ဆန်စပါးကုန်စည်ဒိုင်များကို ဧပြီ ၂၇ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်

27/04/2020 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆန်စပါးကုန်စည်ဒိုင်များကို ၂၀၂၀ ခုနှစ် ဧပြီလ (၂၇) ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက မနေ့က ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့စားနပ်ရိက္ခာမှာ အဓိကပါဝင်တဲ့ ကုန်စည်ဖြစ်တဲ့အပြင် စားနပ်ရိက္ခာဆန်များ ပြတ်လပ်မှုမရှိစေရန်နဲ့ အရေးကြီးတဲ့ကာလဖြစ်တာကြောင့် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ သိရပါတယ်။

ဧပြီလနဲ့ မေလများမှာလည်း တောင်သူလယ်သမားများ နွေစပါးရိတ်သိမ်းချိန်ကာလဖြစ်တာကြောင့် နွေစပါးဈေးနှုန်းများ ကျဆင်းပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးအတွက်လည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဆန်စပါးကုန်စည်ဒိုင်များကို ဧပြီလ(၉)ရက်နေ့မှ ၂၀ ရက်နေ့ထိ နှစ်သစ်ကူးကာလကုန်စည်ဒိုင်ပိတ်ရက်များအပြင် ရက်တိုးထပ်မံပိတ်ထားမှုများရှိခဲ့ပြီး (၂၇)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း ဧပြီလ(၂၃)ရက်မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်