တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

30/07/2021 17:00 PM တွင် AMIA AMIA မှ ရေးသား

(၂၆.၇.၂၀၂၁ မှ ၃၀.၇.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ

ဆန်စပါး

ရန်ကုန်ဈေးကွက်မှာ ဆန်ဈေးတွေကတော့ လက်ရှိမှာ ဆန်ကောင်း မှ ရောင်းရနေတဲ့အနေအထားရှိပြီး ဈေးတွေကတော့ ငြိမ်နေပါတယ်။ ကိုဗစ်ကြောင့် ကုန်စည်ဒိုင်အများစု ပိတ်ထားရတဲ့အခြေအနေလည်းဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ မြောင်းမြပုသိမ်ပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၇၀၀၀ ကနေ ၄၀၀၀၀ ကျပ်၊ဒေးဒရဲကြားပျံရှယ်က တစ်အိတ်ကို ၄၁၀၀၀ ကနေ ၄၂၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန် နဲ့ ဒေးဒရဲပေါ်ဆန်းတို့က တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၉၀၀၀ ကျပ်၊ မြီးဒုံးဆန်က တစ်အိတ်ကိ ၃၁၅၀၀ မှ ၃၃၀၀၀ ကျပ်၊ ရက် ၉၀ ဆန်က တစ်အိတ်ကို ၂၅၀၀၀ မှ ၂၆၀၀၀၊ ငစိန်ဆန်က တစ်အိတ်ကို ၂၁၅၀၀ ကနေ ၂၂၅၀၀ ပေါက်ဈေး အသီးသီး ရှိပါတယ်။ ဧရာဝတီတိုင်းမှာတော့ လက်ရှိ အရောင်းအဝယ်တွေကနားထားပြီး ဈေးတွေကလည်း အပြောင်းအလဲမရှိဘူးလို့ သိရပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့ ပေါ်ဆန်း(ဆန်သား၈၀)က တစ်အိတ်ကို ၃၉၄၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ကျပ်၊ ဆန်သား၉၀ က တစ်အိတ်ကို ၄၁၆၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ ပေါ်ကျွဲ (ဆန်သား ၈၀ )က တစ်အိတ်ကို ၃၂၉၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ ဆန်သား ၉၀ က တစ်အိတ်ကို ၃၄၄၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ ဧည့်မထ(ဆန်သား ၈၀)က တစ်အိတ်ကို ၂၅၈၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ ဆန်သား ၉၀ က တစ်အိတ်ကို ၂၇၈၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

မတ်ပဲ

မြန်မာတစ်နိုင်ငံလုံးနီးပါးက ကုန်စည်ဒိုင်တွေအကုန် ကိုဗစ်ကြောင့်  ပိတ်ထားရတဲ့အခြေအနေမှာ ဈေးကွက် တစ်ခုလုံးရပ်တန့် လုနီးပါးဖြစ်ခဲ့ပါတယ်။ မတ်ပဲကတော့ လက်ရှိ အရောင်းအဝယ်က မရှိပေမယ့် ဈေးတွေကတော့ တက်နေပါတယ်။ ကုန်သည်များအကြား ဖုန်းနဲ့သာ အရောင်းအဝယ် ပြုလုပ်နေရတယ်လို့ သိရပါတယ်။

ဇူလိုင်လ အစမှာ အိန္ဒိယက ပဲသိုလှောင်ခွင့်နဲ့ပတ်သတ်ပြီး ကန့်သတ်ခဲ့တဲ့အတွက် မြန်မာ့မတ်ပဲဈေးတွေ က ကျဆင်းသွားခဲ့ပြီး ဇူလိုင်လ နောက်ဆုံးအပတ်မှာတော့ ပြန်လည်ဖြေလျော့ပေးခဲ့တဲ့အတွက် ပဲဈေးတွေက ပြန်လည်တက်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက် နဲ့ မန္တလေးဈေးကွက်အပါအဝင် မြို့အများစု မှာ ပဲဈေးကွက်မဖွင့်ပေမယ့် မော်လမြိုင်ဈေးကွက်မှာတေ့ာ တစ်တင်းကို ၃၉၀၀၀ ကျပ်ရှိပြီး တစ်ပတ်အတွင်း တစ်တင်းကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မြန်မာပြည်တွင်းမှာသာ အရောင်းအဝယ်ရပ်တန့်ထားတဲ့အတွက်ကြောင့် ဈေးကွက်ပေါက်ဈေးကို တိတိကျကျမသိရပေမယ့် အိန္ဒိယမှာတော့ မြန်မာမတ်ပဲဈေးတွေ သိသိသာသာဈေးတက်လာပြီးတော့ သင်္ဘောတင် မတ်ပဲ CNF ဈေးတွေက တစ်တန်ကို ၉၀၀ ကနေ ၁၀၀၀ ကြား ထိ ပေါက်ဈေးရှိလာခဲ့ပါတယ်။

သြဂုတ် ၁ ရက်နေ့ ကုန်စည်ဒိုင်ဈေးတွေ ပြန်ဖွင့်လာမယ့်အချိန်မှာတော့ မတ်ပဲက အတက်ဈေးနဲ့ ပြန်ဖွင့်နိုင်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ 

ပဲစင်းငုံနီ

ကုန်စည်ဒိုင်တွေ ပိတ်ထားရတဲ့အတွက် ပဲစင်းငုံနီ အရောင်းအဝယ်ကလည်း မရှိပါဘူး။ ပဲစင်းငုံနီက အကျဈေးနဲ့ ပဲ ဈေးကွက်က ပိတ်ထားခဲ့ရပြီး ပိတ်ထားရတဲ့ ၂ ပတ်အတွင်းမှာ ဈေးတွေ အနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ 

အိန္ဒိယရဲ့ ပဲသိုလှောင်ခွင့်ကန့်သတ်ချက်က တန် ၂၀၀ အစား တန် ၅၀၀ လို့ ပြောင်းလဲသတ်မှတ်လိုက်တဲ့ အတွက် အိန္ဒိယကုန်သည်တွေ အဝယ်လိုက်လာပြီး ဈေးတက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် သိုလှောင်ခွင့် သတ်မှတ်တဲ့အချိန်တုန်းက ပဲအမြောက်အများ သင်္ဘောအဝင်တွေ  ရှိနေတာဖြစ်တဲ့အတွက် ပဲစင်းငုံနီက ထင်သလောက် တက်ဖို့ မရှိနိုင်ဘူးလို့ အိန္ဒိယကုန်သည်တွေက သုံးသပ်မှုတွေ ပြုလုပ်ထားကြောင့် အိန္ဒိယ စိုက်ပျိုးရေး သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ရန်ကုန် ၊မန္တလေးအပါအဝင်မြို့အများစု ပိတ်ထားရတဲ့အတွက် ပဲစင်းငုံနီ ဈေးကွက်က လတ်တလောမရှိပေမယ့် အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။

မြန်မာ့ပဲစင်းငုံနီကတော့ လက်တလော ပဲလက်ကျန်ကလည်း မရှိတဲ့အတွက် ဈေးကွက်စဖွင့်တဲ့အချိန် အနည်းငယ် တက်လာနိုင်သေးတယ်လို့ ခန့်မှန်းထားကြပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ ရန်ကုန်ဈေးကွက်မှာ ပိတ်ထားတဲ့အတွက်ဈေးကတော့ လက်တလော မသိရပါဘူး။ ဈေးကွက်ပိတ်ချိန်မှာတော့ အတက်ဈေးနဲ့ ပဲ ဈေးငြိမ်နေခဲ့တာပါ။ 

ကုန်စည်ဒိုင်တွေ ပိတ်ထားရတဲ့အတွက် လက်လီဈေးကွက်မှာတော့ ဈေးတွေက မြင့်တက်နေခဲ့ပါတယ်။ရှမ်းကြက်သွန်ဖြူ တစ်ပိဿာကို ငွေကျပ် ၄၀၀၀ ကနေ ၅၀၀၀ ကြားအထိ ဈေးမြင့်တက်နေခဲ့ပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ(ထူး၊၄၊၅)ကတစ်ပိဿာကို ၂၃၀၀ ကနေ ၂၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်