ကမ္ဘာ့ဘဏ် အထောက်အပံ့ကြောင့် ထိခိုက်မယ့် အန္တရာယ် သတိပေး

20/03/2017 17:01 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသမှာ ကမ္ဘာ့ဘဏ်က ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့် မြေယာ သိမ်းဆည်းမှု၊ အတင်းအဓမ္မပြောင်းရွှေ့ခံရမှု၊ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ နိုင်ငံတကာ အဖွဲ့တခုက သတိပေးလိုက်ပါတယ်။

ကမ္ဘာ့ဘဏ်က တဆင့်ခံ ထောက်ပံ့ထားတဲ့ လုပ်ငန်းတွေကြောင့် ဆင်းရဲ မွဲတေမှု၊ လူမှုရေး မတည်မငြိမ်မှု၊ ရာသီဥတုဖောက်ပြန်မှုတွေကို အားပေးရာ ရောက်တယ်လို့လည်း Inclusive Development International ရဲ့ အစီရင်ခံစာသစ်က ထောက်ပြခဲ့တာပါ။ မြန်မာနိုင်ငံ တနင်္သာရီတိုင်း အတွင်းက ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းဟာ ဆိုရင်လည်း ကမ္ဘာ့ဘဏ် လက်အောက်ခံ နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း (IFC) အဖွဲ့က တဆင့်ခံ ထောက်ပံ့ထားတဲ့အကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

IFC က ဒေါ်လာ ၄၈၆ သန်း ထောက်ပံ့ထားတဲ့ ပုဂ္ဂလိက ဘဏ်လုပ်ငန်း ၂ ခုဟာ ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းမှာ အဓိက ရင်းနှီးမြှုပ်နှံထားတဲ့ Energy Earth ထိုင်းကုမ္ပဏီရဲ့ အစု ရှယ်ယာတွေကို ပိုင်ဆိုင်ထားပြီး၊ စီမံကိန်းက အကျိုးအမြတ် ၇၀ ရာခိုင်နှုန်းကို ကုမ္ပဏီက ရရှိမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့လည်း ဘန်ချောင်းကျောက်မီးသွေး စီမံကိန်းကြောင့် ကျေးရွာပေါင်း ၂၃ ရွာက လူပေါင်း တသောင်း ၆ ထောင်လောက် ထိခိုက် နိုင်သလို၊ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ကြုံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ် (Green Way Mobile-App)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်