မူပိုင်ခွင့်ဆိုတာ ဘာလဲ

09/08/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ 

ယခုတစ်ပတ်မှာတော့ မူပိုင်ခွင့် အကြောင်းကို တောင်သူ ဦးလေး ဒေါ်လေးတို့အတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။

ယနေ့ခေတ်မှာဆိုရင် လူတိုင်းနီးပါး လူမှုကွန်ယက် မီဒီယာ ဖေ့စ်ဘုတ်တွေ အသုံးပြုနေကြသလို အွန်လိုင်းကနေလုပ်နေကြတဲ့ စီးပွားရေး လုပ်ငန်းတွေလည်း တွင်ကျယ်လာပါတယ်။ တစ်ဆက်တည်းမှာပဲ မိမိလုပ်ငန်းအောင်မြင်စေဖို့ အလုပ်လုပ်ရတာ အဆင်ပြေဖို့အတွက် သူတစ်ပါး စဥ်းစားတွေးခေါ်မှုနဲ့ ဖန်တီးထားတဲ့ အရာတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ အလွယ်တကူ ပြန်လည်ကူးယူ ဖော်ပြတာမျိုးတွေလည်း များလာပါတယ်။ 

သီချင်းတစ်ပုဒ်ဖြစ်စေ၊ ပုံတစ်ပုံဖြစ်စေ၊ ပစ္စည်းတစ်ခုဖြစ်စေ၊ စာသားတစ်ကြောင်းဖြစ်စေ မူရင်း ဖန်တီးထားတဲ့သူမှာ မူပိုင်ခွင့် (Copyright) ဆိုတာ ရှိပါတယ် ခင်ဗျ။ မိမိအနေနဲ့ အင်တာနက်သုံးရင်း သူတစ်ပါး တီထွင်ဖန်တီးထားတဲ့ အရာတစ်ခုကို တိုက်ရိုက်ဖြစ်စေ၊ မှီငြမ်းတာမျိုး ဖြစ်စေ၊ ဖေ့စ်ဘုတ်မှာ ပြန်လည် မျှဝေတာမျိုးဖြစ်စေ လုပ်မယ်ဆိုရင် ပိုင်ရှင်ထံ ခွင့်ပြုချက်တောင်းတာမျိုး၊ ဘယ်သူရဲ့ တီထွင်မှုဖြစ်တယ် ဆိုတာမျိုး ပြန်လည်ရည်ညွှန်း ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ သူတစ်ပါးရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်ခဲ့မယ်ဆိုရင် ဥပဒေနဲ့ ထိရောက်စွာ အရေးယူလို့ရတဲ့အထိ တင်းတင်းကြပ်ကြပ် လုပ်ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ သူတစ်ပါး တီထွင်ဖန်တီးထားတဲ့ ပုံ၊ စာသား တို့ကို အလွယ်တကူ မျှဝေယူသုံးကြတာများပါတယ်။ အကယ်၍ တောင်သူ ဦးလေး ဒေါ်လေးတို့လည်း အင်တာနက်သုံးရင်း မိမိကြိုက်နှစ်သက်တာမျိုး မျှဝေမယ်ဆိုရင် credit ဆိုတာလေးထည့်ပြီး မူရင်းပိုင်ရှင်ကို ပြန်လည် ရည်ညွှန်း ဖော်ပြတာမျိုး ပြုလုပ်ဖို့ အကြံပြုလိုက်ပါတယ် ခင်ဗျ။ 

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့  ဆောင်းပါးလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

သတင်းအမှားတွင်သုံးလေ့ရှိသော ဓာတ်ပုံများ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်