Search Engine ဆိုတာဘာလဲ?

23/08/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ် ခင်ဗျ။

ယခုတစ်ပတ်မှာတော့ Search Engine ဆိုတာကို တောင်သူဦးလေး ဒေါ်လေးတို့အတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။

Search Engine ဆိုတာကတော့ မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် ရှာဖွေရေးဆိုင်ရာ အင်ဂျင် လို့ဆိုနိုင်ပါတယ်။ အင်တာနက်အသုံးပြုတဲ့အခါမှာ မိမိရှာဖွေလိုတဲ့ အကြောင်းအရာ စကားလုံးများကို Search Engine မှာ ရိုက်ထည့်လိုက်မယ်ဆိုရင် ၎င်းနဲ့ ကိုက်ညီမှုရှိတဲ့ အချက်အလက်များကို ဒေတာဘေ့စ်တစ်ခုမှ ရှာဖွေပြီး ဖော်ထုတ်ပြသပေးတာ ဖြစ်ပါတယ်။ ပိုပြီးနားလည်အောင်ဥပမာပေးရရင် လမ်းညွန်စာအုပ်တစ်အုပ်လိုပါပဲ။ မိမိအနေနဲ့ ဘာပဲလိုလို စာအုပ်လေးလှန်ပြီး သိချင်တာ ရှာဖွေနိုင်တဲ့ သဘောမျိုးပါ။

Search Engine က အကြောင်းအရာတစ်ခုခုကို မိမိရှာချင်တယ်ဆိုရင် သူနဲ့ပတ်သတ်တဲ့ စကားလုံးလေးရိုက်ထည့်ပေးလိုက်တာနဲ့ အလိုအလျောက် ရှာဖွေပေးသွားတဲ့ စနစ်ပါ။ အခုဆိုရင် Voice Search လို့ခေါ်တဲ့ မိမိသိချင်တာကို အသံနဲ့ ရှာဖွေတာမျိုးတွေအထိ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ လူသုံးများတဲ့ Search Engine အချို့ကိုလည်း ဗဟုသုတနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁။ Google (www.google.com)

၂။ Bing (www.bing.com)

၃။ Yahoo (www.yahoo.com)

Search Engine ကို အသုံးပြုပြီး မိမိသိချင်တာတွေရှာဖွေလေ့လာနိုင်ကြပါတယ် ခင်ဗျ။

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

ယူနီကုဒ်(Unicode) ရဲ့ အားသာချက်များ

ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်