သရက်ခြံ ၁၆ ခြံကို GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသွားမည်

03/05/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း၌ ကွင်းဆင်းစစ်ဆေးပြီးသော သရက်ခြံ ၁၆ ခြံကို GAP အသိအမှတ်ပြု လတ်မှတ်ထုတ်ပေးသွာမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန (မန္တလေး) မှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်လွင်လွင်ထွန်းက ပြောကြားသည်။

 

အဆိုပါသီးနှံများ စျေးကွက်အတွင်းသို့ အရည်အသွေးပြည့်မီစွာ ရောင်းချနိုင်ရေးနှင့် ပြည်ပနိုင်ငံများသို့ စံချိန်စံညွှန်းမ တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့် (GAP) လက်မှတ်ထုတ်ပေးနိုင်ရန်အတွက် ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ယခုနှစ်အတွင်း ကော်ဖီခြံ ၁၅ ခြံ၊ စတော်ဘယ်ရီခြံ ၈ ခြံ တို့ကို GAP လက်မှတ်ထုတ်ပေးခဲ့ပြီး ဆက်လက်ထုတ်ပေးရန် သရက်ခြံ ၁၆ ခြံ ကိုလည်း ကွင်းဆင်းစစ်ဆေးကာ လက်မှတ်များထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုးသီးနှံတွေကို ထုတ်လုပ်နေတဲ့ တောင်သူတွေကို GAP လက်မှတ်ပေးဖို့ သီးနှံ ၁၅ မျိုး သတ်မှတ်ထားပေမယ့် အဲဒါတွေအပြင် ကျန်တဲ့ သီးနှံတွေကိုပါ ပေးသွားမှာပါ။ လက်ရှိ GAP လက်မှတ်ထုတ်ပေးပြီးသား သီးနှံတွေကတော့ သရက်၊ ကော်ဖီ၊ နှမ်း၊ ပဲတီစိမ်း၊ စတဲ့ သီးနှံတွေဖြစ်ပါတယ်။ ဒီနှစ်ထဲမှာလည်း လာရောက်လျှောက်ထားတဲ့အတွက် ကော်ဖီ၊ စတော်ဘယ်ရီနဲ့ သရက်တွေကို ထပ်မံပေးသွားမှာပါ။ နောက်ထပ်ပေးဖို့ ရည်ရွယ်ထားတာကတော့ ခါကြက်ဥ သီးနှံကိုလည်း GAP လက်မှတ်ပေးသွားဖို့အတွက် စီစဉ်ဆောင်ရွက်မှုတွေရှိနေပါတယ်။ ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

၂၀၁၈ ခုနှစ်တွင် တိုင်းဒေသကြီးအတွင်း GAP အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခဲ့မှုအနေဖြင့် မြို့နယ် ၁၁ မြို့နယ်တွင် သရက်ခြံ ၁၅ ခြံ၊ မြို့နယ်တစ်မြို့နယ်တွင် ကော်ဖီခြံခြောက်ခြံ၊ မြို့လေးမြို့နယ်တွင် နှမ်းအတွက် ၂၁ ဦးနှင့် မြို့နယ်နှစ်မြို့နယ်တွင် ပဲတီစိမ်းအတွက် သုံးဦး စသည်တို့ကို GAP လက်မှတ်များ အသီးသီး ထုတ်ပေးထားကြောင်း သိရသည်။

 

 

 

အောင်ဖြိုးကျော် (ကြေးမုံ သတင်းစာ)

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်