တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက် နှိုင်းယှဉ်သုံးသပ်ချက်

16/12/2019 10:30 AM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးက ပြန်တက်လာခဲ့ပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးအနည်းငယ် ပြန်တက်လာခဲ့ပြီး ပဲကလည်း အိန္ဒိယက အဝယ်အနည်းငယ်ရှိလာတဲ့အတွက်ကြောင့် ဈေးကပြန်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ရန်ကုန်ဈေးကွက်မှာ  တစ်တန်ကို ၉၅၀၀၀၀ အထိ ဈေးကျဆင်းသွားခဲ့ပေမယ့် ဒီတစ်ပ တ်မှာ တော့ တစ်တန်ကို  ၁၀ သိန်းခွဲထိ ပေါက်ဈေးရှိပြီး တစ်တန်ကို တစ်သိန်းခွဲ  လောက်ဈေးပြန်တက်လာခဲ့ပါ တယ်။
မုံရွာဈေးကွက်မှာတော့ မတ်ပဲကတစ်တင်းကို ၂၅၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါ တယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေး ကျဆင်းပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာတော့ သုံးတင်းဝင် တစ်အိတ်ကိ ၈၆၀၀၀ ကနေ ၉၄၀၀၀ပေါက်ဈေးရှိပြီး တစ်ထောက်လောက်ဈေး ကျဆင်းသွားပါတယ်။

ပဲစင်းငုံ(နီ)

ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာတော့ နယ်အချို့ ကုန်စည်ဒိုင်တွေမှာပါ ဈေးက မဖွင့်ပါဘူး။ အဝင်လည်းမရှိသလို   အဝယ်လည်းမရှိတဲ့အတွက်ကြောင့် ဈေးက တော့ ကျဆင်းနေပါတယ်။ ဒါပေမယ့် လာမယ့်လအတွင်းဈေး ပြန်တက်နိုင်ခြေရှိတယ်လို့တော့ ကုန်သည်အချို့က သုံးသပ်ထားပါတယ်။ တပ်ရိက္ခာအတွက် တိရိစ္ဆာန်အစာအတွက် အဝယ်ပြန်လိုက်လာနိုင်တဲ့အတွက်ကြောင့် ပြည်တွင်းဈေးကွက်မှာ  ဈေးက ပြန်တက်လာနိုင်တယ်လို့ဆိုပါတယ်။
ရန်ကုန် မှာလည်းဈေးမဖွင့်သလို မုံရွာဈေးကွက်မှာလည်း ဈေးမဖွင့်ပါဘူး။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်း ကို ၂၄၀၀၀ နဲ့ဈေးငြိမ်နေပြီးပြည်ကုနစ်ညဒိုင်မှာတော့ တစ်တင်းကို ၂၁၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ ဈေးကျဆင်းသွားပါတယ်။ ပဲလက်ကျန်တွေ မရှိတေ့ာ သလို အရောင်းအဝယ်ကလည်း အေးသွားတဲ့အတွက်ကြောင့် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ လက်ရှိမှာ ဒေသ အလိုက်ပဲအသစ်တွေကို သာ စိုက်ပျိုးနေတာဖြစ်တဲ့အတွက်ကြောင့် မျိုးပဲတွေသာ အရောင်းအဝယ်ဖြစ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း (ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ၊ဝါးခယ်မ )တို့က တစ်ပိဿာကို ၁၈၆၅ ကနေ ၂၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ပဲတီစိမ်း အသေးက တစ်တင်းးကို ၃၄၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း ပဲတီစိမ်း အသေးက တစ်တင်းကို ၃၉၈၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်း အသေးက တစ်ပိဿာကို ၁၆၅၀ ပေါက်ဈေးရှိပြီး ၂၅ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာါလည်း ပဲတီစိမ်း အသေးက တစ်ပိဿာကို ၁၈၉၅ ပေါက်ဈေးရှိပြီး ၂၅ ကျပ်ဈေးတက်လာပါတယ်။

ပဲလွန်းဖြူ

ပဲလွန်းဖြူကတော့ ဒီတစ်ပတ်မှာ ဈေးက မထင်မှတ်လောက်အောင်ကို တက်လာခဲ့ပါတယ်။ အသစ်တွေ ဆက်တိုက် ထွက်ရှိနေပြီး အရောင်းအဝယ်သွက်နေတဲ့အတွက်ကြောင့် ဈေးက တက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲလွန်းဖြူ(မင်းလှ၊မြစ်ဝကျွန်းပေါ်)က တစ်ပိဿာကို ၁၄၈၀ ကနေ ၁၅၀၀ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းတစ်ပိဿာကို ၁၅၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။
မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။
ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်ဈေးတက်လာပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ဒီတစ်ပတ်မှာ ရုတ်တရက်ဈေးကကျဆင်းသွားခဲ့ပါတယ်။ အဝင်များလာတဲ့အတွက်ဈေးကျဆင်း သွားတာဖြစ်တယ်လို့သိရပါတယ်။
ကြက်သွန်ဖြူ (ကြူကုတ်)က တစ်ပိဿာကို ၃၀၅၀ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရက်အတော်ကြာ အတက်ဈေးနဲ့ ရှိခဲ့တဲ့ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို ၂၂၀၀ ကနေ ၃၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀၀ ကျပ် ကျဆင်းသွားပါတယ်။
(၉.၁၂.၂၀၁၉ မှ ၁၃.၁၂.၂၀၁၉)ထိ
ဝတ်ရည်မွန်(AMIA)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်