အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဗုံးဆန်၊ အမြောက်ဆန်တွေကြား တောရိုင်းတိရစ္ဆာန်တွေကို ကယ်ထုတ်နေတဲ့ ယူကရိန်းအမျိုးသမီး

ဗုံးဆန်၊ အမြောက်ဆန်တွေကြား တောရိုင်းတိရစ္ဆာန်တွေကို ကယ်ထုတ်နေတဲ့ ယူကရိန်းအမျိုးသမီး

အခုတော့ အဲလက်စ်ဟာ ဝိတ်နည်းနည်း ပြန်တက်လာပြီး လမ်းလျှောက်စပြုနေပါပြီ။ ဇန်နဝါရီလအတွင်း နာတာလီယာပိုပိုဗာတို့ ဂေဟာကို စရောက်စဉ်က သူ့ခန္ဓာတစ်ပြင်လုံးမှာ ပြည့်နှက်နေတဲ့ သွေးတစိုစို အရှိုးရာတွေလည်း ခုတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ အစာအိမ်ဝေဒနာတော့ ကျန်နေသေးပြီး သူဟိန်းတဲ့အတဲ့အသံဟာ ဆေးလိပ်သမားတစ်ယောက် ချောင်းဆိုးသလို ဖြစ်နေပါတယ်။ ဒါပေမယ့် သူ အသက်တော့ ရှင်မှာပါ။ နောက်ပြီး အဲလက်စ်အတွက် အိမ်ရာသစ်တစ်ခု လိုအပ်နေပါတယ်။ ယူကရိန်းမြို့တော် ကီးယက်မြို့စွန်က တဲငယ်လေးတစ်လုံးဟာ အဲလက်စ်လို ကျားဖြူတစ်ကောင်နေထိုင်ဖို့ သင့်တော်တဲ့နေရာ မဟုတ်ပါဘူး။

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ အရင်နှစ်တုန်းက ရုရှားလက်ကနေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ ဗော့ချန်မြို့အနီး အဲလက်စ်ကို တွေ့ရှိခဲ့ကြတာပါ။ သူတို့တွေ့တဲ့အချိန် အဲလက်စ်ဟာ လှောင်အိမ်ကျဉ်းကျဉ်းကျုတ်ကျုတ်ထဲမှာ ပိတ်မိနေပြီး အစာရေစာငတ်ပြတ်နေပါတယ်။ ကျားကြီးကို တွေ့တာနဲ့ သူတို့က မစ္စပိုပိုဗာဆီ လှမ်းဆက်သွယ်ပါတယ်။ မစ္စပိုပိုဗာက မိုင် ၃၇၀ ခရီးကို သူ့ဗန်ကားနဲ့ မောင်းနှင်လာပြီး အဲလက်စ်ကို သူ့မတို့ ဂေဟာဆီ ခေါင်ဆောင်လာခဲ့ပါတော့တယ်။

ရုရှားကျူးကျော်စစ် ဝင်လာပြီးနောက်ပိုင်း မြင်းစီးကလပ်ပိုင်ရှင်ဟောင်း မစ္စပိုပိုဗာ ကယ်တင်ခဲ့တဲ့ တောရိုင်းတိရစ္ဆာန် အကောင် ၆၀၀ ထက်မနည်း ရှိနေပါပြီ။ အများစုကတော့ ရှေ့တန်းစစ်မြေပြင်အနီးက အိမ်တွေ/ပုဂ္ဂလိကတိရစ္ဆာန်ရုံတွေမှာ မွေးမြူလာခဲ့တဲ့အကောင်တွေ ဖြစ်ပြီး စစ်ဖြစ်တဲ့အခါ စွန့်ပစ်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။

ယူကရိန်းစစ်သားတွေက မစ္စပိုပိုဗာကို ဝန်းရုံစောင့်ရှောက်ပေးလေ့ရှိပြီး တစ်ခါတလေ ကျည်ဆန်အမြောက်ဆန်ကြားကနေ တိရစ္ဆာန်တွေကို ကယ်ထုတ်ကာ သူမဗန်ကားပေါ် ဝိုင်းတင်ပေးတတ်ကြပါတယ်။ တလောတုန်းကလည်း ဘက်ခမတ်မြို့မှာ ဝက်ဝံတစ်ကောင်ကို မေ့ဆေးပေးပြီး ကယ်ထုတ်ဖို့ သူမ ကြိုးစားနေစဉ် ရုရှားဘက်က ဗုံးမိုးတွေ ရွာချတာကြောင့် စစ်သားတွေက သူမကို နောက်ပြန်ဆုတ်ဖို့ အမိန့်ပေးခဲ့ကြတယ်။ သူမက မနာခံဘဲ ငြင်းဆန်ခဲ့တယ်။ ခဏနေတော့ ဗုံးသီးတစ်လုံး သူမနဲ့ မလှမ်းမကမ်းနေရာကို ကျရောက်လာတယ်။

အဲဒီအချိန်မှာ “သေရင်လည်းအတူပေါ့” ဆိုပြီး ဝက်ဝံနဲ့ စကားပြောနေခဲ့တာကို သူမ မှတ်မှတ်ရရ ပြန်ပြောပြပါတယ်။ ကံကောင်းချင်တော့ ဗုံးသီးက မပေါက်ကွဲခဲ့ပါဘူး။ “အဲဒီနောက်ပိုင်း စစ်သားတွေက ကျွန်မကို အရူးလို့ ခေါ်ကြတယ်” ဆိုပြီး သူမက ရယ်မောရင်း ပြောပြနေပါတယ်။

သူမ ကယ်တင်ခဲ့တဲ့ တိရစ္ဆာန်တချို့ကို ကီးယက်တိရစ္ဆာန်ရုံမှာ ထားရပါတယ်။ အဲဒီမှာကလည်း သူ့ပြဿနာနဲ့သူပါ။ လျှပ်စစ်မီးပြတ်တောက်ချိန်တွေဆိုရင် တိရစ္ဆာန်အများစု မှောင်မှောင်မည်းမည်းထဲမှာ နေကြရပါတယ်။ ဆင်ကြီးတွေထဲက တစ်ကောင်ကတော့ ရုရှားဘက်က ဒုံးကျည်တွေ ပစ်ခတ်ချိန်မှာ ဘယ်လိုကာဗာယူရမလဲဆိုတာ သိနေပြီလို့ ရုံမှူးက ပြောပါတယ်။ တခြားအကောင်တွေကတော့ ဆောက်တည်ရာမရ ကြောက်လန့်ကြဆဲပါပဲ။ တိရစ္ဆာန်ရုံမှာ အပူပေးစနစ်ပြတ်တောက်သွားရင် အသုံးပြုနိုင်အောင် ထင်းတွေကို စုဆောင်းထားတယ်လို့လည်း သိရတယ်။

တိရစ္ဆာန်ရုံမှာ နေရာလွတ်က နည်းနည်းလာသလို မစ္စပိုပိုဗာဂေဟာရဲ့ အခြေအနေကလည်း ပိုပြီးတောင် ဆိုးနေတာကြောင့် အစောက်အရှောက်ခံတိရစ္ဆာန်အများစုကို အခြားနိုင်ငံတွေဘက် ရွှေ့ပြောင်းရပါတယ်။ ပထမနေရာက ပိုလန်နိုင်ငံအနောက်ပိုင်း တိရစ္ဆာန်ရုံတစ်ခုပါ။ အဲဒီမှာ တိရစ္ဆာန်တွေကို အကောင်းပကတိပြန်ဖြစ်အောင် ထူ‌ထောင်မှုပြုပြီး ဥရောပတိုက်ထဲက တခြားတိရစ္ဆာန်ရုံတွေဆီ လွှဲပြောင်းပေးပို့ရပါတယ်။

ဗုံးဆန်ကျည်ဆန်ရန် ကြောက်ရတာအပြင် မစ္စပိုပိုဗာနဲ့ သူမတွဲဖက် UA Animals အဖွဲ့တို့ဟာ ယူကရိန်းဗျူရိုကရေစီယန္တရားနဲ့လည်း ရင်ဆိုင်ရပါသေးတယ်။ တိရစ္ဆာန်တွေကို ပြည်ပပို့နိုင်ဖို့အရေး ရုံးပိုင်းဆိုင်ရာစာရွက်စာတမ်းတွေ ပြင်ဆင်ရတာဟာ လနဲ့ချီ ကြာမြင့်ပါတယ်။ မစ္စပိုပိုဗာက သူမဆီမှာ ဘယ်လိုမှမရှိနိုင်တဲ့ တိရစ္ဆာန်ဆိုင်ရာအချက်အလက်တွေကို ရုံးအရာရှိတွေက တောင်းခံတဲ့အပေါ် မကျေနပ်လှပါဘူး။

“ကျွန်မကယ်တင်လိုက်တဲ့ တိရစ္ဆာန်တွေဟာ ဘယ်ကလာသလဲ သိဖို့နေနေသာသာ ဘယ်သူ ပိုင်သလဲဆိုတာတောင် မသိပါဘူး” လို့ သူမ ပြောပါတယ်။

ဒီလိုမျိုးနှောင့်နှေးကြန့်ကြာမှုတွေက တိရစ္ဆာန်တွေရဲ့ ဒုက္ခကို ပိုများစေပါတယ်။ “သူတို့ကို ဥရောပနိုင်ငံတွေဆီ တတ်နိုင်သမျှ မြန်မြန်ပို့ဆောင်ဖို့ လိုတယ်။ ဒီမှာက ဘယ်လိုမှ မဖြစ်တော့ဘူး” လို့ သူမ ပြောတယ်။

လျှပ်စစ်မီး ပြတ်တဲ့အချိန်ဆိုရင် မီးစက်ကို အသုံးပြုပြီး သူမ စောင့်ရှောက်ထားတဲ့ ကျားတွေအတွက် အပူဓာတ်လွှတ်ပေးရပါတယ်။ ကီးယက်မြို့အနီးတဝိုက်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်တဲ့အချိန်ဆိုရင် သူတို့ကို စိတ်ငြိမ်ဆေး ကျွေးထားရပါတယ်။

မစ္စပိုပိုဗာဟာ တလောတုန်းကတော့ ရုရှားသိမ်းပိုက်ထားတဲ့ ဒွန်းနက်နက်မြို့စွန်ကနေ ကယ်ထုတ်လာခဲ့တဲ့ ခြင်္သေ့တစ်ကောင်အတွက် နိုင်ငံကူးလက်မှတ် ရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီခြင်္သေ့မဟာ မျိုးလွယ်ထားရတာဖြစ်ပြီး ပြည်ပကို လွှဲပြောင်းမယ့်ရက်မတိုင်ခင် အရင်နေ့မှာ ကျန်းမာသန်စွမ်းတဲ့ ခြင်္သေ့ကလေးသုံးကောင် မီးဖွားသွားခဲ့ပါသေးတယ်။ ■

ဝေယံဟိန်း (B.Ag)

Ref: Meet the woman who is saving Ukraine’s wild animals - The Economist

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
စိုင်းဇင်မင်း

စိုင်းဇင်မင်း

လွန်ခဲ့သော ၃ နှစ် က

grate humanity

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ

ဦးမောင်ကျော် • ဖြေကြားချက် 1 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ

ဟံ • ဖြေကြားချက် 1 ခု

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 3 ခု

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

wai wai oo • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။