်။

ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို သိန်း ၂၀ ထိ ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ် ၄ သိန်းနီးပါး ဈေးတက်လာခဲ့ပါတယ်။

မန္တလေးဈေးကွက်မှာလည်း မတ်ပဲက သုံးတင်းဝင် တစ်အိတ်ကို ၂၀၀၀၀၀ အထိပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀၀ လောက်ထိဈေးမြင့်တက်လာခဲ့ပါတယ်။

ပဲစင်းငုံနီ 

ပဲစင်းငုံနီကတော့ လက်ကျန်လည်းမရှိသလို အိန္ဒိယဈေးကွက်မှာလည်း ဆက်တိုက်ဈေးကျဆင်းတာဖြစ်တဲ့အတွက် ပြည်တွင်းမှာတော့ ဈေးက ငွေကြေးပြောင်းလဲမှုကြောင့်သာ အမြင့်ဆုံးရောက်ရှိနေတဲ့အနေအထားဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ မြန်မာ့ပဲစင်းငုံနီအပြင် အခြားနိုင်ငံက ပဲစင်းငုံနီတွေပါ အဝင်ရှိနေတဲ့အတွက် မြန်မာ့ ပဲစင်းငုံနီဈေးက လာမယ့်လအတွင်းမှာ ဈေးက ကျဆင်းနိုင်ခြေရှိတယ်လို့ အိန္ဒိယသတင်းတွေရဲ့ သုံးသပ်ချက်အရ သိရပါတယ်။ 

ရန်ကုန်ဈေးကွက်မှာငွေကြေးပြောင်းလဲမှုကြောင့် အမြင့်ဆုံးဈေးက တစ်တန်ကို ၁၆သိန်းထိဈေးတက်လာပေမယ့် ရက်ပိုင်းအတွင်း တစ်တန်ကို ၁၅ သိန်းထိ ဈေးက ပြန်လည် ကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ရက်ခြားသာအရောင်းအဝယ်ရှိပြီးတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၅၀၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၅၀၀၀၀ ပေါက်ဈေးရှိနေပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၈၀၀၀ ပေါက်ဈေးရှိနေပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကလည်း ပြည်ပပို့ကုန် ပဲ ဖြစ်တဲ့အတွက် ဈေးကတော့ တက်နေပါတယ်။ ပြည်တွင်းမှာ ပဲတွေ များနေတဲ့အတွက် အခြားပဲတွေလောက် ဈေးတက်တာမျိုုးမရှိပဲ ဖြေးဖြေးတက်နေတယ်လို့ ဆိုလို့ရပါတယ်။ တရုတ်ကို အဓိကတင်ပို့နေတာဖြစ်တဲ့အတွက် တရုတ်တင်ပို့မှု ပုံမှန်ရှိရင်တော့ ဈေးက ကျဆင်းနိုင်ခြေမရှိပါဘူး။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၂၅၈၀ ကနေ ၂၆၇၀ ပေါက်ဈေးရှိပြီး ၈၅ ကျပ်ဈေးတက်လာပါတယ်။ ပဲတီစိမ်း (ပဲခူးရွှေဝါ) ကတော့ တစ်ပိဿာကို ၂၅၈၀ ပေါက်ဈေးရှိပြီး ၁၆၀ ကျပ်ဈေးတက်လာပါတယ်။ 

ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၈၆၅  မှ ၂၉၂၀ ပေါက်ဈေးရှိပြီး ၈၅ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၁၅၀၀၀ ကနေ ၁၃၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။

အောင်လံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၄၂၀၀၀ ကနေ ၄၇၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ်ဈေးတက်လာပါတယ်။

နှမ်းနက်(စမုံ)

နှမ်းနက်(စမုံ)ကလည်းဈေးတက်လာပါတယ်။ ထိပ်စကတော့ဈေးအမြင့်ဆုံးရရှိနေပါတယ်။

မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၃၀၀၀၀ ကနေ ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်အိတ်ကို ၁၈၅၀၀၀ကနေ ၁၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာလည်း တစ်အိတ်ကို ၁၂၅၀၀၀ ကနေ ၁၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်