တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

15/01/2022 10:30 AM တွင် AMIA AMIA မှ ရေးသား

(၁၀.၁.၂၀၂၂) မှ (၁၄.၁.၂၀၂၂) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ

ဆန်၊ စပါး

စပါးဈေး ဆန်ဈေးတွေကတော့ ဧရာဝတီတိုင်းဈေးကွက်အတွင်းမှာ ဈေးတွေ ကျဆင်းသွားပါတယ်။ စပါးအသစ်တွေကလည်း ဈေးကွက်ထဲကို ဆက်တိုက်ထွက်ရှိလာသလို အရောင်းအဝယ်ကလည်း အေးနေတယ်လို့သိရပါတယ်။ ဒေသတွင်းသာ ဝယ်ယူမှုရှိနေတဲ့အတွက် ကျဆင်းနေတာလည်း ဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ ဆန်အဝင်ကတော့ ပုံမှန်ရှိနေပြီး အရောင်းအဝယ်ကတော့အေး နေပါတယ်။ဆန်အချို့သာ ဈေးအပြောင်းအလဲ အနည်းငယ်ရှိပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဆန်ချောဈေးတွေကတော့ ဈေးငြိမ်နေပြီး ငစိန်ဆန်က တစ်အိတ်ကို ၂၃၀၀၀ ကနေ ၂၄၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ရက် ၉၀ ရှယ် အဟောင်းကတော့ တစ်အိတ်ကို ၂၉၀၀၀ ကနေ ၃၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၉၂၉၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၆၀၀၀ ကျပ်ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၃၇၀၀၀ ကျပ် နဲ့ ၁၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ ပုသိမ်ဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၂၆၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၆၀၀၀ ကျပ် ဈေးကျဆင်းပြီးဆန်ကတော့ တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းကာ ၂၃၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။

မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၉၁၅၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀၀ ကျပ်ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၃၄၅၀၀ နဲ့  ၂၀၀၀  ကျပ်ဈေးကျဆင်းပါတယ်။ မြောင်းမြဧည့်မထစပါးကတော့တင်း ၁၀၀ ကို ၆၁၆၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀ ကျပ်ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၂၃၀၀၀ ကျပ်နဲ့ ဈေးငြိမ်ပါတယ်။

မအူပင်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၂၀၀၀၀ ကျပ်ရှိပြီးတင်း ၁၀၀ ကို ၁၀၀၀၀ ကျပ်၊ လပ္ပတ္တာ စပါးကတော့ တင်း ၁၀၀ ကို ၈၆၁၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၅၉၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။

ဒုတိတန်းစားစပါးတွေဖြစ်တဲ့ ဧည့်မထစပါးကလည်း  တင်း ၁၀၀ ကို ၂၀၀၀၀ ကနေ ၅၀၀၀၀ ကြား အသီးသီးဈေးတွေ ကျဆင်းသွားခဲ့ပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ပြည်တွင်းဈေးကွက်အတွင်းမှာ ပြီးခဲ့တဲ့သောကြာနေ့ကတည်းက  ဈေးတက်နေသလို အိန္ဒိယမှာလည်း မြန်မာမတ်ပဲတွေက ဈေးတက်နေပါတယ်။ ပဲခွဲစက်တွေရဲ့ ဝယ်ယူမှုကြောင့်ဖြစ်ပြီး မြန်မာပြည်တွင်းမှာလည်း ငွေကြေးလဲလှယ်နှုန်းဈေးက ပြန်မြင့်တက်သွားတဲ့အတွက် အခုလို တက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ပဲဈေးက ငွေသားအခက်အခဲကြောင့် ထိန်းဝယ်ယူနေရလို့ ဈေးက အတက်ဈေးနဲ့ ပြန်တန့်သွားခဲ့ပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ)RC က တစ်တန်ကို ၁၃ သိန်း ၈ သောင်းအထိ တက်ခဲ့ပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅ သောင်းကျော်ဈေးတက်လာပါတယ်။ FOB ဈေးနှုန်းမှာလည်း မတ်ပဲ (FAQ) RC က အမေရိကန် ဒေါ်လာ ၇၁၀ ကနေ ၇၃၀ ကြားပေါက်ဈေးရှိပြီး ၂၀ဒေါ်လာလောက်ဈေး တက်လာပါတယ်။(SQ) RC ကတော့ တစ်တန်ကို ၇၉၀ ကနေ ၈၁၀ ကြားပေါက်ဈေးရှိပြီး တစ်တန်ကို ၃၀ ဒေါ်လာနီးပါး ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၁၃၂၀၀၀ ကနေ ၁၃၃၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ်ကို  ၇၀၀၀ ကနေ ၁၀၀၀၀ ကြား ဈေးပြန်တက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်း တစ်တင်းကို ၄၃၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်၊ ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၄၅၀၀၀ ကနေ ၄၅၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျော်၊အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၄၄၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကနေ ၅၀၀၀ အထိ အသီးသီးဈေးတွေ တက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်ကအထိ အဝယ်ပုံမှန် အရောင်းပုံမှန်ရှိနေလို့ ဈေးက အမြင့်ဈေးနဲ့ ငြိမ်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဒေါ်လာဈေးမြင့်လာတဲ့အတွက်ဈေးက အနည်းငယ်မြင့်လာခဲ့ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ပခုက္ကူ၊ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ၊ဝါးခယ်မ)တို့က တစ်ပိဿာကို ၂၂၅၀ ကနေ ၂၆၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်လောက်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၁၅၀၀၀ ကနေ ၁၂၃၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၃၀၀၀ လောက် ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်း(ကြီး)က တစ်တင်းကို ၃၀၀၀၀ ကနေ ၃၉၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပြီး ပဲတီစိမ်း (သေး)ကတော့ တစ်တင်းကို ၄၀၀၀၀ ကနေ ၄၅၀၀၀ နဲ့ဈေးငြိမ်နေပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ကနေ ၄၂၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေး တက်လာပါတယ်။

ပြည်မှာတော့ ၃၇၅၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ်အသီးသီး ဈေးတက်လာပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)

ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ရုတ်တရက်ဈေးတွေ ကျဆင်းသွားခဲ့ပါတယ်။ အဝင်များလို့ ဈေးတွေ ကျဆင်းတယ်လို့လည်း သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃၆၀၀ ကနေ ၃၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်