တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

22/01/2021 17:00 PM တွင် AMIA AMIA မှ ရေးသား

(၁၈.၁.၂၀၂၁ မှ ၂၂.၁.၂၀၂၁) ထိ တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ

မတ်ပဲ

မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်က ကုန်သည်တွေခန့်မှန်းခဲ့တဲ့အတိုင်း ဈေးတက်လာပါတယ်။ ပဲအသစ်တွေ ဈေးတက်နေတာဖြစ်ပြီးတော့ ဈေးကွက်အတွင်း ပဲအသစ်တွေက အရောင်းသွက်နေပါတယ်။

အိန္ဒိယကုန်သည်တွေက ပဲလိုအပ်ချက်မရှိတဲ့အတွက်ကြောင့် ပဲအဟောင်း အစား ပဲအသစ်ပဲ ဝယ်ယူမယ်ဆိုပြီး အကြောင်းပြစောင့်ဆိုင်းနေမှုကြောင့် လက်ရှိပဲအသစ်တွေက ဈေးတက်နေတာလို့ ကုန်သည်တွေက ဆို 

လက်ရှိရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၉၈၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၄သောင်းခွဲကျော်ဈေးတက်လာပါတယ်။ မတ်ပဲ (SQ/RC)ကတော့ တစ်တန်ကို ၁၁၄၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ခြောက်သောင်းနီးပါးဈေးတက်လာပါတယ်။

မန္တလေးမှာတော့ ပဲအသစ်က သုံးတင်းဝင် တစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မော်လမြိုင်ဈေးကွက်မှာလည်း တစ်တင်းကို ၃၂၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ကျပ် ဈေးတက်လာပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၂၆၀၀ ကနေ ၃၃၁၀၀  ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ တစ်ပတ်အတွင်း ဈေးငြိမ်နေခဲ့ပေမယ့် သောကြာနေ့ မှာ ရုတ်တရက် ဈေးတက်လာခဲ့ပါတယ်။ ။နယ်ဈေးကွက်မှာလည်း ယခုထပ် ပိုဈေးကျသွားမှာ စိုးရိမ်တဲ့အတွက် ထုတ်ရောင်းမှု အနည်းငယ်ရှိတဲ့အတွက် ဈေးအနည်းငယ်တက်နေပါတယ်။

အိန္ဒိယနိုင်ငံကလည်း လက်ရှိအချိန်ထိ ဝယ်ယူမှုနဲ့ပတ်သတ်ပြီး ထုတ်ပြန်ပေးမှုမရှိသေးတဲ့အတွက် ကုန်သည်တွေက ဝယ်ယူမှုကို စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။ ဈေးအများကြီး မကျဆင်းသွားတာကပဲ ခံသာနေသေးတဲ့အခြေအနေဖြစ်နေပါတယ်။ 

ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၇၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂ သောင်းခွဲနီးပါးဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၁၀၀၀ ကနေ ၇၁၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၄၂၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၄၂၀၀ မှ ၂၄၃၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၂၃၈၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၀၀ကျပ်ဈေးတက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီတစ်ပတ် ဈေးအနည်းငယ် တက်လာပါတယ်။ တရုတ်ဘက်က အဝယ်ရှိတဲ့အတွက် ပြည်တွင်းဈေးကွက်မှာ တက်လာတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း (ပခုက္ကူ၊ပဲခူးရွှေဝါ၊ခရမ်းရွှေဝါ၊ဝါးခယ်မ) တို့က တစ်ပိဿာကို ၂၂၁၅ ကျပ်ကနေ ၂၂၈၅ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(ကြီး ၁.၂.၃) က တစ်အိတ်ကို ၁၁၅၀၀၀ ကနေ ၁၂၀၀၀၀ ပေါက်ဈေးရှိပြီးဈေးကတော့ ငြိမ်နေပါတယ်။

ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၃၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာပါ တယ်။

မုံရွာဈေးကွက်မှာလည်း ပဲတီစိမ်း (ကြီး၊သေး) က တစ်တင်းကို ၃၈၀၀၀ ကနေ ၄၂၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၂၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။

ပဲလွန်း(ဖြူ၊ပြာ၊နီ)

ပဲလွန်းတွေကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ဈေးကွက်ထဲကို အသစ်တွေ ဆက်တိုက်ဝင်နေပြီး ဝယ်ယူမှုသွက်နေတဲ့အတွက်ဈေးတက်နေတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲလွန်းဖြူက တစ်ပိဿာကို ၂၇၀၀ ကနေ ၂၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၃၀ ကျပ်ဈေးတက်လာပါတယ်။ ပဲလွန်းနီကတော့ တစ်ပိဿာကို ၂၅၁၅ ကနေ ၂၅၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲလွန်းပြာ(သစ်)က တစ်အိတ်ကို ၁၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပဲလွန်းဖြူ(သစ်)ကတော့ တစ်အိတ်ကို ၁၄၀၀၀၀ ကနေ ၁၇၀၀၀၀ နဲ့ စပြီး ဈေးဖွင့်ထားပါတယ်။

မုံရွာဈေးကွက်မှာတော့ ပဲလွန်းပြာက တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ငရုတ်

ငရုတ်ရှည်ကတော့ ဈေးကွက်ထဲကို အသစ်ဝင်လာတဲ့အတွက် ဈေးတွေကတော့ အသစ်ဈေးနဲ့ ရှိနေပါတယ်။ ပြီးခဲ့တဲ့အပတ်အထိ ငရုတ်ရှည်(ဆင်ဖြူကျွန်း)က လက်ကျန်ကို တစ်ပိဿာကို ၁၃၀၀၀ အထိ ပေါက်ဈေးရှိပေမယ့် အသစ်ထွက်လာတဲ့အချိန်မှာတော့ တစ်ပိဿာကို ၅၈၀၀ ကနေ ၆၄၀၀ နဲ့ ဈေးစဖွင့်ခဲ့ ပါတယ်။

အိန္ဒိယငရုတ်ရှည်(AC) ကလည်း တစ်ပိဿာကို ၅၁၀၀ ကနေ ၅၂၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ဝတ်ရည်မွန် (AMIA)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်