ကုမ္ပဏီတစ်ခုက မကွေးမြို့နယ်ရှိ နှမ်းစိုက်တောင်သူများထံမှ နှမ်းတန်ချိန် ၅၀၀ ဝယ်ယူမည်

10/08/2018 13:31 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နှမ်းကုန်ချောများ ထုတ် လုပ်ပြီး ပြည်ပသို့တင်ပို့နေသော ကုမ္ပဏီက မကွေးမြို့နယ် နှမ်းစိုက်တောင်သူများ ဖွံ့ဖြိုးတိုးတက်ရေး  အသင်းရှိ တောင်သူများထံမှ နှမ်းတန်ချိန် ၅၀၀ ဝယ်ယူရန် သဘောတူလက်မှတ်ထိုးခဲ့ကြောင်း အဆိုပါအသင်းအမှုဆောင်ဦးကျော်ဦး ကပြောသည်။

နှမ်းဝယ်ယူမည့် IBM (Inter-national Best Manufacturing Company) ဒါရိုက်တာ၊ တိုင်းစိုက်ပျိုးရေးဦးစီးမှူးနှင့် နှမ်းစိုက်တောင်သူများ ဖွံ့ဖြိုးတိုးတက်ရေး အသင်း Sesame Farmer Development Association (SFDA) တာဝန်ရှိသူတို့သည် သြဂုတ် ၈ ရက်က မကွေးတိုင်း လယ်ယာစိုက်ပျိုးရေးဦးစီး ဌာနရုံး ခန်းမတွင် နှမ်းသီးနှံဝယ်ယူခြင်း ဆိုင်ရာ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်