ဂျပန်နိုင်ငံက ကမ္ဘာ့ဈေးအကြီးဆုံး ဖရဲနက် (သို့) ဒန်ဆူခဲ

23/06/2022 11:21 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

 

ဖရဲသီးကို အရောင်ဘယ်နှစ်မျိုးရှိတယ်ထင်ပါလဲ။ အတွင်းသားနီနီနဲ့ ပန်းရောင်မကျတကျ ရှိပြီး အစေ့မဲမဲတွေက ကျွန်မတို့နဲ့ အကျွမ်းဝင်ရှိပြီးသားဖြစ်မှာပါနော်။ တစ်ခါတစ်လေမှာ အဝါသီးတွေကိုလည်း တွေ့ဖူးမှာပါ။ 

ဒီအရောင်တွေပဲရှိတယ်လို ထင်ပါသလား။ မဟုတ်ပါဘူး။ ဖရဲသီးက အဖြူရောင်၊ ပန်းရောင်၊ အစိမ်းရောင်၊ ခရမ်းရောင် လိမ္မော်ရောင်နဲ့ အစေ့ပါတာ၊ မပါတာဆိုပြီး အရောင်သွေးစုံစုံလင်လင်နဲ့ကို ရှိပါတယ်။ 

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပြန်ဘူး။ အနက်ရောင်ဆိုတာလည်း ရှိပါသေးတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ အနက်ရောင်ဖရဲသီးကိုတော့ ဒန်ဆူခဲလို့ခေါ်ပါတယ်။ ဒန်ဆူခဲဟာဆိုရင် အလေးချိန် ၈ ပေါင်လောက်ထိရှိပါတယ်။ ဒါဟာ ဥရောပနဲ့ အမေရိကမှာ ရောင်းချနေတဲ့ ဖရဲသီးအလေးချိန်နဲ့ယှဉ်ရင် သေးတယ်ဆိုနိုင်ပေမယ့် ဈေးကတော့ အလေးချိန်နဲ့ မတန်အောင်ပါပဲ။

ဒါဟာအလွန်ရှားပါးတဲ့ အသီးဖြစ်သလို  တစ်နှစ်ကို အလုံး၁၀၀ လောက်သာ ထွက်ပါတယ်။ ဒန်ဆူခဲ (အမဲရောင်ဖရဲသီး) ကို မတ်လမှာ စိုက်ပျိုးကြပြီး မေလမှာ ခူးဆွတ်ကြပါတယ်။

ဒန်ဆူခဲကို  ဟော့ကိုင်းဒိုးပြည်နယ် မြောက်ဖက်မှာပဲစိုက်ပျိုးကြပါတယ်။ အနံ့ကတော့ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိပေမယ့် အရသာကတော့ လုံးဝကိုခြားနားပြီး အလွန်ချိုပါတယ်တဲ့။ 

ဒါဟာ တစ်ကမ္ဘာလုံးမှာဈေးအကြီးဆုံး ဖရဲသီးလည်း ဖြစ်နိုင်ပါတယ်။

ဈေးကတော့ အမေရိကန်ဒေါ်လာ ၂၅၀ ကနေ ၆၀၀၀ လောက်ထိရှိပါတယ်။ မြန်မာငွေကျပ်နဲ့ဆိုရင်တော့ အခုလောလောဆယ် ၁ ဒေါ်လာကို ၂၀၀၀ ကျပ် ဝန်းကျင်ရှိတာမို မြှောက်သာကြည့်ကြပါတော့........

ဂျပန်နိုင်ငံမှာ ဒန်ဆူခဲ (အမဲရောင်ဖရဲသီး) စိုက်ပျိုးပုံလေးကတော့ ..

၁။ အရင်ဆုံးပုံမှန်အတိုင်း ပျိုးဘောင်ပေါ်မှာ ဖရဲမျိုးစေ့မျိုးတွေကို စိုက်ပျိုးလိုက်ပါတယ်။

၂။ ပြီးရင်တော့ ပျိုးပင်လေးတွေကို အိုးအသေးထဲပြောင်းထည့်လိုက်ပြီး အရေးကြီးဆုံး အဆင့်ကို စလုပ်ပါတယ်။ အဲ့ဒါကတော့ အစုံလိုက်ကွဲထွက်နေတဲ့ ရွက်မွှာ နှစ်ရွက်ကြားထဲကို တခြားရွက်မွှာသေးလေးကို ထိုးထည့်လိုက်ပြီး မျိုးစပ်လိုက်တာပါပဲ။

၃။ ဒီကိုင်းကူးကိုင်းဆက် လုပ်ခဲ့တဲ့ နေရာကနေ အညွှန့်လေးတွေစထွက်လာပါတယ်။

၄။ ဖန်လုံအိမ်အာနိသင်ရှိတဲ့ Farm တစ်ခုကို ပြင်ဆင်ထားရပါမယ်။ ပျိုးပင်လေးတွေကို လဝက်ကြာ ဂရုစိုက်ပြီး လုံလောက်တဲ့ ကြီးထွားမှုမျိုးရပြီဆိုရင်တော့ အမြစ်တွေ အစိုဓာတ်လုံလောက်စေရန် ရေထဲမှာ ပျိုးဗန်းနဲ့အတူနှစ်ပြီး စိုက်ကျင်းထဲကို အာဟာရပါတစ်ခါတည်းပေးပြီး စိုက်ပျိုးကြပါတယ်။ 

၅။ ကောင်းစွာကြီးထွားဖို့ စက္ကူပျော့ဖတ်တွေနဲ့  ပြန်ဖုံးပေးရပါသေးတယ်။ 

၆။ ဒန်ဆူခဲသီးကြီးထွားမှု အဆင့်တိုင်းကို ဂရုစိုက်ဖို့ အတော်လိုအပ်ပါတယ်။

၇။ မလိုအပ်တဲ့ ကိုင်းတွေကို ချိုင်ပေးဖို့ လိုအပ်ပြီးတော့ အသီးသီးချိန်မှာတော့ အကောင်းဆုံး အသီးကိုရွေးပြီး ပလတ်စတစ်ဗန်းကို အောက်က ခံပေးရပါတယ်။

၈။ တခြားအသီးတွေကတော့ အာဟာရယှဉ်ပြိုင်ရတာမျိုးမဖြစ်စေရန် ခူးပေးရပါတယ်။ ပထမဦးဆုံး စသီးချိန်မှာတော့ အသီးတွေက ပုံမှန်အစိမ်းရောင်ပါ။ 

၉။ ခူးချိန်တန်ကာ ရင့်မှည့်သွားရင်တော့ သူတိုရဲ့ မျိုးရိုးဗီဇအရ အမဲရောင်အဖြစ်ကို ပြောင်းသွားပါတယ်။ 

၁၀။ ဒါဆိုရင်တော့ခူးဆွတ်ပြီး ခေတ်မီစက်ကြီးတွေနဲ့ သန့်စင်ပြီးတဲ့အခါ ပြောင်ချောလုံးဝိုင်းနေတဲ့ အမဲရောင်ဖရဲသီး (ဒန်ဆူခဲ) ကို ရပါပြီ။

ဒန်ဆူခဲသီးကို ဂျပန်နိုင်ငံအပြင်ဘက်မှာ ကျယ်ကျယ်ပြန့်ပြန့်မစိုက်ပျိုးကြသေးပေမယ့် အမေရိကနဲ့ ဥရောပမှာတော့ မျိုးစေ့တွေကို တရားဝင်စီးပွားဖြစ်ရရှိနေပြီလို့ ဆိုပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်