တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

04/11/2018 20:49 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဝယ်လိုအား- ရောင်းလိုအားမမျှတမှုဆိုတဲ့ အခြေခံအချက်အရ ၂၀၁၉ ခုနှစ်အထိ သဘာဝရော်ဘာဈေးတက်ဘို့ အကြောင်းမရှိသေးဘူးလို့ သဘာဝရော်ဘာထုတ်လုပ်သူနိုင်ငံများအသင်း ANRPC မှ အကြီးတန်းစီးပွားရေးပညာရှင် Jom Jacob က အင်္ဂါနေ့တုန်းက ပြောလိုက်ပါတယ်။ 

သူ့အကြောင်းပြချက်တွေက ဒေါ်လာငွေကြေးအားကောင်းနေခြင်း၊ ရော်ဘာထုတ်လုပ်သူနိုင်ငံတွေရဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ အမေရိကန်အခွန်အကောက်မြင့်မားမှုဒဏ်ကြောင့် တရုတ်ရဲ့ ရော်ဘာအသုံး ကျဆင်းနေမှုတို့ပါပဲ။ ဒီအကြောင်းအချက်တွေကြောင့် ရော်ဘာဈေးပြန်တက်ဘို့ မျက်နှာသာမပေးသေးဘူးလို့ အိန္ဒိယရဲ့ ၂၀၁၈ ရော်ဘာအစည်းအဝေးမှာ ပြောလိုက်တာပါ။ 

ဝယ်လိုအား-ရောင်းလိုအား အခြေခံနှင့်အတူ အခြားအချက်များက ၂၀၁၉ ခုအတွင်းမှာ သဘာဝရော်ဘာဈေးကိုတက်ဘို့ အကြောင်းဖန်ခွင့်မပေးကြပါဘူးလို့ ANRPC ရဲ့ အကြီးတန်းစီးပွားရေးပညာရှင် Jom Jacob က အင်္ဂါနေ့မှာ ပြောလိုက်တာပါ။

ဒေါ်လာအားကောင်းနေခြင်း၊ ရော်ဘာထုတ်လုပ်သူနိုင်ငံတွေရဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ အမေရိကန်ရဲ့အကောက်ခွန်မြင့်မားမှုကြောင့် တရုတ်ရဲ့ ရော်ဘာအသုံး အနုတ်လက္ခဏာပြမှုတို့က ဈေးနှုန်းပြန်တက်ဖို့ကို အားမပေးဘူးဖြစ်နေတယ်လို့ Jacob က အိန္ဒိယရဲ့ ၂၀၁၈ ရော်ဘာအစည်းအဝေးမှာ တင်ပြစဉ်ပြောလိုက်တာပါ။ 

ဒေါ်လာဈေးက ခုနှစ်ပိုင်းမှာ ဆက်တက်နေမယ့်သဘောရှိတယ်။ ဒီလိုဒေါ်လာမာနေရင် အာရှဘက်က ကုန်စည်ဈေးကွက်တွေမှ ကုန်သည်တွေလက်ထဲမှာဈေးကစားဘို့ငွေကြေးက ကျုံ့သွားမယ်။ ငွေကြေးအင်အားနည်းသွားမယ်။ အဲဒီတော့ရော်ဘာဈေးကိုလာထိခိုက်ပြန်တယ်။ 

သူရှင်းပြတာက ၂၀၁၈ ခုအတွင်းမှာ ကမ္ဘာ့အသုံး တန် ၁၄.၂၁၂ သန်းဟာ ကမ္ဘာ့အထွက် တန် ၁၃.၈၉၅ သန်းထက်ကျော်မယ်လို့ခန့်မှန်းသော်လည်း ဒါဟာ ဝယ်လိုအားက ရောင်းလိုအားထက်များတယ်ဆိုလို့ ဈေးကတက်လာလိမ့်မယ်လို့ တွက်လို့မရဘူးတဲ့။ ဒါကဘာကြောင့်လဲဆိုရင် အဓိကရော်ဘာထုတ်လုပ်ရာတိုင်းပြည်အချို့မှာ ရော်ဘာဟာ အတော်လေး အထွက်တိုးနိုင်စွမ်းရှိနေတယ်။ ဈေးနှုန်းရဲ့ ဆွဲဆောင်မှုနဲ့ ရာသီဥတုကမျက်နှာသာပေးတဲ့ အကြောင်းအချက်တွေလိုကြောင့်ပါ။

"ထုတ်လုပ်နိုင်စွမ်းအချက်" က အနည်းဆုံး ၂၀၂၁ သို့မဟုတ် ၂၀၂၂ အထိ မျက်နှာသာပေးဦးမယ်မဟုတ်ဘူးလို့ သူက ဆက်ပြောတယ်။ 

ထုတ်လုပ်နိုင်စွမ်းကောင်းနေမယ်။ ဒါပေမယ့် ဝယ်လိုအားက နည်းနေမယ်ဆိုရင် ရော်ဘာတွေ စုပုံနေပြီး ဈေးက လိုက်လာဘို့ မဖြစ်နိုင်ဘူး ဆိုတဲ့သဘောပဲ။ 

တရုတ်ရဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့၊ Jacob ပြောတာက တရုတ်ရဲ့ သဘာဝရော်ဘာအသုံးဟာ နှေးကျလာတာ မနှစ်ကဒီအချိန်ထက် ၃.၄ % တောင်ကျသွားတယ်တဲ့။ ဒါက ၂၀၁၈ ဇန်နာဝါရီမှ စက်တင်ဘာကာလအတွင်းမှာ။ ဒါ့အပြင် အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲကလည်း စိုးရိမ်စရာဖြစ်နေတယ်။ တရုတ်ရဲ့ ကားတိုင်ယာကဏ္ဍဟာ ၂၀၁၈ နှစ်လယ်ကစလို့ တရုတ်ငွေ ယွမ်ရင်မင်ဘီ တန်ဘိုးလျှော့ချထားတော့ ဒါကြောင့်လည်း ရော်ဘာဈေးကို ထိခိုက်တာပါပဲတဲ့။ ငွေကြေးတန်ဘိုးလျှော့ချခြင်းကြောင့် တင်သွင်းတဲ့ကုန်ကြမ်းတွေ(ရော်ဘာ) ဟာ ပြည်တွင်းမှာလည်ပတ်နေတဲ့ တိုင်ယာလုပ်ငန်းအတွက် ဈေးကြီးသွားတော့တယ်လို့ သူကဆက်ပြောပါတယ်။ 

တရုတ်ဟာ ကမ္ဘာ့သဘာဝရော်ဘာကို အဓိကဖြုန်းပေးနေတဲ့ နိုင်ငံပါ။ ကမ္ဘာ့အသုံးရဲ့ ၄၀% ကိုသူတို့သုံးပေးတယ်။ ၂၀၁၇ ခုမှာ သဘာဝရော်ဘာ တန်ချိန် ၅.၃၈၆ သန်းသုံးလိုက်တယ်။ ၇.၅% တိုးပြီးသုံးတယ်လို့ စာရင်းပေါက်တယ်။ 

ရှန်ဟိုင်းကြိုရောင်း/ဝယ် ကုန်စည်ဖလှယ်ရာဌာနကြီး Shanghai Future Exchange (ShFE)ရဲ့ အသိအမှတ်ပြုကုန်လှောင်ရုံကြီးတွေမှာ အရန်ရှိနေတဲ့ သဘာဝရော်ဘာတွေဟာ တဖြည်းဖြည်းနဲ့ များတက်လာပြီ။ ၂၀၁၈ အောက်တိုဘာလရဲ့ ပြီးခဲ့တဲ့သောကြာနေ့မှာဆိုရင် မကြုံစဘူး ၅၉၁၅၉၉ တန်အထိကို ရောက်နေပြီ။ 

နောက်ရော်ဘာဈေးတက်စေနိုင်တဲ့ အကြောင်းတစ်ခုက ရေနံဈေးပဲ။ ရေနံဈေးတက်ရင် ရေနံကနေထုတ်တဲ့ ရော်ဘာတု SR (Synthetic Rubber) ဈေး လိုက်တက်မယ်။ SR နဲ့ NR Natural Rubber သဘာဝရော်ဘာတို့ကို ရောပြီးတိုင်ယာလုပ်ရာမှာသုံးကြတယ်။ ရေနံဈေးတက်ရင် SR ဈေးတက်တော့ ဈေးသက်သာတဲ့ NR အဝယ်လိုက်မယ်။ အဝယ်လိုက်ရင် ဈေးလည်းလိုက်လာမယ်။ ဒါပေမယ့် အခုရေနံဈေးတက်ပေမယ့် ကုန်သည်တွေက ရှန်ဟိုင်းဈေးကွက်က အသိအမှတ်ပြုကုန်လှောင်ရုံတွေမှာ သဘာဝရော်ဘာတွေ မကြုံစဖူး များပြားနေတာကိုသိနေတယ်။ ရေနံဈေးတက်လို့ SR ဈေးတက်ပြီး NR ဘက်ကို အသုံးများလာမယ်ဆိုရင်တောင် ဒီအရန်ရော် ဘာတွေက တော်ရုံလျော့သွားဘို့မရှိဘူး။ ဒီတော့ ဈေးလိုက်လာဘို့ အကြောင်းသိပ်မရှိဘူး။ 

Jacob ရဲ့ သတိပေးချက်က ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းဟာ ရှေ့ဆက် အလားအလာမကောင်းတော့ဘူးဆိုရင်၊ သို့မဟုတ် တာရှည်မှာ ဆွဲဆောင်မှုနည်းလာရင်၊ ရော်ဘာတောင်သူတွေ အနေနဲ့  နောက်အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခု ရှာကိုရှာကြရတော့မယ်။ " သမိုင်းကြောင်းက ဖွင့်ပြထားပြီးသားပါ။ သဘာဝရော်ဘာဈေးဟာ ဈေးအမြင့်မှာ နေတဲ့အချိန်ထက် ဈေးအနိမ့်မှာ နေတာက ပိုကြာကြာနေလေ့ရှိတယ်လေ။ ဒါကြောင့် တောင်သူငယ်တွေအနေနဲ့ ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းဟာ ဈေးကောင်းကောင်းမြင့်မြင့်ကို အချိန်အကြာကြီးရလိမ့်မယ်လို့ မျှော်ကိုးပြီး စီးပွားရေးအရ အလားအလာကောင်းတဲ့ လုပ်ငန်းဖြစ်မယ်လို့ မျှော်လင့်ထားလို့ မရဘူး" တဲ့ သူက ပြောတာပါ။

ဈေးမတက်နိုင်တဲ့ အကြောင်းပြီးတော့ ဈေးပြန်တက်မယ့် ခုနှစ်အပိုင်းကိုလည်း သူကတွက်ပြပြန်သေးတယ်။ ဈေးပြန်တက်လာနိုင်တဲ့ ခုနှစ်ကတော့ ၂၀၂၂ နောက်ပိုင်းမှပါတဲ့။ 

သူပြောပြတာက ထုတ်လုပ်နိုင်စွမ်းအချက်က ဈေးတက်ဘို့ မဖြစ်နိုင်တာ ၂၀၂၂ ခုနှစ်အထိ မှန်းဆတယ်။ ၂၀၁၃ ကစပြီး ဈေးမကောင်းတော့ အပင်သစ် ခြံသစ်တွေအစိုက်နည်းလာတယ်။ ခုတ်လှဲပြီးပြန်စိုက်တာလည်း နည်းလာတယ်။ ဒီလိုတွက်ကြည့်ရင် ၂၀၂၂ နောက်ပိုင်းမှာ ရော်ဘာပင်အရေအတွက်နည်းနည်းနဲ့ ထုတ်လုပ်တော့ ရော်ဘာအထွက်နည်းရင် ဈေးလိုက်လာမယ့်သဘောပါ။ ဒါကလည်း ရော်ဘာပင်အရွယ်ရောက်ချိန် ၇ နှစ်ဆိုတာနဲ့ တွက်ထားတာပါ။ 

ဒီအပတ်အတွင်း ထူးခြားမှုက တနင်္လာနေ့မှာ တိုကျိုဈေးကွက်ရဲ့ စံရော်ဘာဈေးဟာ ၂၅ လအတွင်း အနိမ့်ဆုံးဈေးကိုရောက်သွားတယ်ဆိုတာပါ။ ဝယ်လက်အကြီးဆုံး တရုတ်ရဲ့ စီးပွားရေးနှေးကွေးနေတာကို စိုးရိမ်ကြလို့ပါပဲ။ ဒီတော့ ရှန်ဟိုင်းစတော့တွေ စုပုံရောင်းချကြဘို့ဖြစ်လာတယ်။ ယန်းငွေကလည်း ဒေါလာနဲ့ယှဉ်ရင် မာနေတော့ ရော်ဘာဈေးအပေါ် ဖိအားလာပေးပြန်တယ်။ 

တရုတ်ရဲ့ စီးပွားရေးအချက်အလက်တွေက သူတို့ စီးပွားရေးဟာ အေးစက်နေပြီဆိုတာ မီးမောင်းထိုးပြနေတယ်။ စက်တင်ဘာလမှာ စီးပွားရေးလုပ်ငန်းတွေရဲ့ အမြတ်ရရှိမှုနည်းလာတာဟာ ၅ လဆက်တိုက်ရှိသွားပြီကိုး။ ဒါကလည်း ကုန်ကြမ်းအရောင်းနဲ့ ကုန်ထုတ်လုပ်မှုတွေ ကျဆင်းနေလို့ပါပဲ။

"တရုတ်ရဲ့ စီးပွားရေးအပေါ် အနုတ်လက္ခဏာဆောင်တဲ့ ရိုက်ခတ်မှုတွေကြောင့် စိုးရိမ်မှုတွေမြင့်တက်လာပုံပဲ။ အမေရိကန်-တရုတ် စီးပွားရေးကတောက်ကဆဖြစ်ရာမှာ အရှိန်မြင့်လာတာနဲ့အမျှ  တရုတ်စီးပွားရေးဟာ စိုးရိမ်စရာဖြစ်လာပြီဆိုတာ နဖူးတွေ့ဒူးတွေ့ဖြစ်လာပြီလေ" ရကုတန်း စတော့အရောင်းအဝယ်ကုမ္ပဏီမှ ကုန်စည်ဆန်းစစ်သူ ဆတိုးရု ယိုးရှိဒ ကပြောပါတယ်။  

တိုကျိုရဲ့ TOCOM မှာ ဧပြီလကန်ထရိုက်ရော်ဘာဈေးဟာ ၄.၃ ယန်း သို့မဟုတ် ၂.၆% ကျကာ ၁၆၂.၀ ယန်း ($၁.၄၅)/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။ 

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို ထင်ဟပ်တဲ့ TOCOM စံရော်ဘာဈေးဟာ ၁၆၁.၅ ယန်းဈေးအထိကျသွားခဲ့တယ်။ ဒီဈေးဟာ ဒီနေ့စောစောပိုင်းမှာ ၂၀၁၆ စက်တင်ဘာမှစတွက်ရင် အနိမ့်ဆုံးဈေးဖြစ်ခဲ့တယ်ပေါ့။

ရှန်ဟိုင်းဈေးကွက်မှ အနုတ်အသိမ်းအများဆုံးဆိုတဲ့ ဇန်နာဝါရီကန်ထရိုက်ရော်ဘာဈေးဟာ ယွမ် ၄၈၀ ကျကာ ၁၁၃၄၀ ယွမ်($၁၆၃၁)/တန်ဈေးနဲ့ ပိတ်သွားတယ်။ ဒီနေ့အတွင်းမှာ ဩဂုတ်လ ၃ ရက်နေ့ကစတွက်ရင် အနိမ့်ဆုံးဖြစ်တဲ့ ၁၁၂၈၀ ယွမ်ဈေးအထိ ဆင်းသွားသေးတယ်။ 

နိုင်ငံရေး၊ စီးပွားရေး ဝရုန်းသုန်းကားဖြစ်တဲ့အခြေအနေမျိုးမှာတောင် အထိအခိုက်သိပ်မရှိတတ်တဲ့ ငွေမာ Safe-haven ဖြစ်တဲ့ ယန်းငွေဟာ ဒေါ်လာနဲ့ ယှဉ်ရင် တနင်္လာနေ့နေ့ခင်းပိုင်း အာရှဘက်ကုန်သွယ်မှုမှာ ၁၁၁.၉ ယန်းဈေးကိုတက်သွားတယ်။ သောကြာနေ့က ၁၁၂.၁၄ ယန်းနဲ့ ယှဉ်ကြည့်ပေါ့။ 

ယန်းငွေမာတော့ ယန်းငွေနဲ့ ဈေးသတ်မှတ်ထားတဲ့ ကုန်စည်တွေကို ဒေါ်လာလိုအခြားငွေကြေးနဲ့ ဝယ်တဲ့အခါ ဈေးတက်သွားတဲ့သဘောဖြစ်ပြီး အဝယ်မလိုက်တော့ဘူးလေ။ ဒီတော့ ဈေးကျရခြင်းအကြောင်းတစ်ခုဖြစ်သွားတယ်။

" TOCOM စံရော်ဘာဈေးဟာ ၁၆၅ ယန်းအမှတ်အောက်ကို ဖြတ်ဆင်းသွားပြီ။ ၁၆၅ ယန်းဆိုတာ ဇူလိုင်လလောက်ကတည်းက တင်းခံထားတဲ့ ဈေးအဆင့်ပဲ။ သဘောထားတွေ အနုတ်သဘောဆောင်ကုန်ပြီး ရှေ့ဆက်ရောင်းချကြဘို့ အချက်ပြလိုက်တော့ ၁၆၅ ယန်းအောက်ရောက်သွားတော့တာပါပဲ" ယိုးရှိဒ ကပြောပါတယ်။ 

" တရုတ်ဆီကနေ ခိုင်မာတဲ့ အချက်အလက်တွေသာ ထွက်မလာခဲ့ဘူးဆိုရင်၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ပျက်အားလျော့နေမှုဟာ ရှေ့ဆက်လျော့ကျသွားမယ့်သဘောပဲ" တဲ့သူက။ 

ဒီလိုနဲ့ ဒီအပတ်တပတ်လုံး ရှန်ဟိုင်းဈေးကွက်မှာ ရော်ဘာဈေးဟာ ဆက်တိုက်ကျလာလိုက်တာ ဒီနေ့သောကြာနေ့ ဈေးပိတ်တော့မှ အတက်နဲ့ ပိတ်တော့တယ်။

ညီသွေး

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်