ပြောင်းဆံအပြင် စွန့်ပစ်ပစ္စည်းပြောင်းဖူးရိုးများကိုပါဝယ်ယူမည့် ဈေးကွက်သစ်ဖြစ်ပေါ်နေ

17/06/2021 11:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ယခုနှစ် ပြောင်းဖူးရာသီချိန်တွင် ပြောင်းစိုက်တောင်သူများထံမှ စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်း ပြောင်းဆံများအပြင် စွန့်ပစ်ပစ္စည်းဖြစ်သည့် ပြောင်းဖူးရိုးများကိုပါဝယ်ယူမည့် ဈေးကွက်သစ်တစ်ခု ဖြစ်ပေါ်နေကြောင်း မြန်မာ့ပြောင်းဈေးကွက်အတွင်းမှ သိရသည်။ 

ပြောင်းစိုက်တောင်သူဖြစ်ဖြစ် ပြောင်းကုန်သည်ဖြစ်ဖြစ် ဘယ်သူလာရောင်းရောင်း၊ မြဝတီမှာ ကျွန်မတို့အနေနဲ့ အထိုင်ချပြီးတော့ ဝယ်ယူပေးနေပါတယ်။ နှစ်စဉ်နှစ်တိုင်း ပြည်တွင်းက ပြောင်းဆံတွေ ဝယ်ယူပြီး ထိုင်းနိုင်ငံကို တရားဝင် ပြန်လည်တင်ပို့ရောင်းချနေတာပါ။ ကျွန်မတို့ဆီက ဝယ်ယူတဲ့ပြောင်းဆံကို ထိုင်းနိုင်ငံက ဝယ်ယူပြီး ကုန်ချောတွေလုပ်တယ်။ ပြောင်းဆံအပြင် ပြောင်းဖူးရိုးတွေကိုတော့ ဈေးကွက်ဝယ်လက်ရှိလာလို့ ဒီနှစ်မှာမှစပြီး ဝယ်ယူတာပါ။ အရင်နှစ်တွေကတော့ မဝယ်ဖူးသေးပါဘူး။

ဟု Myo Akaye(မြဝတီ-မဲဆောက်) ပြောင်းမျိုးစေ့၊ မြေဩဇာနှင့် သီးနှံစုံရောင်းဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်မျိုးသီတာက ပြောသည်။ 

    ထိုင်းနိုင်ငံမှ ဝယ်ယူမည့် ပြောင်းဖူးရိုးပေါက်ဈေးနှုန်းများကို အကြမ်းဖျဉ်းအားဖြင့် တွက်ချက်ထားပြီး၊ ကုန်ပစ္စည်းများလက်ဝယ်ရရှိပါက ဈေးနှုန်းထပ်မံညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိပေးနေတဲ့ ဈေးတစ်ခုတော့ ရှိတယ်။ ပြောင်းဖူးရိုးက စွန့်ပစ်ပစ္စည်းလည်း ဖြစ်တဲ့အတွက် သူတို့ပေးတဲ့ဈေးကလည်း မနည်းပါဘူး။ ပြောင်းဖူးရိုးတွေက ဒီအတိုင်းလေလွင့်သွားမယ့်အစား တောင်သူဦးကြီးတွေအတွက် အပိုဝင်ငွေလေး ရစေနိုင်တယ်။ လောလောဆယ်ကျွန်မတို့ဆီမှာ ပစ္စည်းလက်ထဲမရှိသေးတာကြောင့် သူတို့ဘက်ကပေးတဲ့ ဒီဈေးနှုန်းအတိုင်းကို ကျွန်မတို့ဘက်က ဈေးထပ်မညှိသေးတာပါ။ ဒီပြောင်းဖူးရိုးတွေကိုတော့ အစာတောင့်စက်ရုံဘက်က လာကမ်းလှမ်းထားတာပါ။ ပြောင်းစိုက်သက်တမ်း လေးလကျော်ကြာလို့ ပြောင်းဆံထွက်လာတော့မှ ပြောင်းဆံအပြင် ပြောင်းဖူးရိုးတွေကိုပါ တစ်ပါတည်းဝယ်ယူပေးမှာပါ။

ဟု ဒေါ်မျိုးသီတာက ဆက်လက်ပြောသည်။ 

    အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံသည် ပြောင်းတင်ပို့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ပြည်တွင်းအစေ့ထုတ်ပြောင်းသုံးစွဲမှုမှာ အစာစပ်စက်ရုံများ၊ အရက်ချက်စက်ရုံများနှင့် အခြားလုပ်ငန်းများအပါအဝင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က မက်ထရစ်တန်ချိန် (၁၂)သိန်းဝန်းကျင်သာ အသုံးပြုမှုရှိကြောင်း သိရသည်။ 

    သို့ဖြစ်၍ ပိုလျှံနေသော ပြောင်းဆံများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ လာအိုနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ ဈေးကွက်ဝယ်လိုအားနှင့် လမ်းပန်းဆက်သွယ်ရေး အနေအထားများအပေါ် မူတည်၍ တင်ပို့ရောင်းချနေကြောင်း ပြောင်းဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်