တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

04/08/2018 11:15 AM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီအပတ်စပြောချင်တာက မြန်မာတိုင်းမ်မှာပါလာတဲ့ " ၂၀၁၉ခုနှစ်မှာ ရော်ဘာဗဟိုဈေးကွက်ကို ဖွင့်နိုင်ပါလိမ့်မယ်လို့ MRPPA အတွင်းရေးမှူး ဦးခိုင်မြင့်ကပြောတဲ့သတင်းပါပဲ။ ဒီလို Central Rubber Market ကို လည်ပတ်ဘို့ဆိုတာကလည်း ရော်ဘာနဲ့ ပတ်သက်နဲ့ ဥပဒေရှိမှဖြစ်မှာမို့ ရော်ဘာဥပဒေသစ်ကို ပြဌာန်းပြီးနောက်မှာမှ ဈေးကွက်ကို ဖွင့်ရပါ့မယ်။ ၂၀၁၉ နှစ်ဦးမှာမှ ဥပဒေက အတည်ဖြစ်မှာကို မျှော်မြင်ပြီးပြောတာဖြစ်တယ်။ အခု ဥပဒေကြမ်းကို ပြည်သူကိုချပြတဲ့အခါတုန်းက ကန့်ကွက်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေဖြစ်လာလို့ ပြန်ရေးဆွဲဘို့လိုလာတဲ့အတွက် ကြန့်ကြာမှုတွေဖြစ်ခဲ့တယ်လို့ သူကပြောပါတယ်။ ဆိုတော့ လွှတ်တော်မှာလည်း ဥပဒေအတည်မပြုမီ ရော်ဘာတောင်သူတွေရဲ့ အကျိုး တိုင်းပြည်အကျိုးကို  ရှေ့ရှုပြီး ကောင်းမွန်တဲ့ ဥပဒေတစ်ခုဖြစ်လာဘို့ အကြိတ်အနယ် ဆွေးနွေးတိုင်ပင်ညှိနှိုင်းကြဘို့ လိုပါမယ်။ မြန်မာနိုင်ငံအနေနဲ့ရော်ဘာနဲ့ ပတ်သက်တဲ့ ဥပဒေကလည်း ခုထိမရှိသေးဘူးဖြစ်နေတယ်လေ။ အိမ်နီးချင်း ရော်ဘာအထွက်အများဆုံးတိုင်းပြည်ဆိုရင် ဥပဒေနဲ့ အတည်အတံ့ဖြစ်နေကြပြီ။ ထိုင်းမှာပေါ့။ သူတို့မှာ Rubber Authority of Thailand Act ဆိုတာရှိတယ်။ မလေးရှားမှာလည်း Malaysia Rubber Board ( Incorporation Act) ရှိတယ်လေ။ 

" မြန်မာနိုင်ငံမှာ ရော်ဘာနဲ့ ပတ်သက်တဲ့ ဘာဥပဒေမှ မရှိသေးဘူး။ ဥပဒေကြမ်းထဲမှာ ဘုတ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဘို့ပါတယ်။ ပြီးတော့ လက်ကားဈေးကွက်၊ ပျိုးခင်းနဲ့ စိုက်ခင်းတို့အတွက် မူဘောင်တွေပါတယ်" လို့ အတွင်းရေးမှူးက ဆက်ပြောပြတယ်။ ရော်ဘာဗဟိုဈေးကွက်မှာ နိုင်ငံခြားလုပ်ငန်းတွေက လေလံဝင်ဆွဲလို့ရမယ်။ ဈေးအမြင့်ဆုံးပေးသူကို ရောင်းမယ်လို့ သူကဆိုတယ်။ 

ကျွန်တော်ကတော့ ဒီလို ရော်ဘာဗဟိုဈေးကွက်တစ်ခုဖြစ်လာရင် တရားဝင် အဖွင့်ဈေးကိုနေ့စဉ်သိရမယ်။ ဒါဆိုရင် ပြည်တွင်းဈေးကို မှန်မှန်ကန်ကန်နဲ့ တောင်သူတွေရော ကုန်သည်တွေပါ ရောင်းဝယ်နိုင်ပါ့မယ်ဆိုတော့ ကြိုဆိုတယ်။ ခုလို သူတစ်ဈေး ငါတစ်ဈေး မဖြစ်တော့ဘူးပေါ့။ 

နောက်သတင်းတစ်ခုက ကမ္ဘောဒီးယား ရော်ဘာသတင်းပါ။ ရော်ဘာလျှော့ထုတ်ဘို့လမ်းကို ကမ္ဘောဒီးယားက မလိုက်ဘူးတဲ့။ ရော်ဘာအဓိကထုတ်လုပ်သူနိုင်ငံတွေရဲ့ ဈေးနှုန်းမြှင့်တင်ဘို့ ရော်ဘာထုတ်လုပ်မှုလျှော့ချတဲ့ လှုပ်ရှားမှုနောက် ကမ္ဘောဒီးယားက လိုက်မှာ မဟုတ်ဘူးလို့ ရော်ဘာဌာနကြီး၏ ညွှန်ကြားရေးမှူးဖြစ်သူ ပိုဆိုဖက ပြောပါတယ်။ " ကျနော်တို့က ကမ္ဘာ့ဈေးကွက်မှာဆိုရင် တင်ပို့သူအငယ်စားလေးပါ။ ဈေးနှုန်တွေးကျနေပေမယ့် ကျနော်တို့ထုတ်လုပ်မှုကို လျှော့ချမှာမဟုတ်သလို စိုက်တာလည်း လျှော့မှာမဟုတ်ဘူး" လို့မစ္စတာ ဆိုဖကပြောပါတယ်။ ဟုတ်တယ်။ ကျနော်တို့မြန်မာလိုပဲ ရော်ဘာထုတ်လုပ်တဲ့ နိုင်ငံငယ်လေးက သိပ်မှမထွက်တဲ့ ရော်ဘာကိုလျှော့ထုတ်လို့ ဘာထူးမှာလည်း။ အကြီးဆုံး အိတ်စပို့တာ နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနဲ့ မလေးတို့ လျှော့ထုတ်ရင် လုံလောက်ပါပြီ။ ဒီအကြံအစည်အောင်ရင်တော့ ကျနော်တို့လည်း ကျွဲကူးရေပါဆိုသလို ပါသွားမှာပါပဲ။ 

ကမ္ဘာ့ဈေးကွက်မှာ ရောင်းလိုအားတွေများနေရင် ပြည်တွင်းဈေးကို အမြဲတမ်း အကျိုးသက်ရောက်ပါတယ်တဲ့။ ဒါကြောင့် ရောင်းအားကို လျှော့ချဘို့ သူတို့ကြိုးပမ်းကြတာဖြစ်တယ်။ 

ကမ္ဘောဒီးယားမှ အန်းမဒီ အုပ်စုရဲ့ ဒု ဥက္ကဋ္ဌ လင်းဟမ်းက မကြာမှီကာလမှာ ရော်ဘာဈေးတွေ တက်မယ်လို့ သူမျှော်လင့်သတဲ့။ 

" ရော်ဘာဈေးတွေ ဘယ်တော့တက်မယ်ဆိုတာ ကျနော်တို့ မခန့်မှန်းနိုင်ပေမယ့် အာရှမှထုတ်လုပ်သူတွေရဲ့ ရော်ဘာအထွက်ကိုလျှော့ချတဲ့ လှုပ်ရှားမှုက ဈေးနှုန်းကို လွှမ်းမိုးပါလိမ့်မယ်" မစ္စတာ ဟမ်းကပြောပါတယ်။ 

ကမ္ဘောဒီးယားရဲ့ ရော်ဘာတင်ပို့မှုဟာ ပထမနှစ်ဝက်မှာ တန်ချိန် ၈၄၄၀၀ ကိုရောက်ခဲ့ပြီဖြစ်တယ်။ တစ်တန်ရဲ့ ပျမ်းမျှဈေးနှုန်းက ၁၃၉၄ ဒေါ်လာပါ။ ရော်ဘာစိုက်ဧရိယာက ၄၃၆၈၁၂ ဟက်တာရှိပါတယ်။ 

ဗီယက်နမ်က ကမ္ဘောဒီးယားရဲ့ အဓိက ဈေးကွက်ပါ။ ကမ္ဘောဒီးယားအစိုးရက ကမ္ဘာ့အကြီးဆုံးရော်ဘာတင်သွင်းသူ တရုတ်နဲ့လည်း သူတို့ဆီ တိုက်ရိုက်တင်ပို့ဘို့ ညှိနှိုင်းမှုလုပ်ထားတယ်။ 

" ညှိနှိုင်းမှုတွေက ပြဿနာအမျိုးမျိုးအပေါ် အာရုံစိုက်ထားတယ်။ ရှိရင်းစွဲ အကောက်ခွန်နှုန်းထားအပါအဝင်ပေါ့။ တရုတ်အစိုးရအနေနဲ့ ကမ္ဘောဒီးယားကို ရော်ဘာနဲ့ ပတ်သက်ပြီး အခွန်အကောက်ဆိုင်ရာ ဦးစားပေးမလားဆိုတာ ဆုံးဖြတ်ဘို့ စဉ်းစားနေဆဲပါ" လို့ မစ္စတာဆိုဖ ကပြောပါတယ်ခင်ဗျ။ 

အခု ကမ္ဘာ့ရော်ဘာဈေးကွက်ကိုပြန်ကြည့်ရင် တိုကျိုရဲ့ စံရော်ဘာဟာ တနင်္လာနေ့မှာ တက်သွားတယ်။ ရှန်ဟိုင်းဈေး အတက်နောက် လိုက်သွားတာပါ။ ဒါပေမယ့် ရော်ဘာစတော့တွေကများနေတော့ ဈေးနှုန်းအပေါ်ဖိအားရှိနေတယ်။ တက်ချင်ပေမယ့် သိပ်မတက်နိုင်ဖြစ်နေတယ်လေ။  

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို ပြဌာန်းတဲ့ TOCOM ရော်ဘာဈေးဟာ ဈေးနေ့ရဲ့ စောစောပိုင်းမှာ တစ်ပတ်အတွင်းအမြင့်ဆုံးကို ရောက်သွားတယ်။ 

" ဈေးက အမြင့်ကြီးမဟုတ်ဘူး။ ဈေးလှုပ်ရုံမျှသာဖြစ်တယ်။ ဒီက တရုတ်မှာဖြစ်နေတဲ့ အဓိကပြဿနာက ရော်ဘာစတော့များနေတာပဲ" Zhu Ziyue ကပြောတယ်။ သူက Hongyuan Future မှ ဆန်းစစ်သူတစ်ယောက်ပါ။

တနင်္လာနေ့မှာ တိုကျိုရဲ့ TOCOM မှာ ဇန်နာဝါရီရော်ဘာကန်ထရိုက်ဟာ ၁.၆ ယန်း($ဝ.၀၁၄၄) တက်ကာ ၁၆၉.၆ ယန်း/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။ 

ShFE မှာတော့ အနုတ်အသိမ်းအများဆုံး စက်တင်ဘာလ ကန်ထရိုက်ဈေးဟာ ၃၅ ယွမ်($၅.၁၂) တက်ပြီး ၁၀၂၈၀ ယွမ်/တန်ဈေးနဲ့ ပိတ်ပါတယ်။ 

အင်္ဂါနေ့ ဈေးအပိတ်ကျတော့ TOCOM ကအနည်းငယ်အတက်နဲ့ ပိတ်သော်လည်းပဲ ရှန်ဟိုငိး ShFE ကကျပါတယ်။ ဗုဒ္ဓဟူး၊ ကြာသပတေး၊ နဲ့ သောကြာ ၃ ရက်လုံးကျတော့ တိုကျိုရော ရှန်ဟိုင်းပါ အကျနဲ့ချည့် ဈေးပိတ်ကြပါတယ်။ ရော်ဘာစတော့များတဲ့ အကြောင်းရင်းကြောင့်ပါပဲလို့ ဆိုကြတယ်။ အဝယ်အေးနေတော့ ဈေးကမလိုက်နိုင်ဖြစ်နေတာလေ။ 

ညီသွေး


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်