တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

13/06/2021 15:00 PM တွင် AMIA AMIA မှ ရေးသား

(၇.၆.၂၀၂၁ မှ ၁၁.၆.၂၀၂၁) ထိ တစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်လယ်ယာထွက်ကုန်သီးနှံများ

မတ်ပဲ

မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးပြန်တက်လာပြီး ဒီတစ်ပတ်မှာလည်း ဈေးတွေထပ်တက်လာပါတယ်။ လာမယ့် ဇွန်လ လပိုင်းမှာ တန်ချိန် ၈ သောင်းနီးပါး အိန္ဒိယတင်ပို့မှာဖြစ်တဲ့အတွက် ရက်ပိုင်းအတွင်း အဝယ်များပြီးဈေးတက်လာတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်းမှာတော့ မတ်ပဲဈေးတွေ ကျဆင်းနေတဲ့အတွက် ဈေးက ထင်သလောက် တက်တာမျိုးတော့ မရှိပါဘူး။

ရန်ကုန်ဈေးကွက်မှာမတ်ပဲ(FAQ/RC)  က တစ်တန်ကို ၁၁၀၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်  ၁၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၇၀၀၀ ကနေ ၁၀၈၀၀၀  ပေါက်ဈေးရှိပြီး  တစ်အိတ် ၅၀၀၀ ကျပ် သာ ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀ ကျပ် ဈေးတက်လာပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၅၆၀၀ ပေါက်ဈေးရှိပြီး ၁၆၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ပဲစင်းငုံနီကလည်း တင်ပို့မှုရှိတာဖြစ်တဲ့အတွက်ဈေးတက်နေတာဖြစ်ပါတယ်။ ကုန်သည်များအကြား အရောင်းအဝယ် ရှိနေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ပဲစင်းငုံနီ ဈေးတွေကျဆင်းနေတာဖြစ်လို့ အများကြီးတော့ ဈေးမတက်ပါဘူး။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၁၀၈၂၅၀၀  ပေါက်ဈေးရှိပြီး တစ်တန်ကို ၂၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ၁၀၁၀၀၀ ကနေ ၁၀၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို  ၄၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၃၈၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေး တက်လာပါတယ်။

ပြည်ဈေးကွက်နဲ့အောင်လံဈေးကွက်မှာ တော့ တစ်တင်းကို ၃၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ကုလားပဲ

ဒီတစ်ပတ်ကတော့ ပြည်ပတင်ပို့မှုများတဲ့အတွက် ပဲမျိုးစုံ ဈေးတက်နေတာဖြစ်ပါတယ်။ ကုလားပဲဈေးကလည်း ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ကုလားပဲကတော့ ပြည်တွင်းရောင်းဝယ်မှုပေါ်မူတည်ပြီး ဈေးအတက်အကျ ပြောင်းလဲမှုတွေရှိပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁၄၇၀ ကနေ ၁၅၃၅ ပေါက်ဈေးရှိပြီး ၆၅ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၁၅၅၀  ကနေ ၁၅၈၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ်ကို ၈၃၀၀၀ မှ ၈၄၀၀၀  ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ကုလားပဲ (၉၂၉) က တစ်အိတ်ကို ၈၆၀၀၀ မှ ၈၇၀၀၀  ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ကုလားပဲ (v2)က တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၁၀၀၀  ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်၊ ကုလားပဲ v7 က တစ်အိတ်ကို ၉၂၀၀၀ ပေါက်ဈေးရှိပြီး ၄၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်း  ကုလားပဲ(ထိုင်ဝမ်) က ၂၈၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ၊၉၂၉ က တစ်အိတ်ကို ၂၉၀၀၀ ရှိပြီး  ၁၀၀၀ ကျပ် ၊ကုလားပဲ (V2) ကတော့ တစ်တင်းကို ၂၉၅၀၀ ကျပ် ရှိပြီး ၇၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

ပြည်ဈေးကွက်မှာတော့ ကုလားပဲ (ဟော်လန်) မှာ တစ်တင်းကို ၃၀၅၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာတော့ ကုလားပဲ (ဟော်လန်)က တစ်တင်းကို ၃၀၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပြီး  ကုလားပဲ(မြကြေး) ကတော့ ၃၁၀၀၀ ပေါက်ဈေးရှိကာ ဈေးငြိမ်ပါတယ်။

ငရုတ်

ငရုတ်ကတော့ ဒီတစ်ပတ်မှာ ဈေးကတက်လာပါတယ်။ ဝင်ရောက်မှုနည်းပြီး အဝယ်များတဲ့အတွက်ဈေး တက်နေတာလို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ မိုးထောင်(မြစ်ဝ)က တစ်ပိဿာကို ၃၅၅၀ ကနေ ၃၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပါတယ်။

မိုးထောင်(ဟင်္သတ)ကလည်း တစ်ပိဿာကို ၃၈၀၀ ကနေ ၃၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပါတယ်။

ငရုတ်(ပန်းတနော်) ကလည်း တစ်ပိဿာကို ၂၇၀၀ ကနေ ၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

အာလူး

အာလူးကတော့ ဈေးကျဆင်းသွားပါတယ်။ အဝင်များတဲ့အတွက်ဈေးကျဆင်းသွားတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဟဲဟိုး အမျိုးအစားက တစ်ပိဿာကို ၃၃၀ ကနေ ၄၈၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ဝတ်ရည်မွန် (AMIA)

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်